လက်ကျန်စာချုပ်ရဲ့ လုပ်ခ ၅၀ ရာခိုင်နှုန်းပေးကာ ကစားသမားတစ်ဦးကို စာချုပ်ဖျက်သိမ်းလိုက်တဲ့ အင်တာ

အင်တာမီလန်ဟာကွင်းလယ်ကစားသမားရက်ဂျာနိုင်ဂိုလွန်အားနှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလိုက်ပါတယ်။ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားဟာ၂၀၁၈ခုနှစ်တုန်းကရိုးမားမှပြောင်းရွှေ့ကြေးယူရို၂၄သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါယ်။

ဒါပေမယ့်သူဟာအင်တာမီလန်တွင်ကစားတဲ့သုံးရာသီအတွင်းမှာ၄၁ပွဲတည်းသာကစားခွင့်ရရှိခဲ့ပြီး၂၀၁၉-၂၀ရာသီမှမှစတင်ကာအသင်းဟောင်းကက်ဂလီယာရီသို့အငှားချခြင်းခံခဲ့ရပါတယ်။

အင်တာမီလန်ဟာနိုင်ဂိုလွန်ရဲ့လက်ကျန်စာချုပ်ရဲ့တန်ဖိုးတစ်ဝက်အားနစ်နာကြေးအဖြစ် ယူရို၂သန်းပေးကာစာချုပ်ကိုဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။နိုင်ဂိုလွန်ဟာအသင်းဟောင်းကက်ဂလီယာရီသို့၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ရန်ဆွေးနွေးနေပါတယ်။

အင်တာမီလန်ဟာပေါ်တူဂီကွင်းလယ်ကစားသမားမာရီယိုကိုလည်းစာချုပ်ဖျက်သိမ်းထားပါတယ်။မာရီယိုဟာဘင်ဖီကာနှင့်ငါးနှစ်စာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။

ZawGyi




