
မာရီယိုဂေါ့ဇီဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်ဂျာမနီလူစာရင်းမှာရွေးချယ်ခံထားရပြီဖြစ်ပါတယ်။
ဖရန့်ဖတ်စတားဟာလွန်ခဲ့တဲ့နှစ်တွေမှာဘောလုံးစာမျက်နှာတွေမှာကွယ်ပျောက်နေခဲ့သူလည်းဖြစ်ပါတယ်။သူဟာ၂၀၁၄ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာအနိုင်ဂိုးသွင်းပြီးဂျာမန်သူရဲကောင်းဖြစ်ခဲ့ပြီးတဲ့နောက် နောက်တစ်ကြိမ်ဂျာမန်သူရဲကောင်းထပ်ဖြစ်ဖို့အားယူနေပြီဖြစ်ပါတယ်။
သူဟာ၂၀၁၄ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းကအာဂျင်တီးနားနှင့်ပွဲရဲ့အချိန်ပိုမှာအနိုင်ဂိုးသွင်းယူပြီးတဲ့နောက် ခမ်းနားတဲ့ကစားသမားဘဝပိုင်ဆိုင်လာတော့မယ်လို့ယူဆခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့သူဟာဘိုင်ယန်မှာရုန်းကန်ခဲ့ရသလို အသင်းဟောင်းဒေါ့မွန်သို့တကျော့ပြန်သွားချိန်မှာလည်း ခက်ခဲတဲ့ဘဝကြုံခဲ့ရပါတယ်။သူဟာဂျာမန်ချန်ပီယံအတွက်၁၁၄ပွဲကစားခဲ့ရာမှာ၃၆ဂိုးသွင်းနိုင်ခဲ့ပါတယ်။
သူဟာ၂၀၁၆ခုနှစ်မှာကလပ်ဟောင်းဒေါ့မွန်သို့ပြန်ခဲ့ပါတယ်။ဒါပေမဲ့သူဟာမိုင်အိုပါသီဝေဒနာခံစားရပါတယ်။ယင်းရောဂါဝေဒနာကြောင့်သူ့ရဲ့ကြွက်သားမျှင်များကောင်းမွန်စွာအားပြည့်လာခြင်းမရှိမှုနှင့်အတူသူဟာ ဒေါ့မွန်မှာကစားတဲ့ပထမနှစ်မှာခြောက်လနားခဲ့ရပါတယ်။
ဒါ့အပြင်သူဟာအခြားဒဏ်ရာပြဿနာများလည်းကြုံရမှုနှင့်အတူ ဝိတ်ကျမှုဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ဂျာမနီအသင်းအတွက်နောက်ဆုံးကစားခဲ့တာကတော့၂၀၁၇ခုနှစ်တုန်းကဖြစ်ပါတယ်။ယင်းနောက်ပိုင်းမှာသူဟာကျန်းမာရေးပြဿနာများကြုံရမှုနှင့်အတူဒေါ့မွန်မှာလည်းအရေးပါတဲ့သူဖြစ်မလာတော့ပါဘူး။
ဒါပေမဲ့သူဟာ၂၀၂၀ခုနှစ်မှာပီအက်စ်ဗွီသို့ပြောင်းရွှေ့ကစားပြီးတဲ့နောက်မှာတော့ အကောင်းဆုံးပုံစံပြန်လည်ရရှိလာခဲ့ပါတော့တယ်။ယင်းတွင်ခြေစွမ်းပြကစားနိုင်မှုနဲ့အတူဂေါ့ဇီဟာနွေရာသီမှာတော့ဖရန့်ဖတ်သို့ပေါင်၂.၅သန်းဖြင့်ပြောင်းခွင့်ရလာခဲ့ပါတယ်။
