လက်စတာပွဲရန်ပွဲကြောင့် အမှတ်လျှော့ခံရမယ့်အရေးနဲ့ ချဲလ်ဆီးရင်ဆိုင်နေရ

ချဲလ်ဆီးဟာလက်စတာနှင့်ပွဲစဉ်တွင်ကစားသမားများကိုထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိမှုအတွက်စွဲချက်တင်ခြင်းခံထားရကာရမှတ်တစ်မှတ်လျှော့ချခြင်းခံရနိုင်ကြောင်းသိရပါတယ်။

ချဲလ်ဆီးကလက်စတာကို၂-၁ဂိုးဖြင့်အနိုင်ရယူပြီးအက်ဖ်အေဖလားရှုံးကြွေးအားပြန်ဆပ်တဲ့ပွဲကချန်ပီယံလိဂ်ဝင်ခွင့်အတွက်အရေးပါတဲ့ပွဲဖြစ်ကာပွဲပြီးခါနီးတွင်နှစ်ဖက်ကစားသမားများ၊နည်းပြအဖွဲ့ဝင်များအချင်းများခဲ့ကြပါတယ်။

အထက်ပါဖြစ်ရပ်ကြောင့်သောမတ်စ်တူချယ်ရဲ့အသင်းဟာအရေးယူမှုများစွာခံရဖို့ရှိနေပါတယ်။ The Mirror သတင်းစာရဲ့ဖော်ပြချက်အရချဲလ်ဆီးဟာစပါးစ်နှင့်ရင်ဆိုင်ကစားရတဲ့၂၀၁၆ခုနှစ်တုန်းကရာသီနှောင်းပိုင်းပွဲတွင်လည်းအထက်ပါဖြစ်ရပ်မျိုးဖြစ်ကာပေါင်၃၇၅၀၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

၎င်းတို့ဟာအရေးယူမှုကိုအယူခံဝင်ခဲ့ပြီးနောက်နောက်တွင်ယင်းသို့အဖြစ်အပျက်မျိုးဖြစ်လာပါကရမှတ်၁မှတ်လျှော့ချခံရမယ်ဆိုပြီးအပြင်းအထန်သတိပေးခြင်းခံရပါတယ်။

ဒါ့အပြင်လက်စတာနှင့်ပွဲစဉ်မှဖြစ်ရပ်မှာချဲလ်ဆီးအတွက်ငါးနှစ်အတွင်းတွင်ကစားသမားများကိုထိန်းချုပ်ရန်ပျက်ကွက်တဲ့ဒုတိယမြောက်ဖြစ်ရပ်လည်းဖြစ်ပါတယ်။

အက်ဖ်အေဟာချဲလ်ဆီးနှင့်လက်စတာနှစ်သင်းလုံးကိုတရားစွဲဆိုထားတာဖြစ်ပြီး၎င်းတို့ဟာအင်္ဂါနေ့နောက်ဆုံးထားကာစွဲချက်တင်မှုကိုတုံ့ပြန်ရပါမယ်။

အကယ်၍ချဲလ်ဆီးဟာရမှတ်တစ်မှတ်လျှော့ချခြင်းခံရပါကလည်းချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးရမှာမဟုတ်ပါဘူး။၎င်းတို့ဟာရမှတ်တစ်မှတ်လျှော့ချခံရလျှင်လက်စတာနှင့်ရမှတ်တူညီသွားနိုင်ပေမယ့်လည်းဂိုးကွာခြားချက်များပြားရာအဆင့်၄နေရာမှာဘဲရပ်တည်ကာချန်ပီယံလိဂ်ဝင်ခွင့်ရရှိနေဦးမှာဖြစ်ပါတယ်။

ZawGyi

လက္စတာပြဲရန္ပြဲေၾကာင့္ အမွတ္ေလွ်ာ့ခံရမယ့္အေရးနဲ႔ ခ်ဲလ္ဆီးရင္ဆိုင္ေနရ

ခ်ဲလ္ဆီးဟာလက္စတာႏွင့္ပြဲစဥ္တြင္ကစားသမားမ်ားကိုထိန္းသိမ္းႏိုင္ခဲ့ျခင္းမရွိမႈအတြက္စြဲခ်က္တင္ျခင္းခံထားရကာရမွတ္တစ္မွတ္ေလွ်ာ့ခ်ျခင္းခံရႏိုင္ေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးကလက္စတာကို၂-၁ဂိုးျဖင့္အႏိုင္ရယူၿပီးအက္ဖ္ေအဖလားရႈံးေႂကြးအားျပန္ဆပ္တဲ့ပြဲကခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္အေရးပါတဲ့ပြဲျဖစ္ကာပြဲၿပီးခါနီးတြင္ႏွစ္ဖက္ကစားသမားမ်ား၊နည္းျပအဖြဲ႕ဝင္မ်ားအခ်င္းမ်ားခဲ့ၾကပါတယ္။

အထက္ပါျဖစ္ရပ္ေၾကာင့္ေသာမတ္စ္တူခ်ယ္ရဲ႕အသင္းဟာအေရးယူမႈမ်ားစြာခံရဖို႔ရွိေနပါတယ္။ The Mirror သတင္းစာရဲ႕ေဖာ္ျပခ်က္အရခ်ဲလ္ဆီးဟာစပါးစ္ႏွင့္ရင္ဆိုင္ကစားရတဲ့၂၀၁၆ခုႏွစ္တုန္းကရာသီေႏွာင္းပိုင္းပြဲတြင္လည္းအထက္ပါျဖစ္ရပ္မ်ိဳးျဖစ္ကာေပါင္၃၇၅၀၀၀ဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

၎တို႔ဟာအေရးယူမႈကိုအယူခံဝင္ခဲ့ၿပီးေနာက္ေနာက္တြင္ယင္းသို႔အျဖစ္အပ်က္မ်ိဳးျဖစ္လာပါကရမွတ္၁မွတ္ေလွ်ာ့ခ်ခံရမယ္ဆိုၿပီးအျပင္းအထန္သတိေပးျခင္းခံရပါတယ္။

ဒါ့အျပင္လက္စတာႏွင့္ပြဲစဥ္မွျဖစ္ရပ္မွာခ်ဲလ္ဆီးအတြက္ငါးႏွစ္အတြင္းတြင္ကစားသမားမ်ားကိုထိန္းခ်ဳပ္ရန္ပ်က္ကြက္တဲ့ဒုတိယေျမာက္ျဖစ္ရပ္လည္းျဖစ္ပါတယ္။

အက္ဖ္ေအဟာခ်ဲလ္ဆီးႏွင့္လက္စတာႏွစ္သင္းလုံးကိုတရားစြဲဆိုထားတာျဖစ္ၿပီး၎တို႔ဟာအဂၤါေန႔ေနာက္ဆုံးထားကာစြဲခ်က္တင္မႈကိုတုံ႔ျပန္ရပါမယ္။

အကယ္၍ခ်ဲလ္ဆီးဟာရမွတ္တစ္မွတ္ေလွ်ာ့ခ်ျခင္းခံရပါကလည္းခ်န္ပီယံလိဂ္ဝင္ခြင့္ဆုံးရႈံးရမွာမဟုတ္ပါဘူး။၎တို႔ဟာရမွတ္တစ္မွတ္ေလွ်ာ့ခ်ခံရလွ်င္လက္စတာႏွင့္ရမွတ္တူညီသြားႏိုင္ေပမယ့္လည္းဂိုးကြာျခားခ်က္မ်ားျပားရာအဆင့္၄ေနရာမွာဘဲရပ္တည္ကာခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေနဦးမွာျဖစ္ပါတယ္။