ရှောဘတ်တိုကားလို့စ်လို့ ခေါ်ဝေါ်ခံနေရတဲ့ လုခ်ရှောနဲ့ပတ်သက်ပြီး ကားလို့စ်ပြောကြားလာ

ဘရာဇီးဂန္ထဝင်ကစားသမားရောဘတ်တိုကားလို့စ်ဟာသူနှင့်နှိုင်းယှဉ်ပြောကြားခြင်းခံနေရတဲ့အင်္ဂလန်နောက်ခံလူလုခ်ရှောမှာကမ္ဘာ့ထိပ်တန်းဘယ်နောက်ခံလူတစ်ဦးဖြစ်လာနိုင်ကြောင်းပြောကြားလိုက်ပါတယ်။

မန်ယူဘယ်နောက်ခံလူလုခ်ရှောဟာအင်္ဂလန်အားဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်အောင်အဓိကနေရာမှကူညီထားနိုင်မှုနဲ့အတူပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းတွင် ရောဘတ်တိုကားလို့စ်နှင့်ခိုင်းနှိုင်းခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ယူကရိန်းအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ၂ကြိမ်ဖန်တီးမှုပြုလုပ်ပြီးနောက်လုခ်ရှောဟာပရိသတ်များနှင့်အင်္ဂလန်ကစားဖော်များရဲ့ရှောဘတ်တိုကားလို့စ်လို့ချစ်စနိုးခေါ်ဝေါ်ခြင်းခံလာခဲ့ရပါတယ်။

ယခုအခါကားလို့စ်က “သူ့စိတ်ဓာတ်ဘယ်လောက်အထိတက်ကြွနေတယ်ဆိုတာခင်ဗျားတို့မြင်နိုင်ပါတယ်။ယူကရိန်းနဲ့ပွဲတုန်းကသူ့ခြေစွမ်းကတော်တော်လေးကိုကောင်းမွန်ခဲ့ပါတယ်။သူကအခြားသူတွေလိုဘဲအင်္ဂလန်ရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။သူကတစ်ပွဲပြီးတစ်ပွဲပိုပြီးတော့ကောင်းနေပါတယ်။သူ့ထိပ်တန်းအဆင့်သို့ရောက်နိုင်တဲ့အရည်အချင်းအားလုံးရှိပါတယ်။သူကအင်္ဂလန်ရဲ့ဘယ်နောက်ခံလူဆိုတော့သူ့အရည်အချင်းဘယ်လောက်ရှိတယ်ဆိုတာမြင်နိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဒါပေမယ့်ကားလို့စ်ကသူနဲ့လုခ်ရှောအားခိုင်းနှုင်းပြောကြားမှုများအပေါ်မှာတော့လက်ခံခြင်းမရှိပါဘူး။

ကားလို့စ်က “နှိုင်းယှဉ်တာကိုမကြိုက်ပါဘူး။ကျွန်တော်တို့ကကွဲပြားတဲ့ခေတ်မှာကစားခဲ့တဲ့သူတွေပါ။ကျွန်တော့်ကာလရှိခဲ့သလိုအခုသူ့ကာလပါ။ကျွန်တော်တို့အကြားတူတာကတော့သန်မာမှုနဲ့အနိုင်လိုစိတ်တို့ဖြစ်ပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ေရွာဘတ္တိုကားလို႔စ္လို႔ ေခၚေဝၚခံေနရတဲ့ လုခ္ေရွာနဲ႔ပတ္သက္ၿပီး ကားလို႔စ္ေျပာၾကားလာ

ဘရာဇီးဂႏၴဝင္ကစားသမားေရာဘတ္တိုကားလို႔စ္ဟာသူႏွင့္ႏႈိင္းယွဥ္ေျပာၾကားျခင္းခံေနရတဲ့အဂၤလန္ေနာက္ခံလူလုခ္ေရွာမွာကမာၻ႔ထိပ္တန္းဘယ္ေနာက္ခံလူတစ္ဦးျဖစ္လာႏိုင္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

မန္ယူဘယ္ေနာက္ခံလူလုခ္ေရွာဟာအဂၤလန္အားဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္ေအာင္အဓိကေနရာမွကူညီထားႏိုင္မႈနဲ႔အတူၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္းတြင္ ေရာဘတ္တိုကားလို႔စ္ႏွင့္ခိုင္းႏႈိင္းျခင္းခံေနရသူလည္းျဖစ္ပါတယ္။

ယူကရိန္းအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာ၂ႀကိမ္ဖန္တီးမႈျပဳလုပ္ၿပီးေနာက္လုခ္ေရွာဟာပရိသတ္မ်ားႏွင့္အဂၤလန္ကစားေဖာ္မ်ားရဲ႕ေရွာဘတ္တိုကားလို႔စ္လို႔ခ်စ္စႏိုးေခၚေဝၚျခင္းခံလာခဲ့ရပါတယ္။

ယခုအခါကားလို႔စ္က “သူ႔စိတ္ဓာတ္ဘယ္ေလာက္အထိတက္ႂကြေနတယ္ဆိုတာခင္ဗ်ားတို႔ျမင္ႏိုင္ပါတယ္။ယူကရိန္းနဲ႔ပြဲတုန္းကသူ႔ေျခစြမ္းကေတာ္ေတာ္ေလးကိုေကာင္းမြန္ခဲ့ပါတယ္။သူကအျခားသူေတြလိုဘဲအဂၤလန္ရဲ႕အေရးပါတဲ့အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။သူကတစ္ပြဲၿပီးတစ္ပြဲပိုၿပီးေတာ့ေကာင္းေနပါတယ္။သူ႔ထိပ္တန္းအဆင့္သို႔ေရာက္ႏိုင္တဲ့အရည္အခ်င္းအားလုံးရွိပါတယ္။သူကအဂၤလန္ရဲ႕ဘယ္ေနာက္ခံလူဆိုေတာ့သူ႔အရည္အခ်င္းဘယ္ေလာက္ရွိတယ္ဆိုတာျမင္ႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါေပမယ့္ကားလို႔စ္ကသူနဲ႔လုခ္ေရွာအားခိုင္းႏႈင္းေျပာၾကားမႈမ်ားအေပၚမွာေတာ့လက္ခံျခင္းမရွိပါဘူး။

ကားလို႔စ္က “ႏႈိင္းယွဥ္တာကိုမႀကိဳက္ပါဘူး။ကြၽန္ေတာ္တို႔ကကြဲျပားတဲ့ေခတ္မွာကစားခဲ့တဲ့သူေတြပါ။ကြၽန္ေတာ့္ကာလရွိခဲ့သလိုအခုသူ႔ကာလပါ။ကြၽန္ေတာ္တို႔အၾကားတူတာကေတာ့သန္မာမႈနဲ႔အႏိုင္လိုစိတ္တို႔ျဖစ္ပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။