
အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာဂါဘရီရယ်မာဂယ်ဟက်စ်နှင့်ဝီလီယံဆာလီဘာတို့အကြားပြဿနာတက်ခဲ့မှုနှင့်ပတ်သက်ပြီးဖွင့်ဟပြောကြားမှုပြုလုပ်လာပြီဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ဗဟိုနောက်ခံလူနှစ်ဦးတို့ဟာပြီးခဲ့တဲ့စနေနေ့တုန်းကလက်စတာကို၁-၀ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်တွင် အပြန်အလှန်ဒေါသတကြီးပြောဆိုမှုများဖြစ်ပျက်ခဲ့ပါတယ်။
အဆိုပွဲစဉ်တွင်အာဆင်နယ်ဟာနောက်ဆုံး၇ပွဲတွင်ပထမဆုံးပွဲအဖြစ် ဂိုးမပေးရတဲ့ပွဲပိုင်ဆိုင်ခဲ့ပေမဲ့လည်းပွဲပြီးခါနီးတွင်၎င်းတို့နှစ်ဦးအကြားအပြန်အလှန်ဒေါသတကြီးပြောဆိုမှုများဖြစ်ခဲ့ပြီးဆာလီဘာကဂါဘရီရယ်ကိုဆောင့်တွန်းမှုပြုလုပ်ခဲတာလည်းတွေ့ရပါတယ်။
ဒါပေမဲ့အာတီတာကအထက်ပါအဖြစ်အပျက်နှင့်ပတ်သက်ပြီးတစုံတရာစိုးရိမ်နေပုံမရပါဘူး။
အာတီတာကဆာလီဘာနှင့်ဂါဘရီရယ်တို့မှာလိုက်ဖက်တဲ့စုံတွဲဖြစ်ကြောင်းပြောကြားသွားပြီးမည်သည့်အတွက်ကြောင်းယင်းပြဿနာဖြစ်ပျက်လာတယ်ဆိုတာနဲ့ပတ်သက်ပြီးအချက်အလက်အသေးစိတ်ပြောကြားသွားခဲ့ခြင်းမရှိပါဘူး။
အာတီတာက “သူတို့ကတစ်ယောက်နဲ့တစ်ယောက်တွဲကစားရတာကြိုက်တယ်။ဒါပေမဲ့သူတို့ကတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်တောင်းဆိုမှုမြင့်တယ်။ဒါကကောင်းတယ်။အားလုံးအဆင်ပြေပါတယ်။ကျွန်တော်ကစက်ရုပ်တွေလိုမရှိနေစေချင်ပါဘူး။ကစားသမားတွေကိုခံစားချက်၊ချစ်မြတ်နိုးစိတ်၊အပြန်အလှန်တောင်းဆိုမှုတွေနဲ့ကစားစေချင်တယ်။ဒါကအပြန်အလှန်သဘောပေါက်နားလည်မှုပါ။သူတို့နှစ်ဦးကကွင်းတွင်းကွင်းပြင်အပြန်အလှန်နားလည်မှုရှိထားကြပါတယ်။အနိုင်ရနေချိန်မှာအခုလိုဖြစ်တာမျိုးကိုပိုတောင်ကြိုက်သေးတယ်။သူတို့ကတစ်ဦးကိုတစ်ဦးပိုကောင်းစေချင်တယ်”လို့ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာယနေ့ညတွင်အမ်းမရိတ်ကွင်းတွင်အဲဗာတန်ကိုဧည့်ခံကစားရပါမယ်။၎င်းတို့ဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကဂုဒီဆင်ပါ့ခ်တွင်အဲဗာတန်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
အာဆင်နယ်ဟာအဲဗာတန်ကိုအနိုင်ရရှိပါကဒုတိယနေရာမှမန်စီးတီးကိုရမှတ်၅မှတ်အထိဖြတ်လာနိုင်ပါမယ်။
