လက်စတာနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ ဟာဗေးဘန်းစ်

လက်စတာစီးတီးတောင်ပံကစားသမားဟာဗေးဘန်းစ်ဟာကလပ်တွင်၂၀၂၅ခုနှစ်အထိရှိနေမယ့်စာချုပ်သစ်အားချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

လက်စတာအကယ်ဒမီထွက်ကစားသမားဟာလက်စတာအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၀၁ပွဲကစားကာ၂၁ဂိုးသွင်းယူထားသူလည်းဖြစ်ပါတယ်။

ဘန်းစ်ဟာအသက်၉နှစ်အရွယ်ကတည်းကလက်စတာစီးတီးသို့ရောက်လာခဲ့သူဖြစ်ပြီး၂၀၁၆ခုနှစ်တုန်းကပေါ်တိုနှင့်ချန်ပီယံလိဂ်ပွဲစည်တွင်လက်စတာအတွက်ပထမဆုံးပွဲကိုကစားခွင့်ရရှိခဲ့ပါတယ်။

ဟာဗေးဘန်းစ်က “ဒီမှာရှိလာခဲ့တဲ့နှစ်ပေါင်းကမနည်းပါဘူး။ကိုယ့်အိမ်ကိုယ့်ယာလိုဘဲခံစားရပါတယ်။ကျွန်တော့်အတွက်စာချုပ်သစ်ချုပ်ဖို့ဦးနှောက်ရှိဖို့မလိုပါဘူး။ကျွန်တော်ကိုယ်တိုင်ကလည်းဒီမှာဘဲဆက်ပြီးတော့ကစားချင်နေပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အသက်၂၃နှစ်ရှိဟာဗေးဘန်းစ်ဟာမေလတုန်းကလက်စတာအားပထမဆုံးအက်ဖ်အေဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့တဲ့အပြင်ယခုလအစောပိုင်းတုန်းကလည်းကွန်မြူနတီဒိုင်းဆွတ်ခူးပေးထားပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်တုန်းကဝေးလ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ခြေစမ်းပွဲတွင်အင်္ဂလန်အသင်းအတွက်ပထမဆုံးပွဲကိုကစားခွင့်ရရှိခဲ့ပါတယ်။

ZawGyi






