လက်စတာနှင့်ပွဲတွင်လည်း ထရိုဆတ်ရဲ့ဂိုး ခွင့်ပြုခြင်းမခံခဲ့ရကာ VAR ကြောင့် ထပ်မံနစ်နာလာပြန်တဲ့ အာဆင်နယ်

လီယန်ဒရိုထရိုဆတ်ရဲ့အာဆင်နယ်အတွက်ပထမဆုံးသွင်းယူတဲ့ဂိုးမှာVAR ကြောင့်ရရှိလာခဲ့ခြင်းမရှိပါဘူး။ဘယ်လ်ဂျီယံတိုက်စစ်သမားဟာမနေ့ညတုန်းကလက်စတာကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဂိုးသွင်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာပွဲချိန်၂၆မိနစ်မှာလက်စတာဘက်သို့ဂိုးစတင်သွင်းယူနိုင်ခဲ့ပါတယ်။လက်စတာဂိုးသမားလက်သီးထိုးပုတ်ထုတ်လိုက်တဲ့ဘောလုံးကနေတဆင့်အသက်၂၈နှစ်ရှိထရိုဆတ်ကအာဆင်နယ်အတွက်ပထမဆုံးဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကဘရိုက်တန်ကနေပြောင်းလာတဲ့ထရိုဆတ်ဟာအာဆင်နယ်အတွက်ပထမဆုံးဂိုးကိုလှပစွာသွင်းယူလာခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့VAR ကယင်းဂိုးကိုစစ်ဆေးချိန်မှာဘင်ဝှိုက်ကလက်စတာဂိုးသမားဝတ်ကိုပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီးပြစ်ဒဏ်ဘောသတ်မှတ်ကာဂိုးမပေးခဲ့ပါဘူး။

အာဆင်နယ်ဟာထရိုဆတ်ရဲ့ဂိုးခွင့်ပြုခြင်းမခံခဲ့ရပေမဲ့လည်းပွဲချိန်၄၆မိနစ်မှာမာတီနယ်လီသွင်းယူတဲ့တစ်လုံးတည်းသောဂိုးကြောင့်လက်စတာကို၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ်ဟာယခုလအစောပိုင်းတုန်းကဘရန့်ဖို့ဒ်နှင့်ပွဲစဉ်တွင်လည်းVAR အမှားကြောင့် ချေပဂိုးပေးခဲ့ရပြီးနစ်နာခဲ့ရပြီးဖြစ်ပါတယ်။

ZawGyi

လက္စတာႏွင့္ပြဲတြင္လည္း ထ႐ိုဆတ္ရဲ႕ဂိုး ခြင့္ျပဳျခင္းမခံခဲ့ရကာ VAR ေၾကာင့္ ထပ္မံနစ္နာလာျပန္တဲ့ အာဆင္နယ္

လီယန္ဒ႐ိုထ႐ိုဆတ္ရဲ႕အာဆင္နယ္အတြက္ပထမဆုံးသြင္းယူတဲ့ဂိုးမွာVAR ေၾကာင့္ရရွိလာခဲ့ျခင္းမရွိပါဘူး။ဘယ္လ္ဂ်ီယံတိုက္စစ္သမားဟာမေန႔ညတုန္းကလက္စတာကို၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဂိုးသြင္းႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ဟာပြဲခ်ိန္၂၆မိနစ္မွာလက္စတာဘက္သို႔ဂိုးစတင္သြင္းယူႏိုင္ခဲ့ပါတယ္။လက္စတာဂိုးသမားလက္သီးထိုးပုတ္ထုတ္လိုက္တဲ့ေဘာလုံးကေနတဆင့္အသက္၂၈ႏွစ္ရွိထ႐ိုဆတ္ကအာဆင္နယ္အတြက္ပထမဆုံးဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဘ႐ိုက္တန္ကေနေျပာင္းလာတဲ့ထ႐ိုဆတ္ဟာအာဆင္နယ္အတြက္ပထမဆုံးဂိုးကိုလွပစြာသြင္းယူလာခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမဲ့VAR ကယင္းဂိုးကိုစစ္ေဆးခ်ိန္မွာဘင္ဝႈိက္ကလက္စတာဂိုးသမားဝတ္ကိုျပစ္ဒဏ္က်ဴးလြန္တယ္ဆိုၿပီးျပစ္ဒဏ္ေဘာသတ္မွတ္ကာဂိုးမေပးခဲ့ပါဘူး။

အာဆင္နယ္ဟာထ႐ိုဆတ္ရဲ႕ဂိုးခြင့္ျပဳျခင္းမခံခဲ့ရေပမဲ့လည္းပြဲခ်ိန္၄၆မိနစ္မွာမာတီနယ္လီသြင္းယူတဲ့တစ္လုံးတည္းေသာဂိုးေၾကာင့္လက္စတာကို၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

အာဆင္နယ္ဟာယခုလအေစာပိုင္းတုန္းကဘရန႔္ဖို႔ဒ္ႏွင့္ပြဲစဥ္တြင္လည္းVAR အမွားေၾကာင့္ ေခ်ပဂိုးေပးခဲ့ရၿပီးနစ္နာခဲ့ရၿပီးျဖစ္ပါတယ္။