လက်စတာကို ဂိုးပြတ်ရှုံးပြီးနောက် ဆိုးဝါးတဲ့ဆုံးဖြတ်ချက်အချို့ချခဲ့ကြောင်း ဆိုးလ်ရှားဝန်ခံ

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကလက်စတာအားဂိုးပြတ်ရှုံးနိမ့်တဲ့ပွဲတွင်ဆိုးရွားတဲ့ဆုံးဖြတ်ချက်အမှားအချို့ချခဲ့ကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။

မန်ယူဟာစနေနေ့တုန်းကကင်းပါဝါကွင်းတွင်လက်စတာကိုလုံးဝမလှန်နိုင်ဘဲ၄-၂ဂိုးဖြင့်လက်မြှောက်အရှုံးပေးခဲ့ရပါတယ်။

အဆိုပါပွဲစဉ်တွင်ဆိုးလ်ရှားဟာဒဏ်ရာကြောင့်ကလပ်နှင့်နိုင်ငံအသင်းပွဲလေးပွဲကို လွဲချော်ခဲ့တဲ့ဟယ်ရီမက်ဂွိုင်းယားကိုပွဲထွက်အသုံးပြုခဲ့ပါတယ်။ဒါပေမယ့်မက်ဂွိုင်းယားဟာအသင်းဟောင်းရဲ့တိုက်စစ်ကိုမထိန်းနိုင်ခဲ့ပါဘူး။

ဆိုးလ်ရှားက “အသင်းကိုကျွန်တော်ရွေးခဲ့တာပါ။ဟယ်ရီကလည်းဘာတုံ့ပြန်မှုမှမပြခဲ့ပါဘူး။အလုပ်မဖြစ်ရင်ကျွန်တော့်အမှားကြောင့်ပါ။တစ်ခါတလေအလုပ်မဖြစ်တာမျိုးဖြစ်တတ်ပါတယ်။လေးဂိုးတောင်ပေးခဲ့ရတယ်ဆိုတော့ ဆုံးဖြတ်ချက်အမှားတစ်ချို့ချခဲ့တာသေချာနေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

မန်ယူဟာယခုကြားရက်အတွင်းမှာအတ္တလန္တာနှင့်အရေးပါတဲ့ချန်ပီယံလိဂ်အုပ်စုပွဲ(အိမ်)ကစားရမှာဖြစ်ပြီးလာမယ့်အောက်တိုဘာလ၂၄ရက်နေ့မှာလီဗာပူး(အိမ်ကွင်း)နှင့်ကစားရပါမယ်။

ZawGyi

လက္စတာကို ဂိုးျပတ္ရႈံးၿပီးေနာက္ ဆိုးဝါးတဲ့ဆုံးျဖတ္ခ်က္အခ်ိဳ႕ခ်ခဲ့ေၾကာင္း ဆိုးလ္ရွားဝန္ခံ

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကလက္စတာအားဂိုးျပတ္ရႈံးနိမ့္တဲ့ပြဲတြင္ဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္အမွားအခ်ိဳ႕ခ်ခဲ့ေၾကာင္းဝန္ခံေျပာၾကားလိုက္ပါတယ္။

မန္ယူဟာစေနေန႔တုန္းကကင္းပါဝါကြင္းတြင္လက္စတာကိုလုံးဝမလွန္ႏိုင္ဘဲ၄-၂ဂိုးျဖင့္လက္ေျမႇာက္အရႈံးေပးခဲ့ရပါတယ္။

အဆိုပါပြဲစဥ္တြင္ဆိုးလ္ရွားဟာဒဏ္ရာေၾကာင့္ကလပ္ႏွင့္ႏိုင္ငံအသင္းပြဲေလးပြဲကို လြဲေခ်ာ္ခဲ့တဲ့ဟယ္ရီမက္ဂြိဳင္းယားကိုပြဲထြက္အသုံးျပဳခဲ့ပါတယ္။ဒါေပမယ့္မက္ဂြိဳင္းယားဟာအသင္းေဟာင္းရဲ႕တိုက္စစ္ကိုမထိန္းႏိုင္ခဲ့ပါဘူး။

ဆိုးလ္ရွားက “အသင္းကိုကြၽန္ေတာ္ေ႐ြးခဲ့တာပါ။ဟယ္ရီကလည္းဘာတုံ႔ျပန္မႈမွမျပခဲ့ပါဘူး။အလုပ္မျဖစ္ရင္ကြၽန္ေတာ့္အမွားေၾကာင့္ပါ။တစ္ခါတေလအလုပ္မျဖစ္တာမ်ိဳးျဖစ္တတ္ပါတယ္။ေလးဂိုးေတာင္ေပးခဲ့ရတယ္ဆိုေတာ့ ဆုံးျဖတ္ခ်က္အမွားတစ္ခ်ိဳ႕ခ်ခဲ့တာေသခ်ာေနပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာယခုၾကားရက္အတြင္းမွာအတၱလႏၲာႏွင့္အေရးပါတဲ့ခ်န္ပီယံလိဂ္အုပ္စုပြဲ(အိမ္)ကစားရမွာျဖစ္ၿပီးလာမယ့္ေအာက္တိုဘာလ၂၄ရက္ေန႔မွာလီဗာပူး(အိမ္ကြင္း)ႏွင့္ကစားရပါမယ္။