လက်စတာကို ရှုံးနိမ့်ပြီးနောက် အထုတ်ခံရမယ့် နည်းပြအဖြစ် ဖရန့်လမ်းပတ် ထိပ်ဆုံးမှ ရေပန်းစားလာ

ဖရန့်လမ်းပတ်ဟာပရီးမီးယားလိဂ်တွင်အထုတ်ခံရမယ့်နည်းပြအဖြစ်ထိပ်ဆုံးမှရေပန်းစားလာကြောင်းသိရပါတယ်။

ချဲလ်ဆီးဂန္ထဝင်ကစားသမားဟာအင်္ဂါနေ့ညတုန်းကလက်စတာကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဖိအားများနှင့်ရင်ဆိုင် လာရပြီးထုတ်ပယ်ခံရရန်၈/၁၁ဖြင့်ရေပန်းစားလာခဲ့တာလည်းဖြစ်ပါတယ်။

လက်စတာဟာချဲလ်ဆီးကိုအနိုင်ရရှိပြီးနောက်ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးသို့တက်လှမ်းလာနိုင်ခဲ့ပါတယ်။ချဲလ်ဆီးကတော့လက်စတာနှင့်ရမှတ်၉မှတ်အထိကွာဟသွားကာအဆင့်၈နေရာသို့ရောက်နေပါတယ်။ချဲလ်ဆီးဟာတစ်ပွဲပိုကစားပြီးချန်ပီယံလိဂ်ဝင်ခွင့်နှင့်ငါးမှတ်ကွာဟနေပါတယ်။

ဖရန့်လမ်းပတ်ဟာယင်းသို့အခြေအနေနှင့်အတူအထုတ်ခံရရန်ထိပ်ဆုံးမှရေပန်းစားလာနေပါတယ်။ချဲလ်ဆီးအသင်းပိုင်ရှင်အေဘရာမိုဗစ်ချ်ဟာဖရန့်လမ်းပတ်ကစားသမားဘဝတုန်းကနည်းပြများစွာထုတ်ပယ်လာခဲ့တဲ့ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဖရန့်လမ်းပတ်ပြီးလျှင်ပရီးမီးယားလိဂ်တွင်အထုတ်ခံရမယ့်နည်းပြအဖြစ်စတိဗ်ဘရုစ်၊ခရစ်ဝိုက်ဒါ၊ရွိုင်းဟော့ဆန်၊နျူနိုအက်စ်ပီရီတိုဆန်တိုတို့ကရေပန်းစားနေပါတယ်။

ZawGyi

လက္စတာကို ရႈံးနိမ့္ၿပီးေနာက္ အထုတ္ခံရမယ့္ နည္းျပအျဖစ္ ဖရန႔္လမ္းပတ္ ထိပ္ဆုံးမွ ေရပန္းစားလာ

ဖရန႔္လမ္းပတ္ဟာပရီးမီးယားလိဂ္တြင္အထုတ္ခံရမယ့္နည္းျပအျဖစ္ထိပ္ဆုံးမွေရပန္းစားလာေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးဂႏၴဝင္ကစားသမားဟာအဂၤါေန႔ညတုန္းကလက္စတာကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဖိအားမ်ားႏွင့္ရင္ဆိုင္ လာရၿပီးထုတ္ပယ္ခံရရန္၈/၁၁ျဖင့္ေရပန္းစားလာခဲ့တာလည္းျဖစ္ပါတယ္။

လက္စတာဟာခ်ဲလ္ဆီးကိုအႏိုင္ရရွိၿပီးေနာက္ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးသို႔တက္လွမ္းလာႏိုင္ခဲ့ပါတယ္။ခ်ဲလ္ဆီးကေတာ့လက္စတာႏွင့္ရမွတ္၉မွတ္အထိကြာဟသြားကာအဆင့္၈ေနရာသို႔ေရာက္ေနပါတယ္။ခ်ဲလ္ဆီးဟာတစ္ပြဲပိုကစားၿပီးခ်န္ပီယံလိဂ္ဝင္ခြင့္ႏွင့္ငါးမွတ္ကြာဟေနပါတယ္။

ဖရန႔္လမ္းပတ္ဟာယင္းသို႔အေျခအေနႏွင့္အတူအထုတ္ခံရရန္ထိပ္ဆုံးမွေရပန္းစားလာေနပါတယ္။ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေအဘရာမိုဗစ္ခ်္ဟာဖရန႔္လမ္းပတ္ကစားသမားဘဝတုန္းကနည္းျပမ်ားစြာထုတ္ပယ္လာခဲ့တဲ့ပိုင္ရွင္တစ္ဦးလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဖရန႔္လမ္းပတ္ၿပီးလွ်င္ပရီးမီးယားလိဂ္တြင္အထုတ္ခံရမယ့္နည္းျပအျဖစ္စတိဗ္ဘ႐ုစ္၊ခရစ္ဝိုက္ဒါ၊႐ြိဳင္းေဟာ့ဆန္၊န်ဴႏိုအက္စ္ပီရီတိုဆန္တိုတို႔ကေရပန္းစားေနပါတယ္။