
လက်စတာဥက္ကဌအေယာဝတ်ဆရီဗက်ဒါနာပရက်ဟာဟာလက်စတာအသင်းဘက်ကမိခင်ကုမ္ပဏီKing Power International (KPI) ထံပေးရန်ရှိတဲ့ကြွေးမြီပေါင်၁၉၄သန်းအဆုံးခံလိုက်ပါတယ်။
လက်စတာဟာဆရီဗက်ဒါနာပရက်ဟာမိသားစုပိုင် KPI ထံမှချေးယူထားတဲ့ငွေပမာဏများကိုပေးရန်မလိုတော့ပါဘူး။
လက်စတာဟာကစားသမားခေါ်ယူအားဖြည့်မှုများအတွက် KPI ထံမှငွေများချေးယူအသုံးပြုထားတာလည်းဖြစ်ပါတယ်။
KPI ဟာလက်စတာစီးတီးကိုရေရှည်အနာဂတ်ကိုကြည့်ရှုကာကြွေးမြီများကိုအဆုံးခံလိုက်တာလည်းဖြစ်ပါတယ်။
လက်စတာဟာယင်းငွေများကိုပြီးခဲ့တဲ့လေးနှစ်အတွင်းတွင်ချေးယူအသုံးပြုထားတာလည်းဖြစ်ပါတယ်။
ဆရီဗက်ဒါနာပရက်ဟာမိသားစုဟာ၂၀၁၀ခုနှစ်တွင်လက်စတာအသင်းရှယ်ယာများကိုထိန်းချုပ်ပြီးနောက်ချန်ပီယံရှစ်မှပရီးမီးယားလိဂ်သို့တန်းတက်နိုင်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါ့အပြင်ဆရီဗက်ဒါနာပရက်ဟာမိသားစုလက်အောက်တွင်ရှိနေစဉ်အတွင်း၂၀၁၆ခုနှစ်တုန်းကပရီးမီးယားလိဂ်ဖလားနှင့်၂၀၂၁ခုနှစ်တုန်းကအက်ဖ်အေဖလားတို့ဆွတ်ခူးခဲ့ပါတယ်။
ဆရီဗက်ဒါနာပရက်ဟာမိသားစုဟာ၂၀၁၃ခုနှစ်တုန်းကလည်းလက်စတာအသင်းထံမှရရန်ရှိတဲ့ကြွေးမြီပေါင်၁၀၃သန်းကိုအဆုံးခံခဲ့ဖူးပါတယ်။
ZawGyi
လက္စတာထံမွ ရရန္ရွိတဲ့ေႂကြးၿမီ ေပါင္ ၁၉၄ သန္းကို အဆုံးခံလိုက္တဲ့ ဥကၠဌ
လက္စတာဥကၠဌေအယာဝတ္ဆရီဗက္ဒါနာပရက္ဟာဟာလက္စတာအသင္းဘက္ကမိခင္ကုမၸဏီKing Power International (KPI) ထံေပးရန္ရွိတဲ့ေႂကြးၿမီေပါင္၁၉၄သန္းအဆုံးခံလိုက္ပါတယ္။
လက္စတာဟာဆရီဗက္ဒါနာပရက္ဟာမိသားစုပိုင္ KPI ထံမွေခ်းယူထားတဲ့ေငြပမာဏမ်ားကိုေပးရန္မလိုေတာ့ပါဘူး။
လက္စတာဟာကစားသမားေခၚယူအားျဖည့္မႈမ်ားအတြက္ KPI ထံမွေငြမ်ားေခ်းယူအသုံးျပဳထားတာလည္းျဖစ္ပါတယ္။
KPI ဟာလက္စတာစီးတီးကိုေရရွည္အနာဂတ္ကိုၾကည့္ရႈကာေႂကြးၿမီမ်ားကိုအဆုံးခံလိုက္တာလည္းျဖစ္ပါတယ္။
လက္စတာဟာယင္းေငြမ်ားကိုၿပီးခဲ့တဲ့ေလးႏွစ္အတြင္းတြင္ေခ်းယူအသုံးျပဳထားတာလည္းျဖစ္ပါတယ္။
ဆရီဗက္ဒါနာပရက္ဟာမိသားစုဟာ၂၀၁၀ခုႏွစ္တြင္လက္စတာအသင္းရွယ္ယာမ်ားကိုထိန္းခ်ဳပ္ၿပီးေနာက္ခ်န္ပီယံရွစ္မွပရီးမီးယားလိဂ္သို႔တန္းတက္ႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္ဆရီဗက္ဒါနာပရက္ဟာမိသားစုလက္ေအာက္တြင္ရွိေနစဥ္အတြင္း၂၀၁၆ခုႏွစ္တုန္းကပရီးမီးယားလိဂ္ဖလားႏွင့္၂၀၂၁ခုႏွစ္တုန္းကအက္ဖ္ေအဖလားတို႔ဆြတ္ခူးခဲ့ပါတယ္။
ဆရီဗက္ဒါနာပရက္ဟာမိသားစုဟာ၂၀၁၃ခုႏွစ္တုန္းကလည္းလက္စတာအသင္းထံမွရရန္ရွိတဲ့ေႂကြးၿမီေပါင္၁၀၃သန္းကိုအဆုံးခံခဲ့ဖူးပါတယ္။