လက်စတာနှင့်ပွဲတွင် အင်္ဂလန်လက်ရွေးစင်ဟောင်းကို မထင်မှတ်ဘဲအသုံးပြုရကိန်းဆိုက်နေတဲ့ မန်စီးတီး

စကော့ကာဆင်ဟာယခုအပတ်ပရီးမီးယားလိဂ်ပွဲစဉ်မှာမန်စီးတီးအတွက်ဒုတိယမြောက်ပွဲစဉ်အဖြစ်မထင်မှတ်ဘဲကစားခွင့်ရရှိလာဖို့ရှိနေပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာကိုဗစ်ကန့်သတ်ချက်အနီရောင်အဆင့်ရှိနိုင်ငံများရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲများကိုစေလွှတ်ဖို့ငြင်းဆိုခဲ့ပါတယ်။ဒါကြောင့်လည်းဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ၎င်းတို့ရွေးချယ်ထားတဲ့ကစားသမားများအားမစေလွှတ်တဲ့ကလပ်များအားဖီဖာထံတိုင်ကြားထားပါတယ်။

မန်စီးတီးဟာလည်းအီဒါဆင်၊ဂါဘရီရယ်ဂျီးဆပ်စ်တို့ကိုဘရာဇီးရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်စေလွှတ်မှုငြင်းဆိုခဲ့ပါတယ်။ဖီဖာဟာဘရာဇီးရဲ့တိုင်ကြားမှုကြောင့်ခြေစစ်ပွဲကစားရန်မစေလွှတ်တဲ့ကစားသမားများကိုငါးရက်ကြာကလပ်ပွဲကစားခွင့်ပိတ်ပင်သွားဖို့ရှိပါတယ်။

ယင်းသို့အနေအထားကြောင့်မန်စီးတီးဟာယခုအပတ်လက်စတာနှင့်ပွဲစဉ်မှာဘရာဇီးလက်ရွေးစင်ဂိုးသမားအီဒါဆင်အားအသုံးပြုနိုင်မှာမဟုတ်ပါဘူး။တစ်ဖက်တွင်ဒုတိယဂိုးသမားဇစ်စတီဖင်မှာလည်းအမေရိကန်လက်ရွေးစင်အတွက်သွားကစားစဉ်ကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိထားပါတယ်။

ဒါကြောင့်မန်စီးတီးဟာလက်စတာနှင့်ပွဲစဉ်မှာအင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်းစကော့ကာဆင်အားအသုံးပြုရဖို့ရှိပါတယ်။

၂၀၁၈ခုနှစ်တွင်ဒါဘီကောင်တီပြောင်းရွှေ့လာခဲ့တဲ့စကော့ကာဆင်ဟာမန်စီးတီးသို့ပြောင်းလာပြီးနောက်ပြီးခဲ့တဲ့ရာသီတုန်းကစိန့်ဂျိမ်းစ်ပါ့ခ်မှာနယူးကာဆယ်အား၄-၃ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတစ်ပွဲတည်းသာကစားခွင့်ရရှိလာခဲ့သူလည်းဖြစ်ပါတယ်။

စကော့ကာဆင်ဟာမန်စီးတီးသို့ရောက်လာပြီးနောက်ပွဲကစားခွင့်ရရှိမှုနည်းပါးလှသော်လည်းမန်စီးတီးနည်းပြဂွါဒီယိုလာရဲ့ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ်ချီးကျူးမှုရရှိထားသူဖြစ်ပါတယ်။

ဂွါဒီယိုလာက “လူတွေသိချင်မှသိပါလိမ့်မယ်။သူကကျွန်တော်တို့အတွက်စစ်မှန်တဲ့ခေါင်းဆောင်တစ်ဦးပါ။သူယုံကြည်တိုင်းပြောတတ်တယ်။သူ့မှာအတွေ့အကြုံအများကြီးရှိတယ်”လို့ပြောကြားခဲ့ပါတယ်။

မန်စီးတီးကဲ့သို့ပင်မန်ယူ၊ချဲလ်ဆီး၊လီဗာပူးတို့မှာလည်းယခုအပတ်ပရီးမီးယားလိဂ်ပွဲများတွင်ဖရက်၊တီယာဂိုဆေးလ်ဗား၊ဖာဘင်ဟို၊အလစ်ဆင်၊ဖာမီနိုတို့အားအသုံးပြုနိုင်ဖို့မရှိပါဘူး။

ZawGyi

လက္စတာႏွင့္ပြဲတြင္ အဂၤလန္လက္ေ႐ြးစင္ေဟာင္းကို မထင္မွတ္ဘဲအသုံးျပဳရကိန္းဆိုက္ေနတဲ့ မန္စီးတီး

