ရှာကီရီအား ပေါင် ၉.၅ သန်းဖြင့် လိုင်ယွန်သို့ ရောင်းချရန် လီဗာပူးသဘောတူညီမှုရရှိ

လီဗာပူးဟာဇာဒန်ရှာကီရီအားပြင်သစ်ကလပ်လိုင်ယွန်သို့ပြောင်းရွှေ့ကြေးပေါင်၉.၅သန်းဖြင့်ရောင်းချရန်သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါတယ်။

ဆွစ်ဇာလန်လက်ရွေးစင်ကစားသမားဟာပြီးခဲ့တဲ့ရာသီများတွင်လီဗာပူးတွင်အရန်အဖြစ်သာအဓိကကစားနေရသူဖြစ်ပြီး၂၀၁၉-၂၀ရာသီမှစတင်ကာပရီးမီးယားလိဂ်ပွဲ၂၁ပွဲတည်းသာကစားခွင့်ရရှိလာခဲ့ပါတယ်။

ယခုအခါ လီဗာပူးဟာအသင်းတွင်သုံးနှစ်ကြာကစားလာခဲ့တဲ့အသက်၂၉နှစ်ရှိတိုက်စစ်သမားအားပြင်သစ်ကလပ်သို့ရောင်းရန်သဘောတူညီလိုက်ပြီဖြစ်ပါတယ်။

ရှာကီရီဟာ၂၀၁၈ခုနှစ်တွင်စတုတ်စီးတီးမှပေါင်၁၃.၅သန်းဖြင့်ရောက်လာပြီးနောက်လီဗာပူးအတွက်၆၃ပွဲကစားကာ၈ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။

လီဗာပူးနည်းပြကလော့ပ်ဟာရှာကီရီအားရောင်းချနိုင်မှုနဲ့အတူအပြောင်းအရွှေ့ဈေးကွက်မပိတ်မီကစားသမားသစ်ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

လီဗာပူးဟာယခုရာသီတွင်ပရီးမီးယားလိဂ်အဖွင့်ပွဲ၂ပွဲဆက်အနိုင်ရရှိထားပြီးလာမယ့်စနေနေ့မှာအန်ဖီးလ်ကွင်းမှာချဲလ်ဆီးကိုဧည့်ခံကစားရပါမယ်။

ZawGyi

ရွာကီရီအား ေပါင္ ၉.၅ သန္းျဖင့္ လိုင္ယြန္သို႔ ေရာင္းခ်ရန္ လီဗာပူးသေဘာတူညီမႈရရွိ

လီဗာပူးဟာဇာဒန္ရွာကီရီအားျပင္သစ္ကလပ္လိုင္ယြန္သို႔ေျပာင္းေ႐ႊ႕ေၾကးေပါင္၉.၅သန္းျဖင့္ေရာင္းခ်ရန္သေဘာတူညီမႈရရွိခဲ့ေၾကာင္းသိရပါတယ္။

ဆြစ္ဇာလန္လက္ေ႐ြးစင္ကစားသမားဟာၿပီးခဲ့တဲ့ရာသီမ်ားတြင္လီဗာပူးတြင္အရန္အျဖစ္သာအဓိကကစားေနရသူျဖစ္ၿပီး၂၀၁၉-၂၀ရာသီမွစတင္ကာပရီးမီးယားလိဂ္ပြဲ၂၁ပြဲတည္းသာကစားခြင့္ရရွိလာခဲ့ပါတယ္။

ယခုအခါ လီဗာပူးဟာအသင္းတြင္သုံးႏွစ္ၾကာကစားလာခဲ့တဲ့အသက္၂၉ႏွစ္ရွိတိုက္စစ္သမားအားျပင္သစ္ကလပ္သို႔ေရာင္းရန္သေဘာတူညီလိုက္ၿပီျဖစ္ပါတယ္။

ရွာကီရီဟာ၂၀၁၈ခုႏွစ္တြင္စတုတ္စီးတီးမွေပါင္၁၃.၅သန္းျဖင့္ေရာက္လာၿပီးေနာက္လီဗာပူးအတြက္၆၃ပြဲကစားကာ၈ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။

လီဗာပူးနည္းျပကေလာ့ပ္ဟာရွာကီရီအားေရာင္းခ်ႏိုင္မႈနဲ႔အတူအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီကစားသမားသစ္ေခၚယူႏိုင္ေတာ့မွာျဖစ္ပါတယ္။

လီဗာပူးဟာယခုရာသီတြင္ပရီးမီးယားလိဂ္အဖြင့္ပြဲ၂ပြဲဆက္အႏိုင္ရရွိထားၿပီးလာမယ့္စေနေန႔မွာအန္ဖီးလ္ကြင္းမွာခ်ဲလ္ဆီးကိုဧည့္ခံကစားရပါမယ္။