ရှရစ်နှင့်ပွဲတွင် ဂိုးကို ခွင့်မပြုခဲ့ပြီးနောက် ပရိသတ်အုပ်စုထဲသို့ ဘောလုံးကို ဒေါသတကြီးကန်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့တုန်းကမန်ချက်စတာယူနိုက်တက်ကရှရစ်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်သူ့ရဲ့ဂိုးကိုခွင့်မပြုခဲ့ပြီးနောက် ပရိသတ်အုပ်စုထဲသို့ဘောလုံးကိုဒေါသတကြီးကန်ခဲ့တာတွေ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာကြားရက်တုန်းကစပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်လူစားဝင်ကစားရန်ငြင်းဆိုခဲ့ပြီးနောက်ပထမအသင်းမှဖယ်ရှားခံခဲ့ရတဲ့အပြင်ချဲလ်ဆီးနှင့်ပွဲလူစာရင်းတွင်လည်းချန်လှပ်ခံခဲ့ရပါတယ်။

သူဟာမနေ့ညတုန်းကရှရစ်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာတော့ယူနိုက်တက်ပွဲထွက်လူစာရင်းတွင်ပြန်လည်ပါဝင်လာခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်ယူနိုက်တက်ဟာဒါလော့ရဲ့ခေါင်းတိုက်ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီးနောက်ခရစ္စတီယာနိုရော်နယ်ဒိုဟာဘရူနိုဖာနန်ဒက်စ်ရဲ့ခေါင်းတိုက်ချပေးမှုကနေ အနီးကပ်မြေမကျကန်ချက်ဖြင့်ယူနိုက်တက်အတွက်ဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ဒိုင်လူကြီးကလူကျွံတယ်ဆိုပြီးဂိုးကိုခွင့်မပြုခဲ့ပါဘူး။ရော်နယ်ဒိုဟာဘောလုံးကိုကောက်ယူပြီးအိုးထရက်ဖို့ဒ်ပွဲကြည့်စင်သို့ကန်ခဲ့ပါတယ်။

ယင်းနောက်မားကပ်စ်ရက်ဖို့ဒ်က၆၅မိနစ်မှာခေါင်းတိုက်ပြီးဒုတိယဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်အတွက်တတိယဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

ရွရစ္ႏွင့္ပြဲတြင္ ဂိုးကို ခြင့္မျပဳခဲ့ၿပီးေနာက္ ပရိသတ္အုပ္စုထဲသို႔ ေဘာလုံးကို ေဒါသတႀကီးကန္ခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔တုန္းကမန္ခ်က္စတာယူႏိုက္တက္ကရွရစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္သူ႔ရဲ႕ဂိုးကိုခြင့္မျပဳခဲ့ၿပီးေနာက္ ပရိသတ္အုပ္စုထဲသို႔ေဘာလုံးကိုေဒါသတႀကီးကန္ခဲ့တာေတြ႕ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၾကားရက္တုန္းကစပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္လူစားဝင္ကစားရန္ျငင္းဆိုခဲ့ၿပီးေနာက္ပထမအသင္းမွဖယ္ရွားခံခဲ့ရတဲ့အျပင္ခ်ဲလ္ဆီးႏွင့္ပြဲလူစာရင္းတြင္လည္းခ်န္လွပ္ခံခဲ့ရပါတယ္။

သူဟာမေန႔ညတုန္းကရွရစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာေတာ့ယူႏိုက္တက္ပြဲထြက္လူစာရင္းတြင္ျပန္လည္ပါဝင္လာခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္ယူႏိုက္တက္ဟာဒါေလာ့ရဲ႕ေခါင္းတိုက္ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေခါင္းတိုက္ခ်ေပးမႈကေန အနီးကပ္ေျမမက်ကန္ခ်က္ျဖင့္ယူႏိုက္တက္အတြက္ဂိုးသြင္းယူခဲ့ပါတယ္။

ဒါေပမဲ့ဒိုင္လူႀကီးကလူကြၽံတယ္ဆိုၿပီးဂိုးကိုခြင့္မျပဳခဲ့ပါဘူး။ေရာ္နယ္ဒိုဟာေဘာလုံးကိုေကာက္ယူၿပီးအိုးထရက္ဖို႔ဒ္ပြဲၾကည့္စင္သို႔ကန္ခဲ့ပါတယ္။

ယင္းေနာက္မားကပ္စ္ရက္ဖို႔ဒ္က၆၅မိနစ္မွာေခါင္းတိုက္ၿပီးဒုတိယဂိုးသြင္းခဲ့ပါတယ္။ယင္းေနာက္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္အတြက္တတိယဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။