
ပီကေးဟာရှာကီရာနှင့်လမ်းခွဲလိုက်ပြီးနောက်နောင်တရရှိကာပြန်လည်ပေါင်းထုပ်နိုင်ရေးအစွမ်းကုန်ကြိုးပမ်းခဲ့ကြောင်းသိရပါတယ်။
ဘာစီလိုနာနောက်ခံလူဟောင်းဟာလမ်းခွဲပြီးတစ်လအကြာမှာပဲကမ္ဘာကျော်ပေါ့ပ်အဆိုတော်ရဲ့အချစ်ကိုပြန်လည်ရရှိရေးကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ကိုလံဘီယာပေါ့ပ်စတားဟာအသက်၂၃နှစ်အရွယ်ကလျာချီယာမာတီနှင့်အချစ်ဘဝသစ်စတင်နေတဲ့ဂါရတ်ပီကေးကိုလက်ခံရန်ငြင်းပယ်ခဲ့ပါတယ်။
ပီကေးနှင့်ရှာကီရာတို့ဟာပြီးခဲ့တဲ့နှစ်ဧပြီလတုန်းကသူ့တို့ရဲ့ဆယ်စုနှစ်တစ်ခုကျော်ကြာအချစ်ဇာတ်လမ်းကိုအဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့တစ်လအကြာမှာပီကေးဟာသူ့အမှားအားလုံးအတွက်တောင်းပန်ပြီးပြန်ပေါင်းထုပ်နိုင်ရန်တောင်းဆိုခဲ့ပါတယ်။
ပီကေးဟာ ဘာစီလိုနာရှိကလပ်တစ်ခုတွင်စားပွဲထိုးလုပ်နေတဲ့အသက်၂၃နှစ်အရွယ်မာတီနှင့်တွေ့ဆုံချစ်ကြိုက်ခဲ့တာဖြစ်ပြီးယခုအခါလူသိရှင်ကြားတွဲနေပြီဖြစ်ပါတယ်။
ရှာကီရာဟာမကြာသေးမီတုန်းကပီကေးရဲ့သစ္စာဖောက်မှုကို တိုက်ခိုက်ထားတဲ့စာသားပါဝင်တဲ့သီချင်းကို YouTube မှထုတ်လွှင့်ခဲ့ပြီးအကြီးအကျယ်အောင်မြင်မှုရရှိနေပါတယ်။
ZawGyi
ရှာကီရာနှင့် လမ်းခွဲပြီး တစ်လအကြာမှာ နောင်တရကာ ပြန်ပေါင်းထုတ်ရန် ကြိုးပမ်းခဲ့တဲ့ ပီကေး