သူဟာဖရန့်ဖတ်အတွက်ပုံမှန်ပွဲထွက်ကစားခွင့်ရခဲ့ပြီး ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်နိုင်အောင်လည်းကူညီနိုင်ခဲ့ပါတယ်။
အခုအခါမှာတော့သူဟာဒေါ့မွန်ကစားဖော်ဟောင်းမာကိုရူးစ်နှင့်တီမိုဝါနာတို့ ဒဏ်ရာကြောင့်အနားယူနေရမှုရဲ့အကျိုးဆက်ကိုခံစားရကာ ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဂျာမနီအသင်းမှာရွေးချယ်ခံလာရပြီဖြစ်ပါတယ်။
သူဟာ၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်ခဲ့ပေမဲ့လည်းယခုလနှောင်းပိုင်းမှာတော့ကာတာမှာသူ့အစွမ်းကိုပြသခွင့်ရရှိလာပြီဖြစ်ပါတယ်။
ဂျာမနီအတွက်၆၃ပွဲကစားခဲ့တဲ့သူဟာ၂၀၁၄ကမ္ဘာ့ဖလားတုန်းကဂျာမနီအတွက်၆ပွဲကစားခဲ့သူဖြစ်ပြီးဗိုလ်လုပွဲမှာအရန်ခုံမှထလာကာအချိန်ပိုအနိုင်ဂိုးသွင်းခဲ့ပါတယ်။
လာမယ့်ကာတာကမ္ဘာ့ဖလားမှာတော့ဂေါ့ဇီရဲ့မှော်ပဥ္စလက်ကိုမြင်တွေ့လာရမှာလားစောင့်ကြည့်ရပါတော့မယ်။
ZawGyi
ရွားပါးေရာဂါကို တိုက္ပြဲဝင္ၿပီး ဂ်ာမနီရဲ႕ကမာၻ႔ဖလားလူစာရင္းမွာ ပါဝင္လာတဲ့ ဂ်ာမန္သူရဲေကာင္းေဂါ့ဇီ
မာရီယိုေဂါ့ဇီဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ဂ်ာမနီလူစာရင္းမွာေ႐ြးခ်ယ္ခံထားရၿပီျဖစ္ပါတယ္။
ဖရန႔္ဖတ္စတားဟာလြန္ခဲ့တဲ့ႏွစ္ေတြမွာေဘာလုံးစာမ်က္ႏွာေတြမွာကြယ္ေပ်ာက္ေနခဲ့သူလည္းျဖစ္ပါတယ္။သူဟာ၂၀၁၄ကမာၻ႔ဖလားဗိုလ္လုပြဲမွာအႏိုင္ဂိုးသြင္းၿပီးဂ်ာမန္သူရဲေကာင္းျဖစ္ခဲ့ၿပီးတဲ့ေနာက္ ေနာက္တစ္ႀကိမ္ဂ်ာမန္သူရဲေကာင္းထပ္ျဖစ္ဖို႔အားယူေနၿပီျဖစ္ပါတယ္။
သူဟာ၂၀၁၄ကမာၻ႔ဖလားဗိုလ္လုပြဲတုန္းကအာဂ်င္တီးနားႏွင့္ပြဲရဲ႕အခ်ိန္ပိုမွာအႏိုင္ဂိုးသြင္းယူၿပီးတဲ့ေနာက္ ခမ္းနားတဲ့ကစားသမားဘဝပိုင္ဆိုင္လာေတာ့မယ္လို႔ယူဆျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။
ဒါေပမဲ့သူဟာဘိုင္ယန္မွာ႐ုန္းကန္ခဲ့ရသလို အသင္းေဟာင္းေဒါ့မြန္သို႔တေက်ာ့ျပန္သြားခ်ိန္မွာလည္း ခက္ခဲတဲ့ဘဝႀကဳံခဲ့ရပါတယ္။သူဟာဂ်ာမန္ခ်န္ပီယံအတြက္၁၁၄ပြဲကစားခဲ့ရာမွာ၃၆ဂိုးသြင္းႏိုင္ခဲ့ပါတယ္။
