ရှော်လ်ကေးအားအနိုင်ရရှိတဲ့ပွဲတွင်ပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့Scissor Kickဂိုးသွင်းခဲ့တဲ့ဟာလန်း

ဒေါ့မွန်တိုက်စစ်မှူးအာလင်းဟာလန်းဟာပျော်ရွှင်မှုအတွက်ဂိုးသွင်းတဲ့အခါ Scissor Kick နဲ့ပါဂိုးသွင်းလာပြီ ဖြစ်ပါတယ်။ဒီလူငယ်တိုက်စစ်မှူးကဘယ်လိုပုံစံမျိုးနဲ့မဆိုဂိုးသွင်းနိုင်စွမ်းရှိတဲ့သူပါ။

အသက်၂၀နှစ်ရှိတိုက်စစ်မှူးဟာယခုရာသီမှာကလပ်နှင့်နိုင်ငံအတွက်ပြိုင်ပွဲအရပ်ရပ်မှာပွဲ၃၀ကစားထားရာမှာ၃၂ ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။ဒေါ့မွန်ဟာပထမပိုင်းမှာတင်ရှော်လ်ကေးကို၂-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။

စနေနေ့ညပွဲစဉ်မှာဂျာဒွန်ဆန်ချိုဟာလည်းဂိုးပေါက်တွေ့ခဲ့ပါတယ်။ဟာလန်းဟာဘယ်ခြမ်းကနေဆန်ချိုဖန်တီး ပေးလိုက်တဲ့ဘောလုံးကို ဘယ်ခြေနဲ့အမြင့်ခုန်ပြီးယုံကြည်မှုအပြည့်နဲ့လှပစွာကန်သွင်းခဲ့တာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာကြားရက်တုန်းကဆီဗီလာကိုအနိုင်ရရှိတဲ့ပွဲတုန်းကယခုရာသီမှာအကောင်းဆုံးဂိုးတွေထဲက တစ်ဂိုးဖြစ်လာမယ့်ဂိုးတစ်ဂိုးကိုလည်းသွင်းယူခဲ့သူဖြစ်ပါတယ်။သူဟာဆီဗီလာကို၃-၂ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ၂ဂိုးသွင်းပြီး၁ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

လက်ရှိခြေစွမ်းအနေအထားအရ ဟာလန်းဟာ၂၀၂၁ခုနှစ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင်စာရင်းမှာပါဝင်လာဖို့သေချာသလောက်အနေအထားမှာရှိနေပြီဖြစ်ပါတယ်။

ZawGyi

ေရွာ္လ္ေကးအားအႏိုင္ရရွိတဲ့ပြဲတြင္ပါးစပ္အေဟာင္းသားျဖစ္သြားေစတဲ့Scissor Kickဂိုးသြင္းခဲ့တဲ့ဟာလန္း

ေဒါ့မြန္တိုက္စစ္မႉးအာလင္းဟာလန္းဟာေပ်ာ္႐ႊင္မႈအတြက္ဂိုးသြင္းတဲ့အခါ Scissor Kick နဲ႔ပါဂိုးသြင္းလာၿပီ ျဖစ္ပါတယ္။ဒီလူငယ္တိုက္စစ္မႉးကဘယ္လိုပုံစံမ်ိဳးနဲ႔မဆိုဂိုးသြင္းႏိုင္စြမ္းရွိတဲ့သူပါ။

အသက္၂၀ႏွစ္ရွိတိုက္စစ္မႉးဟာယခုရာသီမွာကလပ္ႏွင့္ႏိုင္ငံအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာပြဲ၃၀ကစားထားရာမွာ၃၂ ဂိုးအထိသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။ေဒါ့မြန္ဟာပထမပိုင္းမွာတင္ေရွာ္လ္ေကးကို၂-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

စေနေန႔ညပြဲစဥ္မွာဂ်ာဒြန္ဆန္ခ်ိဳဟာလည္းဂိုးေပါက္ေတြ႕ခဲ့ပါတယ္။ဟာလန္းဟာဘယ္ျခမ္းကေနဆန္ခ်ိဳဖန္တီး ေပးလိုက္တဲ့ေဘာလုံးကို ဘယ္ေျခနဲ႔အျမင့္ခုန္ၿပီးယုံၾကည္မႈအျပည့္နဲ႔လွပစြာကန္သြင္းခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာၾကားရက္တုန္းကဆီဗီလာကိုအႏိုင္ရရွိတဲ့ပြဲတုန္းကယခုရာသီမွာအေကာင္းဆုံးဂိုးေတြထဲက တစ္ဂိုးျဖစ္လာမယ့္ဂိုးတစ္ဂိုးကိုလည္းသြင္းယူခဲ့သူျဖစ္ပါတယ္။သူဟာဆီဗီလာကို၃-၂ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာ၂ဂိုးသြင္းၿပီး၁ႀကိမ္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

လက္ရွိေျခစြမ္းအေနအထားအရ ဟာလန္းဟာ၂၀၂၁ခုႏွစ္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ကာတင္စာရင္းမွာပါဝင္လာဖို႔ေသခ်ာသေလာက္အေနအထားမွာရွိေနၿပီျဖစ္ပါတယ္။