စေကာ့ကာဆင္ဟာယခုအပတ္ပရီးမီးယားလိဂ္ပြဲစဥ္မွာမန္စီးတီးအတြက္ဒုတိယေျမာက္ပြဲစဥ္အျဖစ္မထင္မွတ္ဘဲကစားခြင့္ရရွိလာဖို႔ရွိေနပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားဟာကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္အဆင့္ရွိႏိုင္ငံမ်ားရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲမ်ားကိုေစလႊတ္ဖို႔ျငင္းဆိုခဲ့ပါတယ္။ဒါေၾကာင့္လည္းဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ၎တို႔ေ႐ြးခ်ယ္ထားတဲ့ကစားသမားမ်ားအားမေစလႊတ္တဲ့ကလပ္မ်ားအားဖီဖာထံတိုင္ၾကားထားပါတယ္။

မန္စီးတီးဟာလည္းအီဒါဆင္၊ဂါဘရီရယ္ဂ်ီးဆပ္စ္တို႔ကိုဘရာဇီးရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲကစားရန္ေစလႊတ္မႈျငင္းဆိုခဲ့ပါတယ္။ဖီဖာဟာဘရာဇီးရဲ႕တိုင္ၾကားမႈေၾကာင့္ေျခစစ္ပြဲကစားရန္မေစလႊတ္တဲ့ကစားသမားမ်ားကိုငါးရက္ၾကာကလပ္ပြဲကစားခြင့္ပိတ္ပင္သြားဖို႔ရွိပါတယ္။

ယင္းသို႔အေနအထားေၾကာင့္မန္စီးတီးဟာယခုအပတ္လက္စတာႏွင့္ပြဲစဥ္မွာဘရာဇီးလက္ေ႐ြးစင္ဂိုးသမားအီဒါဆင္အားအသုံးျပဳႏိုင္မွာမဟုတ္ပါဘူး။တစ္ဖက္တြင္ဒုတိယဂိုးသမားဇစ္စတီဖင္မွာလည္းအေမရိကန္လက္ေ႐ြးစင္အတြက္သြားကစားစဥ္ကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိထားပါတယ္။

ဒါေၾကာင့္မန္စီးတီးဟာလက္စတာႏွင့္ပြဲစဥ္မွာအဂၤလန္လက္ေ႐ြးစင္ဂိုးသမားေဟာင္းစေကာ့ကာဆင္အားအသုံးျပဳရဖို႔ရွိပါတယ္။

၂၀၁၈ခုႏွစ္တြင္ဒါဘီေကာင္တီေျပာင္းေ႐ႊ႕လာခဲ့တဲ့စေကာ့ကာဆင္ဟာမန္စီးတီးသို႔ေျပာင္းလာၿပီးေနာက္ၿပီးခဲ့တဲ့ရာသီတုန္းကစိန႔္ဂ်ိမ္းစ္ပါ့ခ္မွာနယူးကာဆယ္အား၄-၃ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတစ္ပြဲတည္းသာကစားခြင့္ရရွိလာခဲ့သူလည္းျဖစ္ပါတယ္။

စေကာ့ကာဆင္ဟာမန္စီးတီးသို႔ေရာက္လာၿပီးေနာက္ပြဲကစားခြင့္ရရွိမႈနည္းပါးလွေသာ္လည္းမန္စီးတီးနည္းျပဂြါဒီယိုလာရဲ႕ေခါင္းေဆာင္ေကာင္းတစ္ဦးအျဖစ္ခ်ီးက်ဴးမႈရရွိထားသူျဖစ္ပါတယ္။

ဂြါဒီယိုလာက “လူေတြသိခ်င္မွသိပါလိမ့္မယ္။သူကကြၽန္ေတာ္တို႔အတြက္စစ္မွန္တဲ့ေခါင္းေဆာင္တစ္ဦးပါ။သူယုံၾကည္တိုင္းေျပာတတ္တယ္။သူ႔မွာအေတြ႕အႀကဳံအမ်ားႀကီးရွိတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

မန္စီးတီးကဲ့သို႔ပင္မန္ယူ၊ခ်ဲလ္ဆီး၊လီဗာပူးတို႔မွာလည္းယခုအပတ္ပရီးမီးယားလိဂ္ပြဲမ်ားတြင္ဖရက္၊တီယာဂိုေဆးလ္ဗား၊ဖာဘင္ဟို၊အလစ္ဆင္၊ဖာမီႏိုတို႔အားအသုံးျပဳႏိုင္ဖို႔မရွိပါဘူး။