သူဟာ၂၀၁၆ခုႏွစ္မွာကလပ္ေဟာင္းေဒါ့မြန္သို႔ျပန္ခဲ့ပါတယ္။ဒါေပမဲ့သူဟာမိုင္အိုပါသီေဝဒနာခံစားရပါတယ္။ယင္းေရာဂါေဝဒနာေၾကာင့္သူ႔ရဲ႕ႂကြက္သားမွ်င္မ်ားေကာင္းမြန္စြာအားျပည့္လာျခင္းမရွိမႈႏွင့္အတူသူဟာ ေဒါ့မြန္မွာကစားတဲ့ပထမႏွစ္မွာေျခာက္လနားခဲ့ရပါတယ္။
ဒါ့အျပင္သူဟာအျခားဒဏ္ရာျပႆနာမ်ားလည္းႀကဳံရမႈႏွင့္အတူ ဝိတ္က်မႈျဖစ္ခဲ့ပါတယ္။
သူ႔ရဲ႕ဂ်ာမနီအသင္းအတြက္ေနာက္ဆုံးကစားခဲ့တာကေတာ့၂၀၁၇ခုႏွစ္တုန္းကျဖစ္ပါတယ္။ယင္းေနာက္ပိုင္းမွာသူဟာက်န္းမာေရးျပႆနာမ်ားႀကဳံရမႈႏွင့္အတူေဒါ့မြန္မွာလည္းအေရးပါတဲ့သူျဖစ္မလာေတာ့ပါဘူး။
ဒါေပမဲ့သူဟာ၂၀၂၀ခုႏွစ္မွာပီအက္စ္ဗြီသို႔ေျပာင္းေ႐ႊ႕ကစားၿပီးတဲ့ေနာက္မွာေတာ့ အေကာင္းဆုံးပုံစံျပန္လည္ရရွိလာခဲ့ပါေတာ့တယ္။ယင္းတြင္ေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူေဂါ့ဇီဟာေႏြရာသီမွာေတာ့ဖရန႔္ဖတ္သို႔ေပါင္၂.၅သန္းျဖင့္ေျပာင္းခြင့္ရလာခဲ့ပါတယ္။
သူဟာဖရန႔္ဖတ္အတြက္ပုံမွန္ပြဲထြက္ကစားခြင့္ရခဲ့ၿပီး ခ်န္ပီယံလိဂ္ ၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ႏိုင္ေအာင္လည္းကူညီႏိုင္ခဲ့ပါတယ္။
အခုအခါမွာေတာ့သူဟာေဒါ့မြန္ကစားေဖာ္ေဟာင္းမာကို႐ူးစ္ႏွင့္တီမိုဝါနာတို႔ ဒဏ္ရာေၾကာင့္အနားယူေနရမႈရဲ႕အက်ိဳးဆက္ကိုခံစားရကာ ဂ်ာမနီအသင္းနဲ႔အတူ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ဂ်ာမနီအသင္းမွာေ႐ြးခ်ယ္ခံလာရၿပီျဖစ္ပါတယ္။
သူဟာ၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ခဲ့ေပမဲ့လည္းယခုလေႏွာင္းပိုင္းမွာေတာ့ကာတာမွာသူ႔အစြမ္းကိုျပသခြင့္ရရွိလာၿပီျဖစ္ပါတယ္။
ဂ်ာမနီအတြက္၆၃ပြဲကစားခဲ့တဲ့သူဟာ၂၀၁၄ကမာၻ႔ဖလားတုန္းကဂ်ာမနီအတြက္၆ပြဲကစားခဲ့သူျဖစ္ၿပီးဗိုလ္လုပြဲမွာအရန္ခုံမွထလာကာအခ်ိန္ပိုအႏိုင္ဂိုးသြင္းခဲ့ပါတယ္။
လာမယ့္ကာတာကမာၻ႔ဖလားမွာေတာ့ေဂါ့ဇီရဲ႕ေမွာ္ပၪၥလက္ကိုျမင္ေတြ႕လာရမွာလားေစာင့္ၾကည့္ရပါေတာ့မယ္။