
လက်စတာနှင့်နာပိုလီတို့ရဲ့ယူရိုပါလိဂ်ပွဲစဉ်တွင်နှစ်ဖက်ပရိသတ်များဟာပွဲကြည့်စင်ပေါ်မှာ ရန်ဖြစ်ခဲ့ပြီးပရိသတ်အချို့တို့ဟာခါးပတ်ကိုလက်နက်အသုံးပြုတိုက်ခိုက်ခဲ့ကြတာတွေ့ရပါတယ်။
အဆိုပါပွဲစဉ်ကိုနာပိုလီပရိသတ်၂၅၀ဝန်းကျင်ခန့်လာရောက်ကြည့်ရှုခဲ့ကြပြီးပွဲသိမ်းခရာမှုတ်ပြီးနောက်နှစ်ဖက်ပရိသတ်များ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။
ချက်ချင်းပင်ရဲတပ်ဖွဲ့ဝင်များနှင့်ကွင်းလုံခြုံရေး ၁၀၀ဝန်းကျင်တို့ချက်ချင်းရောက်လာကာနှစ်ဖက်ပရိသတ်များရန်ပွဲရပ်ဆိုင်းရန်ကြိုးပမ်းခဲ့ရပါတယ်။
အဆိုပါပွဲစဉ်တွင်နာပိုလီဟာပီရက်စ်၊ဘန်းစ်တို့ရဲ့ဂိုးများဖြင့်ဦးဆောင်နိုင်ခဲ့ပေမယ့်ဗစ်တာအိုဆမ်ဟမ်ကချေပဂိုးနှစ်ဂိုးသွင်းယူလိုက်မှုကြောင့်နှစ်ဂိုးစီသရေဖြင့်ပြီးဆုံးသွားပြီး ပွဲပြီးခါနီးတွင်လက်စတာမှအန်ဒီဒီအထုတ်ခံခဲ့ရပါတယ်။
ပွဲပြီးချိန်တွင်နာပိုလီပရိသတ်များဟာပြိုင်ဘက်လက်စတာပရိသတ်များကိုလှောင်ပြောင်မှုပြုလုပ်ခဲ့ပြီးနောက်နောက်ပိုင်းတွင်ကလေးများပါရှိနေတဲ့လက်စတာပွဲကြည့်စင်ဘက်သို့ပုလင်းများဖြင့်ပါပစ်ပေါက်ခဲ့ပါတယ်။
ဒါကြောင့်လည်းလက်စတာပရိသတ်များဟာအရန်အတားများနှင့်ကွင်းလုံခြုံရေးတို့ကိုကျော်လွှားကာနာပိုလီပရိသတ်များကိုထိုးကြိတ်ခဲ့ပါတယ်။နာပိုလီပရိသတ်အချို့တို့ကလည်းခါးပတ်များကိုဖြုတ်ပြီးလက်နက်အဖြစ်အသုံးပြုလုပ်ခဲ့ပါတယ်။
နောက်ပိုင်းတွင်ရဲများကနာပိုလီပရိသတ်များကိုဝိုင်းရံအကာအကွယ်ပေးခဲ့ရပြီးရန်ပွဲမှာမိနစ်၃၀ကျော်ခန့်အထိကြာမြင့်ခဲ့ပါတယ်။
လက်စတာဟာအထက်ပါဖြစ်ရပ်ကြောင့်ယူအီးအက်ဖ်အေရဲ့အရေးယူခြင်းခံရဖို့ရှိနေသလိုရန်ပွဲတွင်ပါဝင်သူများဟာလည်းရဲတပ်ဖွဲ့ရဲ့အရေးယူမှုခံရဖို့ရှိနေပါတယ်။
ZawGyi
လက္စတာႏွင့္နာပိုလီတို႔ရဲ႕ယူ႐ိုပါလိဂ္ပြဲစဥ္တြင္ ပြဲၾကည့္စင္ေပၚမွာ ႏွစ္ဖက္ပရိသတ္မ်ား ခိုက္ရန္ျဖစ္ပြား
