ရှရစ်နှင့်ပွဲတွင် အလှပြကစားပြီးနောက် ချက်ချင်း လူစားလဲလှယ်ခြင်းခံခဲ့ရတဲ့ အန်တိုနီ

မန်ချက်စတာယူနိုက်တက်စတားသစ်အန်တိုနီဟာမနေ့ညတုန်းကရှရစ်ကိုအနိုင်ရရှိတဲ့ယူရိုပါလိဂ်ပွဲစဉ်တွင် အလှပြကစားပြပြီးနောက် ပထမပိုင်းအပြီးတွင်ပင်နည်းပြအဲရစ်တန်ဟက်ရဲ့လူစားလဲခြင်းခံခဲ့ရပါတယ်။

အသက်၂၂နှစ်ရှိဘရာဇီးစတားဟာရှရစ်နှင့်ပွဲမတိုင်မီ ချဲလ်ဆီးနှင့်ပွဲစဉ်တုန်းကလည်း သူ့ရဲ့Trademark အလှပြကစားကွက်ဖြစ်တဲ့ Spin Trick ကို ပြုလုပ်ပြခဲ့သူလည်းဖြစ်ပါတယ်။

သူဟာမနေ့ညတုန်းကရှရစ်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်လည်း သူ့အနားတွင်ပြိုင်ဘက်ကစားသမားများမရှိတဲ့အချိန်မှာ Spin Trick ကိုထပ်မံပြုလုပ်ပြသခဲ့ပါတယ်။

သူဟာယင်းသို့အလှပြကစားပြီးနောက် ဘောလုံးပေးပို့ချိန်မှာတော့ နေရာမှားပေးပို့မှုပြုလုပ်ခဲ့ပါတယ်။

အဲရစ်တန်ဟက်ဟာဂိုးမရှိသရေကျနေတဲ့ယင်းအချိန်တွင်မလိုလားအပ်ဘဲအန်တိုနီရဲ့အလှပြကစားမှုအပေါ်အကြီးအကျယ်စိတ်ပျက်နေခဲ့တာလည်းတွေ့ရပါတယ်။

ယင်းနောက်အဲရစ်တန်ဟက်ဟာပထမပိုင်းချိန်မှာတော့အန်တိုနီကိုမားကပ်စ်ရက်ဖို့ဒ်နှင့်လူစားလဲလှယ်မှုပြုလုပ်ခဲ့ပါတယ်။

အန်တိုနီဟာလည်း အထက်ပါအလှပြကစားမှုနှင့်ပတ်သက်ပြီးအပြင်းအထန်ဝေဖန်မှုခံနေရပါတယ်။

ယူနိုက်တက်နှင့်အတူပရီးမီးယားလိဂ်ဖလား၁၁ကြိမ်ဆွတ်ခူးခဲ့တဲ့ပေါလ်စခိုးက “ဒီစကေးပြကွက်ရဲ့ရည်ရွယ်ချက်ကိုမသိဘူး။အဲဒီမတိုင်ခင်မှာလည်း သူဘာမှမလုပ်ပြနိုင်ဘူး။သူ့အနေနဲ့ပိုပြီးတော့ဖျော်ဖြေရေးဆန်တဲ့စကေးကိုပြသသင့်တယ်။ဒါကကျွမ်းကျင်မှုတစ်ခုလား။ဖျော်ဖြေမှုတစ်ခုလားဆိုတာ ကျွန်တော် မသိပါဘူး။သေချာတာကတော့အရည်အရမဖတ်မရ လူရွှင်တော်လို လုပ်နေတာနဲ့တူတာတော့သေချာတယ်”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ ပထမပိုင်းမပြီးမီ ခရစ္စတီယန်အဲရစ်ဆင်ရဲ့ထောင့်ကန်ဘောကနေ ဒါလော့ရဲ့ခေါင်းတိုက်ဂိုးဖြင့်ဦးဆောင်ဂိုးရခဲ့ပါတယ်။ယင်းနောက်ဒုတိယပိုင်းတွင် လူစားဝင်လာတဲ့ရက်ဖို့ဒ်က လုခ်ရှောရဲ့ဖြတ်တင်ဘောကနေဒုတိယအနိုင်ဂိုးနဲ့ တတိယအနိုင်ဂိုးကိုခရစ္စတီယာနိုရော်နယ်ဒိုကသွင်းယူသွားခဲ့ပါတယ်။

ZawGyi

ရွရစ္ႏွင့္ပြဲတြင္ အလွျပကစားၿပီးေနာက္ ခ်က္ခ်င္း လူစားလဲလွယ္ျခင္းခံခဲ့ရတဲ့ အန္တိုနီ

