လက်ချောင်းကျွံနေလို့ ချီအဒမ်ရဲ့မန်ယူနှင့်ပွဲစဉ်မှဂိုးကို VAR ခွင့်မပြု
မနေ့ညတုန်းကမန်ယူကဆောက်သမ်တန်ကို၉-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲရဲ့ပွဲချိန်၅၅မိနစ်မှာဆောက်သမ်တန်တိုက်စစ် မှူးချီအဒမ်ရဲ့ဂိုးကို VARက ခွင့်မပြုခဲ့မှုအပေါ်ရုပ်သံမှကြည့်ရှုသူအပေါ်အားလုံးအံ့ဩတုန်လှုပ်ခဲ့ကြရပါတယ်။
အသက်၂၄နှစ်ရှိတိုက်စစ်မှူးဟာဟာဆန်ဟတ်ရဲ့ဆောက်သမ်တန်အတွက်နှစ်သိမ့်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ဒါပေ မယ့်ဒိုင်လူကြီးမိုက်ဒိန်းက VAR ထံမှအကြံဉာဏ်ရယူပြီးနောက်အဒမ်ကိုလူကျွံနေတယ်ဆိုပြီးဂိုးကိုခွင့်မပြုခဲ့ပါဘူး။
တကယ်တော့အဒမ်ဟာလူကျွံနေခဲ့တာမဟုတ်ပါဘူး။လက်ချောင်းကျွံနေခဲ့တာပါ။ယင်းသို့ VAR ရဲ့ဆုံးဖြတ်ခဲ့မှုအ ပေါ်အားလုံးကအံ့ဩနေကြပါတယ်။
မန်ယူဟာပွဲအစ၇၉စက္ကန့်မှာဘဲအဲလက်စ်ဂျန်ကီဝစ်ဇ်အနီကတ်ပြထုတ်ပယ်ခံရလို့ဆောက်သမ်တန်ကိုတစ်ယောက် အသာနဲ့ကစားခဲ့ရပါတယ်။ဆောက်သမ်တန်လူငယ်ကစားသမားဟာဆောက်သမ်တန်အတွက်ပထမဆုံးပွဲထွက်က စားခွင့်ရတဲ့ပွဲမှာစကော့မက်တိုမီနေးကိုကြမ်းတမ်းစွာကစားမှုအတွက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ဒါ့အပြင်ဆောက်သမ်တန်မှဘက်နာရစ်ခ်မှာလည်းပွဲချိန်၈၆မိနစ်တွင်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
ပွဲချိန်၁၈မိနစ်မှာလုခ်ရှောရဲ့ဖြတ်တင်ဘောကနေအေရွန်ဝန်ဘီဆစ်ကာကမန်ယူအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပြီးရပ်ရှ်ဖို့ကဒုတိယဂိုးသွင်းခဲ့ပါတယ်။ပထမပိုင်းမပြီးခင်မှာကာဗာနီကဂိုးသွင်းခဲ့အပြင်ဂျန်ဘက်နာရစ်ခ်က OG သွင်းခဲ့တာ ကြောင့်၄-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာအန်တိုနီမာရှယ်(နှစ်ဂိုး)၊စကော့မက်တိုမီနေး၊ဘရူနိုဖာနန်ဒက်စ်၊ဒန်ဂျိမ်းတို့ကဂိုးများထပ်မံသွင်းယူခဲ့မှုကြောင့်၉-၀ဂိုးဖြင့်မန်ယူတို့အနိုင်ရရှိခဲ့ပါတယ်။
မန်ယူဟာပရီးမီးယားလိဂ်တွင်အကြီးမားဆုံးဂိုးပြတ်နိုင်ပွဲရရှိမှုစံချိန်၊တစ်ပွဲတည်းတွင်တစ်သင်းတည်းမှကွဲပြားတဲ့ ကစားသမား၇ဦးဂိုးသွင်းနိုင်မှုစတဲ့စံချိန်တို့အပြင်တစ်သင်းတည်းကို၁၂ဂိုးသွင်းနိုင်တဲ့အသင်းဖြစ်လည်းမှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။မန်ယူဟာပထမကျော့တုန်းကဆောက်သမ်တန်ကို၃-၂နဲ့အနိုင်ရခဲ့တာပါ။
ZawGyi