လက္စတာႏွင့္နာပိုလီတို႔ရဲ႕ယူ႐ိုပါလိဂ္ပြဲစဥ္တြင္ႏွစ္ဖက္ပရိသတ္မ်ားဟာပြဲၾကည့္စင္ေပၚမွာ ရန္ျဖစ္ခဲ့ၿပီးပရိသတ္အခ်ိဳ႕တို႔ဟာခါးပတ္ကိုလက္နက္အသုံးျပဳတိုက္ခိုက္ခဲ့ၾကတာေတြ႕ရပါတယ္။
အဆိုပါပြဲစဥ္ကိုနာပိုလီပရိသတ္၂၅၀ဝန္းက်င္ခန႔္လာေရာက္ၾကည့္ရႈခဲ့ၾကၿပီးပြဲသိမ္းခရာမႈတ္ၿပီးေနာက္ႏွစ္ဖက္ပရိသတ္မ်ား ႐ုန္းရင္းဆန္ခတ္ျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။
ခ်က္ခ်င္းပင္ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ကြင္းလုံၿခဳံေရး ၁၀၀ဝန္းက်င္တို႔ခ်က္ခ်င္းေရာက္လာကာႏွစ္ဖက္ပရိသတ္မ်ားရန္ပြဲရပ္ဆိုင္းရန္ႀကိဳးပမ္းခဲ့ရပါတယ္။
အဆိုပါပြဲစဥ္တြင္နာပိုလီဟာပီရက္စ္၊ဘန္းစ္တို႔ရဲ႕ဂိုးမ်ားျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ဗစ္တာအိုဆမ္ဟမ္ကေခ်ပဂိုးႏွစ္ဂိုးသြင္းယူလိုက္မႈေၾကာင့္ႏွစ္ဂိုးစီသေရျဖင့္ၿပီးဆုံးသြားၿပီး ပြဲၿပီးခါနီးတြင္လက္စတာမွအန္ဒီဒီအထုတ္ခံခဲ့ရပါတယ္။
ပြဲၿပီးခ်ိန္တြင္နာပိုလီပရိသတ္မ်ားဟာၿပိဳင္ဘက္လက္စတာပရိသတ္မ်ားကိုေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၿပီးေနာက္ေနာက္ပိုင္းတြင္ကေလးမ်ားပါရွိေနတဲ့လက္စတာပြဲၾကည့္စင္ဘက္သို႔ပုလင္းမ်ားျဖင့္ပါပစ္ေပါက္ခဲ့ပါတယ္။
ဒါေၾကာင့္လည္းလက္စတာပရိသတ္မ်ားဟာအရန္အတားမ်ားႏွင့္ကြင္းလုံၿခဳံေရးတို႔ကိုေက်ာ္လႊားကာနာပိုလီပရိသတ္မ်ားကိုထိုးႀကိတ္ခဲ့ပါတယ္။နာပိုလီပရိသတ္အခ်ိဳ႕တို႔ကလည္းခါးပတ္မ်ားကိုျဖဳတ္ၿပီးလက္နက္အျဖစ္အသုံးျပဳလုပ္ခဲ့ပါတယ္။
ေနာက္ပိုင္းတြင္ရဲမ်ားကနာပိုလီပရိသတ္မ်ားကိုဝိုင္းရံအကာအကြယ္ေပးခဲ့ရၿပီးရန္ပြဲမွာမိနစ္၃၀ေက်ာ္ခန႔္အထိၾကာျမင့္ခဲ့ပါတယ္။
လက္စတာဟာအထက္ပါျဖစ္ရပ္ေၾကာင့္ယူအီးအက္ဖ္ေအရဲ႕အေရးယူျခင္းခံရဖို႔ရွိေနသလိုရန္ပြဲတြင္ပါဝင္သူမ်ားဟာလည္းရဲတပ္ဖြဲ႕ရဲ႕အေရးယူမႈခံရဖို႔ရွိေနပါတယ္။