လက်စတာနှင့်ပွဲတွင် ကစားသမားသုံးဦးဒဏ်ရာရရှိသွားပြီးနောက် ပွဲစဉ်ဇယားကို အာတီတာဝေဖန်
မီခေးလ်အာတီတာဟာလက်စတာအားအနိုင်ရရှိတဲ့ပွဲတွင်ကစားသမားသုံးဦးဒဏ်ရာရရှိသွားပြီးနောက်ပွဲစဉ်ဇယားပြည့်နှက်နေမှုအပေါ်ဝေဖန်ပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာကိန်းပါဝါတွင်လက်စတာစီးတီးကိုအဝေးကွင်းတွင်၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ယင်းပွဲစဉ်တွင် အာဆင်နယ်မှာအီမီလီစမစ်ရိုဝီဒဏ်ရာရရှိခဲ့သလိုလက်စတာစီးတီးမှလည်းဂျွန်နီအီဗန့်နှင့်ဟာဗေးဘန်းစ်တို့ဒဏ် ရာကိုယ်စီရရှိခဲ့ကြပါတယ်။
အာတီတာက “ဒီလိုဖြစ်လာမှာပဲလေ။ပွဲတွေကဒီလောက်ပြည့်သိပ်နေတာ။ဒီကစားသမားတွေကရာသီကြိုလေ့ ကျင့်ခန်းအစီအစဉ်မရှိ၊အားလပ်ရက်မရှိဘဲကစားရတယ်။ဒဏ်ရာတွေကရလာမှာဘဲ။ကျွန်တော်တို့နည်းပြတွေဟာ ရာသီအစကတည်းကဒါနဲ့ပတ်သက်ပြီးပြောဆိုလာခဲ့ကြတယ်။အခုဖြစ်လာနေပါပြီ”လို့ပြောကြားခဲ့ပါတယ်။
အာတီတာဟာလက်စတာစီးတီးနှင့်ပွဲစဉ်တွင်အဓိကကစားသမားများဖြစ်ကြတဲ့အူဘာမီယန်နှင့်ဆာကာတို့ကိုအနားပေးသွားခဲ့ပါတယ်။
ZawGyi