
ဒေါသထွက်နေတဲ့ဘောလုံးပရိသတ်များဟာလက်စတာကိုမန်ချက်စတာယူနိုက်တက်က၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှမားကပ်စ်ရက်ဖို့ဒ်ရဲ့ဒုတိယဂိုးမှာလူကျွံနေပေမဲ့VAR ကဘက်လိုက်ဆုံးဖြတ်ကာဂိုးကိုခွင့်ပြုခဲ့တယ်လို့စွပ်စွဲနေကြပါတယ်။
အင်္ဂလန်တိုက်စစ်မှူးရက်ဖို့ဒ်ဟာတနင်္ဂနွေနေ့ညတုန်းကအိုးထရက်ဖို့ဒ်ပွဲစဉ်တွင်ယူနိုက်တက်အတွက်၂ဂိုးသွင်းယူခဲ့တာဖြစ်ပြီးဒုတိယဂိုးမှာအငြင်းပွားစရာဖြစ်နေပါတယ်။
အနှေးပြကွက် VAR က လိုင်းဆွဲမှုအရမားကပ်စ်ရက်ဖို့ဒ်ဟာဖရက်ကသူ့အတွက်ဘောလုံးခင်းလိုက်ချိန်တွင်လူကျွံနေတယ်လို့သံသယဝင်စရာကောင်းနေပါတယ်။
ဒါကြောင့်လည်းဘောလုံးပရိသတ်များကVAR ကိုယူနိုက်တက်ဘက်သို့ဘက်လိုက်ဆုံးဖြတ်တယ်လို့စွပ်စွဲနေကြတာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ဟာလက်စတာနိုင်ပွဲကြောင့်ဒုတိယနေရာမှမန်စီးတီးနှင့်ရမှတ်၃မှတ်တည်းသာကွာဟတော့တဲ့အပြင်ထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၅မှတ်သာကွာဟလာပါတော့တယ်။
ရက်ဖို့ဒ်ဟာယခုအခါယူနိုက်တက်အတွက်ပရီးမီးယားလိဂ်သွင်းဂိုး၁၇ဂိုးရှိလာပြီဖြစ်ပြီး၂၀၁၁-၁၂ရာသီတုန်းကဝိန်းရွန်းနီတင်ခဲ့တဲ့ ၁၉ဂိုးမှတ်တမ်းကိုလိုက်မီလာတော့မှာလည်းဖြစ်ပါတယ်။
ZawGyi
လက်စတာနိုင်ပွဲမှာ ရက်ဖို့ဒ်ရဲ့ဒုတိယဂိုးမှာ လူကျွံဘောလို့ ပရိသတ်များ ယုံကြည်နေ