မန္ခ်က္စတာယူႏိုက္တက္စတားသစ္အန္တိုနီဟာမေန႔ညတုန္းကရွရစ္ကိုအႏိုင္ရရွိတဲ့ယူ႐ိုပါလိဂ္ပြဲစဥ္တြင္ အလွျပကစားျပၿပီးေနာက္ ပထမပိုင္းအၿပီးတြင္ပင္နည္းျပအဲရစ္တန္ဟက္ရဲ႕လူစားလဲျခင္းခံခဲ့ရပါတယ္။

အသက္၂၂ႏွစ္ရွိဘရာဇီးစတားဟာရွရစ္ႏွင့္ပြဲမတိုင္မီ ခ်ဲလ္ဆီးႏွင့္ပြဲစဥ္တုန္းကလည္း သူ႔ရဲ႕Trademark အလွျပကစားကြက္ျဖစ္တဲ့ Spin Trick ကို ျပဳလုပ္ျပခဲ့သူလည္းျဖစ္ပါတယ္။

သူဟာမေန႔ညတုန္းကရွရစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္တြင္လည္း သူ႔အနားတြင္ၿပိဳင္ဘက္ကစားသမားမ်ားမရွိတဲ့အခ်ိန္မွာ Spin Trick ကိုထပ္မံျပဳလုပ္ျပသခဲ့ပါတယ္။

သူဟာယင္းသို႔အလွျပကစားၿပီးေနာက္ ေဘာလုံးေပးပို႔ခ်ိန္မွာေတာ့ ေနရာမွားေပးပို႔မႈျပဳလုပ္ခဲ့ပါတယ္။

အဲရစ္တန္ဟက္ဟာဂိုးမရွိသေရက်ေနတဲ့ယင္းအခ်ိန္တြင္မလိုလားအပ္ဘဲအန္တိုနီရဲ႕အလွျပကစားမႈအေပၚအႀကီးအက်ယ္စိတ္ပ်က္ေနခဲ့တာလည္းေတြ႕ရပါတယ္။

ယင္းေနာက္အဲရစ္တန္ဟက္ဟာပထမပိုင္းခ်ိန္မွာေတာ့အန္တိုနီကိုမားကပ္စ္ရက္ဖို႔ဒ္ႏွင့္လူစားလဲလွယ္မႈျပဳလုပ္ခဲ့ပါတယ္။

အန္တိုနီဟာလည္း အထက္ပါအလွျပကစားမႈႏွင့္ပတ္သက္ၿပီးအျပင္းအထန္ေဝဖန္မႈခံေနရပါတယ္။

ယူႏိုက္တက္ႏွင့္အတူပရီးမီးယားလိဂ္ဖလား၁၁ႀကိမ္ဆြတ္ခူးခဲ့တဲ့ေပါလ္စခိုးက “ဒီစေကးျပကြက္ရဲ႕ရည္႐ြယ္ခ်က္ကိုမသိဘူး။အဲဒီမတိုင္ခင္မွာလည္း သူဘာမွမလုပ္ျပႏိုင္ဘူး။သူ႔အေနနဲ႔ပိုၿပီးေတာ့ေဖ်ာ္ေျဖေရးဆန္တဲ့စေကးကိုျပသသင့္တယ္။ဒါကကြၽမ္းက်င္မႈတစ္ခုလား။ေဖ်ာ္ေျဖမႈတစ္ခုလားဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ေသခ်ာတာကေတာ့အရည္အရမဖတ္မရ လူ႐ႊင္ေတာ္လို လုပ္ေနတာနဲ႔တူတာေတာ့ေသခ်ာတယ္”လို႔ ေျပာၾကားသြားပါတယ္။

ယူႏိုက္တက္ဟာ ပထမပိုင္းမၿပီးမီ ခရစၥတီယန္အဲရစ္ဆင္ရဲ႕ေထာင့္ကန္ေဘာကေန ဒါေလာ့ရဲ႕ေခါင္းတိုက္ဂိုးျဖင့္ဦးေဆာင္ဂိုးရခဲ့ပါတယ္။ယင္းေနာက္ဒုတိယပိုင္းတြင္ လူစားဝင္လာတဲ့ရက္ဖို႔ဒ္က လုခ္ေရွာရဲ႕ျဖတ္တင္ေဘာကေနဒုတိယအႏိုင္ဂိုးနဲ႔ တတိယအႏိုင္ဂိုးကိုခရစၥတီယာႏိုေရာ္နယ္ဒိုကသြင္းယူသြားခဲ့ပါတယ္။