ZawGyi
လက္စတာကို အႏိုင္ရတဲ့ပြဲစဥ္မွ ဆာလီဘာႏွင့္ ဂါဘရီရယ္တို႔ ထိုးမလို ႀကိတ္မလို ျဖစ္ခဲ့မႈကို အာတီတာဖြင့္ဟလာ
အာဆင္နယ္နည္းျပမီေခးလ္အာတီတာဟာဂါဘရီရယ္မာဂယ္ဟက္စ္ႏွင့္ဝီလီယံဆာလီဘာတို႔အၾကားျပႆနာတက္ခဲ့မႈႏွင့္ပတ္သက္ၿပီးဖြင့္ဟေျပာၾကားမႈျပဳလုပ္လာၿပီျဖစ္ပါတယ္။
အာဆင္နယ္ရဲ႕ဗဟိုေနာက္ခံလူႏွစ္ဦးတို႔ဟာၿပီးခဲ့တဲ့စေနေန႔တုန္းကလက္စတာကို၁-၀ဂိုးျဖင့္ အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ အျပန္အလွန္ေဒါသတႀကီးေျပာဆိုမႈမ်ားျဖစ္ပ်က္ခဲ့ပါတယ္။
အဆိုပြဲစဥ္တြင္အာဆင္နယ္ဟာေနာက္ဆုံး၇ပြဲတြင္ပထမဆုံးပြဲအျဖစ္ ဂိုးမေပးရတဲ့ပြဲပိုင္ဆိုင္ခဲ့ေပမဲ့လည္းပြဲၿပီးခါနီးတြင္၎တို႔ႏွစ္ဦးအၾကားအျပန္အလွန္ေဒါသတႀကီးေျပာဆိုမႈမ်ားျဖစ္ခဲ့ၿပီးဆာလီဘာကဂါဘရီရယ္ကိုေဆာင့္တြန္းမႈျပဳလုပ္ခဲတာလည္းေတြ႕ရပါတယ္။
ဒါေပမဲ့အာတီတာကအထက္ပါအျဖစ္အပ်က္ႏွင့္ပတ္သက္ၿပီးတစုံတရာစိုးရိမ္ေနပုံမရပါဘူး။
အာတီတာကဆာလီဘာႏွင့္ဂါဘရီရယ္တို႔မွာလိုက္ဖက္တဲ့စုံတြဲျဖစ္ေၾကာင္းေျပာၾကားသြားၿပီးမည္သည့္အတြက္ေၾကာင္းယင္းျပႆနာျဖစ္ပ်က္လာတယ္ဆိုတာနဲ႔ပတ္သက္ၿပီးအခ်က္အလက္အေသးစိတ္ေျပာၾကားသြားခဲ့ျခင္းမရွိပါဘူး။
အာတီတာက “သူတို႔ကတစ္ေယာက္နဲ႔တစ္ေယာက္တြဲကစားရတာႀကိဳက္တယ္။ဒါေပမဲ့သူတို႔ကတစ္ေယာက္နဲ႔တစ္ေယာက္အျပန္အလွန္ေတာင္းဆိုမႈျမင့္တယ္။ဒါကေကာင္းတယ္။အားလုံးအဆင္ေျပပါတယ္။ကြၽန္ေတာ္ကစက္႐ုပ္ေတြလိုမရွိေနေစခ်င္ပါဘူး။ကစားသမားေတြကိုခံစားခ်က္၊ခ်စ္ျမတ္ႏိုးစိတ္၊အျပန္အလွန္ေတာင္းဆိုမႈေတြနဲ႔ကစားေစခ်င္တယ္။ဒါကအျပန္အလွန္သေဘာေပါက္နားလည္မႈပါ။သူတို႔ႏွစ္ဦးကကြင္းတြင္းကြင္းျပင္အျပန္အလွန္နားလည္မႈရွိထားၾကပါတယ္။အႏိုင္ရေနခ်ိန္မွာအခုလိုျဖစ္တာမ်ိဳးကိုပိုေတာင္ႀကိဳက္ေသးတယ္။သူတို႔ကတစ္ဦးကိုတစ္ဦးပိုေကာင္းေစခ်င္တယ္”လို႔ေျပာၾကားသြားပါတယ္။
အာဆင္နယ္ဟာယေန႔ညတြင္အမ္းမရိတ္ကြင္းတြင္အဲဗာတန္ကိုဧည့္ခံကစားရပါမယ္။၎တို႔ဟာၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလတုန္းကဂုဒီဆင္ပါ့ခ္တြင္အဲဗာတန္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။
အာဆင္နယ္ဟာအဲဗာတန္ကိုအႏိုင္ရရွိပါကဒုတိယေနရာမွမန္စီးတီးကိုရမွတ္၅မွတ္အထိျဖတ္လာႏိုင္ပါမယ္။