လက်စတာနှင့်ပွဲတွင် အံ့ဩသင့်ဖွယ်ကောင်းတဲ့ ကာကွယ်မှု ၂ ကြိမ်ပြုလုပ်ပြီး စံချိန်သစ်ရေးထိုးလာတဲ့ ဒီဂီယာ

ဒေးဗစ်ဒီဂီယာဟာမနေ့ညတုန်းကလက်စတာနှင့်ပွဲစဉ်တွင်အံ့ဩသင့်ဖွယ်ကောင်းတဲ့ကာကွယ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

စပိန်ဂိုးသမားဟာအိုးထရက်ဖို့ဒ်တွင်လက်စတာကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ပထမပိုင်းမှာအံ့မခန်းကာကွယ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

စပိန်ဂိုးသမားဟာ၂၀၁၁ခုနှစ်တွင်အက်သလက်တီကိုမှပြောင်းလာပြီးနောက် ယူနိုက်တက်အတွက်ကာကွယ်မှုများစွာပြုလုပ်လာခဲ့သူလည်းဖြစ်ပြီးဆက်ပြီးတော့လည်းပြုလုပ်နေဆဲဖြစ်ပါတယ်။

သူဟာမနေ့ညကလက်စတာနှင့်ပွဲရဲ့ပထမပိုင်း ၄၅မိနစ်မှာတော့မယုံကြည်နိုင်စရာကောင်းတဲ့ကာကွယ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။သူဟာဟာဗေးဘန်းစ်ရဲ့အနီးကပ်ကန်ချက်ကိုဦးစွာကာကွယ်ခဲ့ပါတယ်။

သူဟာ One Vs One အခြေအနေမျိုးမှာဘန်းစ်ရဲ့ကန်ချက်ကိုကာကွယ်ပြီးနောက်အိုင်ဟီရန်ချိုရဲ့ကန်ချက်ကိုကာကွယ်ခဲ့တာဖြစ်ပါတယ္။

တီမိုသီကာစတာဂနီကညာခြမ်းကနေ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကနေအိုင်ဟီရန်ချိုကလွတ်လွတ်ကျွတ်ကျွတ်ကန်သွင်းခွင့်ရခဲ့ပြီးညာထောင့်သို့လှပစွာကန်ခဲ့ပါတယ်။

ဂိုးသွားပြီလို့အားလုံးကယူဆခဲ့ကြပေမဲ့လည်းဒီဂီယာကအံ့ဩသင့်ဖွယ်လက်တစ်ဖက်တည်းဖြင့်ကာကွယ်ခဲ့ပါတယ်။

ဒီဂီယာရဲ့ကာကွယ်မှုကိုလက်စတာကစားသမားများပင်အံ့ဩသင့်နေခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်တွင်ဒီဂီယာဟာဂိုးမပေးခဲ့ရပြီးနောက် ယူနိုက်တက်ကစားသမားဘဝအတွင်းဂိုးမပေးရတဲ့ပွဲ၁၈၀ရှိလာပြီဖြစ်ကာဂန္ထဝင်ဂိုးသမားပီတာရှမိုက်ကယ်နှင့်အတူယူနိုက်တက်သမိုင်းတွင်ဂိုးမပေးရတဲ့ပွဲအများဆုံးပိုင်ဆိုင်ထားသူအဖြစ်မှတ်တမ်းရေးထိုးထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

လက္စတာႏွင့္ပြဲတြင္ အံ့ဩသင့္ဖြယ္ေကာင္းတဲ့ ကာကြယ္မႈ ၂ ႀကိမ္ျပဳလုပ္ၿပီး စံခ်ိန္သစ္ေရးထိုးလာတဲ့ ဒီဂီယာ

ေဒးဗစ္ဒီဂီယာဟာမေန႔ညတုန္းကလက္စတာႏွင့္ပြဲစဥ္တြင္အံ့ဩသင့္ဖြယ္ေကာင္းတဲ့ကာကြယ္မႈႏွစ္ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။

စပိန္ဂိုးသမားဟာအိုးထရက္ဖို႔ဒ္တြင္လက္စတာကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္ရဲ႕ပထမပိုင္းမွာအံ့မခန္းကာကြယ္မႈႏွစ္ႀကိမ္ျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

စပိန္ဂိုးသမားဟာ၂၀၁၁ခုႏွစ္တြင္အက္သလက္တီကိုမွေျပာင္းလာၿပီးေနာက္ ယူႏိုက္တက္အတြက္ကာကြယ္မႈမ်ားစြာျပဳလုပ္လာခဲ့သူလည္းျဖစ္ၿပီးဆက္ၿပီးေတာ့လည္းျပဳလုပ္ေနဆဲျဖစ္ပါတယ္။

သူဟာမေန႔ညကလက္စတာႏွင့္ပြဲရဲ႕ပထမပိုင္း ၄၅မိနစ္မွာေတာ့မယုံၾကည္ႏိုင္စရာေကာင္းတဲ့ကာကြယ္မႈႏွစ္ႀကိမ္ျပဳလုပ္ခဲ့ပါတယ္။သူဟာဟာေဗးဘန္းစ္ရဲ႕အနီးကပ္ကန္ခ်က္ကိုဦးစြာကာကြယ္ခဲ့ပါတယ္။

သူဟာ One Vs One အေျခအေနမ်ိဳးမွာဘန္းစ္ရဲ႕ကန္ခ်က္ကိုကာကြယ္ၿပီးေနာက္အိုင္ဟီရန္ခ်ိဳရဲ႕ကန္ခ်က္ကိုကာကြယ္ခဲ့တာျဖစ္ပါတယ္။

တီမိုသီကာစတာဂနီကညာျခမ္းကေန ျဖတ္တင္ေပးလိုက္တဲ့ေဘာလုံးကေနအိုင္ဟီရန္ခ်ိဳကလြတ္လြတ္ကြၽတ္ကြၽတ္ကန္သြင္းခြင့္ရခဲ့ၿပီးညာေထာင့္သို႔လွပစြာကန္ခဲ့ပါတယ္။

ဂိုးသြားၿပီလို႔အားလုံးကယူဆခဲ့ၾကေပမဲ့လည္းဒီဂီယာကအံ့ဩသင့္ဖြယ္လက္တစ္ဖက္တည္းျဖင့္ကာကြယ္ခဲ့ပါတယ္။

ဒီဂီယာရဲ႕ကာကြယ္မႈကိုလက္စတာကစားသမားမ်ားပင္အံ့ဩသင့္ေနခဲ့ၾကပါတယ္။

အဆိုပါပြဲစဥ္တြင္ဒီဂီယာဟာဂိုးမေပးခဲ့ရၿပီးေနာက္ ယူႏိုက္တက္ကစားသမားဘဝအတြင္းဂိုးမေပးရတဲ့ပြဲ၁၈၀ရွိလာၿပီျဖစ္ကာဂႏၴဝင္ဂိုးသမားပီတာရွမိုက္ကယ္ႏွင့္အတူယူႏိုက္တက္သမိုင္းတြင္ဂိုးမေပးရတဲ့ပြဲအမ်ားဆုံးပိုင္ဆိုင္ထားသူအျဖစ္မွတ္တမ္းေရးထိုးထားႏိုင္ၿပီျဖစ္ပါတယ္။