လက်စတာနိုင်ပွဲတွင် အံ့ဩသင့်ဖွယ် စတားတစ်ဦးကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူစေခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာမနေ့ညတုန်းကလက်စတာကိုအနိုင်ရရှိတဲ့King Power ပွဲစဉ်မှာအိုလက်ဇန္ဒားဇန်ချန်ကိုအားမထင်မှတ်ဘဲအသင်းခေါင်းဆောင်အဖြစ်တာဝန်ပေးခဲ့ပါတယ်။

အသက်၂၆နှစ်ရှိယူကရိန်းလက်ရွေးစင်ဟာရုရှားကယူကရိန်းကိုကျူးကျော်စစ်ဆင်နွဲတဲ့တစ်နှစ်ပြည့်အဖြစ်လေးစားသမုရှိတဲ့အနေဖြင့်အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။

ဇင်ချန်ကိုဟာယူကရိန်းတွင်မွေးဖွားသူဖြစ်ပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကရုရှားကျးကျော်စစ်ကြောင့်စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာနေရသူလည်းဖြစ်ပါတယ်။

သူဟာမွေးရပ်မြေငြိမ်းချမ်းရေးရရှိရေးအတွက်ဆိုရှယ်မီဒီယာမှတဆင့်ပုံမှန်လှုပ်ရှားလာခဲ့သူလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်အိုဒီဂတ်ကချစ်ခြင်းမေတ္တာ၊လေးစားမှုတို့ဖြင့်ဇင်ချန်ကိုအားအသင်းခေါင်းဆောင်အဖြစ်ဝတ်ဆင်စေခဲ့တာဖြစ်ကြောင်းသိရပါတယ်။

အာဆင်နယ်ဟာမနေ့ညကပွဲစဉ်တွင်မာတီနယ်လီရဲ့တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်လက်စတာကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။

ZawGyi

လက္စတာႏိုင္ပြဲတြင္ အံ့ဩသင့္ဖြယ္ စတားတစ္ဦးကို အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေစခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္ဟာမေန႔ညတုန္းကလက္စတာကိုအႏိုင္ရရွိတဲ့King Power ပြဲစဥ္မွာအိုလက္ဇႏၵားဇန္ခ်န္ကိုအားမထင္မွတ္ဘဲအသင္းေခါင္းေဆာင္အျဖစ္တာဝန္ေပးခဲ့ပါတယ္။

အသက္၂၆ႏွစ္ရွိယူကရိန္းလက္ေ႐ြးစင္ဟာ႐ုရွားကယူကရိန္းကိုက်ဴးေက်ာ္စစ္ဆင္ႏြဲတဲ့တစ္ႏွစ္ျပည့္အျဖစ္ေလးစားသမုရွိတဲ့အေနျဖင့္အာဆင္နယ္အသင္းေခါင္းေဆာင္အျဖစ္ခန႔္အပ္ျခင္းခံခဲ့ရတာလည္းျဖစ္ပါတယ္။

ဇင္ခ်န္ကိုဟာယူကရိန္းတြင္ေမြးဖြားသူျဖစ္ၿပီးၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလကတည္းက႐ုရွားက်းေက်ာ္စစ္ေၾကာင့္စိတ္ပိုင္းဆိုင္ရာထိခိုက္နစ္နာေနရသူလည္းျဖစ္ပါတယ္။

သူဟာေမြးရပ္ေျမၿငိမ္းခ်မ္းေရးရရွိေရးအတြက္ဆိုရွယ္မီဒီယာမွတဆင့္ပုံမွန္လႈပ္ရွားလာခဲ့သူလည္းျဖစ္ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္အိုဒီဂတ္ကခ်စ္ျခင္းေမတၱာ၊ေလးစားမႈတို႔ျဖင့္ဇင္ခ်န္ကိုအားအသင္းေခါင္းေဆာင္အျဖစ္ဝတ္ဆင္ေစခဲ့တာျဖစ္ေၾကာင္းသိရပါတယ္။

အာဆင္နယ္ဟာမေန႔ညကပြဲစဥ္တြင္မာတီနယ္လီရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးျဖင့္လက္စတာကို၁-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုဆက္လက္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။