
ဂါရတ်ပီကေးရဲ့ချစ်သူသစ်ဟာရှာကီရာရဲ့သီချင်းစာသားကြောင့်အပြင်သို့ထွက်တိုင်းလှောင်ပြောင်ခြင်းကြုံနေရကြောင်းသိရပါတယ်။
အသက်၂၃နှစ်ရှိ PR ကျောင်းသူကလျာချီယာမာတီဟာလူတိုင်းရဲ့လှောင်ပြောင်မှုခံနေရမှုနှင့်အတူမိဘများရဲ့နေအိမ်သို့သွားရောက်ပုန်းအောင်းနေရပါတယ်။
စပိန်မီဒီယာများရဲ့ဖော်ပြချက်အရကလျာချီယာမာတီဟာအပြင်သို့ထွက်တိုင်းလူတိုင်းကသူမကိုပီကေးရဲ့ချစ်သူအဖြစ်သိရှိနေမှုနဲ့အတူ ရှာကီရာရဲ့သီချင်းစာသားကိုသီဆိုကာလှောင်ပြောင်ခြင်းခံနေရမှုနဲ့အတူအရှက်ရလျက်ရှိကြောင်းသိရပါတယ်။
ပီကေးရဲ့ချစ်သူဟောင်း ကမ္ဘာကျော်ပေါ့ပ်အဆိုတော်ရှာကီရာဟာ Shakira: Bzrp Music Sessions, Vol. 53 သီချင်းတွင်ပီကေးရဲ့နောက်ကွယ်တွင်ဖောက်ပြန်မှုကိုတိုက်ခိုက်ရေးသားထားပါတယ်။
ဒါကြောင့်လည်းကလျာချီယာမာတီဟာအပြင်သို့ထွက်တိုင်း လူတိုင်းကသီချင်းစာသားဖြင့်သူမကိုလှောင်ပြောင်နေမှုကြောင့်မိဘနေအိမ်သို့သွားရောက်ပုန်းအောင်းနေတာ၈ရက်တိုင်ရှိပြီဖြစ်ကြောင်းသိရပါတယ်။
ပီကေးဟာနိုက်ကလပ်တစ်ခုတွင်စားပွဲထိုးအဖြစ်လုပ်လုပ်နေတဲ့ကလျာချီယာမာတီနှင့်ဆုံတွေ့ကာရှာကီရာရဲ့နောက်ကွယ်တွင်ဖောက်ပြနေခဲ့တာဖြစ်ပါတယ်။ရှာကီရာနှင့်ပီကေးတို့ဟာပြီးခဲ့တဲ့နှစ်ဇွန်လတုန်းကတရားဝင်လမ်းခွဲခဲ့ပြီး ပီကေးမှာလည်းကလျာချီယာနှင့်လူသိရှင်ကြားတွဲနေပြီဖြစ်ပါတယ်။
ZawGyi
ရွာကီရာရဲ႕သီခ်င္းေၾကာင့္ အျပင္ထြက္တိုင္း အေလွာင္ခံေနရတဲ့ ပီေကးရဲ႕ခ်စ္သူ
ဂါရတ္ပီေကးရဲ႕ခ်စ္သူသစ္ဟာရွာကီရာရဲ႕သီခ်င္းစာသားေၾကာင့္အျပင္သို႔ထြက္တိုင္းေလွာင္ေျပာင္ျခင္းႀကဳံေနရေၾကာင္းသိရပါတယ္။
အသက္၂၃ႏွစ္ရွိ PR ေက်ာင္းသူကလ်ာခ်ီယာမာတီဟာလူတိုင္းရဲ႕ေလွာင္ေျပာင္မႈခံေနရမႈႏွင့္အတူမိဘမ်ားရဲ႕ေနအိမ္သို႔သြားေရာက္ပုန္းေအာင္းေနရပါတယ္။
စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရကလ်ာခ်ီယာမာတီဟာအျပင္သို႔ထြက္တိုင္းလူတိုင္းကသူမကိုပီေကးရဲ႕ခ်စ္သူအျဖစ္သိရွိေနမႈနဲ႔အတူ ရွာကီရာရဲ႕သီခ်င္းစာသားကိုသီဆိုကာေလွာင္ေျပာင္ျခင္းခံေနရမႈနဲ႔အတူအရွက္ရလ်က္ရွိေၾကာင္းသိရပါတယ္။
ပီေကးရဲ႕ခ်စ္သူေဟာင္း ကမာၻေက်ာ္ေပါ့ပ္အဆိုေတာ္ရွာကီရာဟာ Shakira: Bzrp Music Sessions, Vol. 53 သီခ်င္းတြင္ပီေကးရဲ႕ေနာက္ကြယ္တြင္ေဖာက္ျပန္မႈကိုတိုက္ခိုက္ေရးသားထားပါတယ္။
ဒါေၾကာင့္လည္းကလ်ာခ်ီယာမာတီဟာအျပင္သို႔ထြက္တိုင္း လူတိုင္းကသီခ်င္းစာသားျဖင့္သူမကိုေလွာင္ေျပာင္ေနမႈေၾကာင့္မိဘေနအိမ္သို႔သြားေရာက္ပုန္းေအာင္းေနတာ၈ရက္တိုင္ရွိၿပီျဖစ္ေၾကာင္းသိရပါတယ္။
ပီေကးဟာႏိုက္ကလပ္တစ္ခုတြင္စားပြဲထိုးအျဖစ္လုပ္လုပ္ေနတဲ့ကလ်ာခ်ီယာမာတီႏွင့္ဆုံေတြ႕ကာရွာကီရာရဲ႕ေနာက္ကြယ္တြင္ေဖာက္ျပေနခဲ့တာျဖစ္ပါတယ္။ရွာကီရာႏွင့္ပီေကးတို႔ဟာၿပီးခဲ့တဲ့ႏွစ္ဇြန္လတုန္းကတရားဝင္လမ္းခြဲခဲ့ၿပီး ပီေကးမွာလည္းကလ်ာခ်ီယာႏွင့္လူသိရွင္ၾကားတြဲေနၿပီျဖစ္ပါတယ္။