လက်စတာမှထွက်ခွာရန် တံခါးဖွင့်ထားကြောင်း မန်ယူနှင့်လီဗာပူးပစ်မှတ် တိုင်လီမန်းဖွင့်ဟ

ယူရီတိုင်လီမန်းကလက်စတာစီးတီးနှင့်စာချုပ်သစ်ချုပ်ဆိုရေးအတွက်ဆွေးနွေးမှုများဆက်လက်ပြုလုပ်နေသော်လည်းအသင်းပြောင်းရွှေ့ကစားရန်လည်းတံခါးဖွင့်ထားကြောင်းပြောကြားလိုက်ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာလက်စတာနှင့်၂နှစ်စာချုပ်သာကျန်တော့သူဖြစ်ပြီးမန်ယူနှင့်လီဗာပူးတို့ရဲ့စိတ်ဝင်စားခြင်းခံနေရသူလည်းဖြစ်ပါတယ်။

တိုင်လီမန်းက “ဘာမှပြောစရာမရှိသေးပါဘူး(စာချုပ်သစ်နဲ့ပတ်သက်ပြီး)။ကျွန်တော်ကတော့အားလုံးကိုတံခါးဖွင့်ထားပါတယ်။အပြောင်းအရွှေ့ဈေးကွက်ကပိတ်ခါစဘဲရှိပါသေးတယ်။ဒါပေမယ့်ကျွန်တော်ကတော့ရွေးချယ်နိုင်တာအားလုံးကိုစဉ်းစားပါတယ်။ဒါပေမယ့်ကျွန်တော်ကဒီကလပ်အတွက်အစွမ်းကုန်ကြိုးပမ်းဖို့ရောက်လာတာပါ။လုပ်လည်းလုပ်ခဲ့ပြီးပြီ။ဆက်လည်းလုပ်သွားဦးမယ်။စာချုပ်အခြေအနေဆိုတာဘောလုံးလောကမှာကြုံကိုကြုံရတဲ့အရာပါ။ဒါကသာမန်အခြေအနေလို့ပြောလို့ရပါတယ်။ဆွေးနွေးမှုဆက်လုပ်နေပါတယ်။လက်မှတ်မထိုးဘူးလို့မပြောသလိုထိုးမယ်လို့လည်းမပြောနိုင်သေးပါဘူး။ဘာဖြစ်လာမလဲကြည့်ရပါမယ်”လို့ပြောကြားခဲ့ပါတယ်။

လက်စတာနည်းပြဘရန်ဒန်ရော်ဂျာကတော့တိုင်လီမန်းကိုအသင်းတွင်နှစ်များစွာထိန်းထားနိုင်ရန်မျှော်လင့်နေပါတယ်။

သူဟာ၂၀၁၉ခုနှစ်တွင်ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၃၅သန်းဖြင့်ရောက်လာပြီးနောက်အက်ဖ်အေဖလားနှင့်ကွန်မြူနတီဒိုင်းတို့ရယူပေးထားပါတယ်။

ZawGyi

လက္စတာမွထြက္ခြာရန္ တံခါးဖြင့္ထားေၾကာင္း မန္ယူႏွင့္လီဗာပူးပစ္မွတ္ တိုင္လီမန္းဖြင့္ဟ

ယူရီတိုင္လီမန္းကလက္စတာစီးတီးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ေဆြးေႏြးမႈမ်ားဆက္လက္ျပဳလုပ္ေနေသာ္လည္းအသင္းေျပာင္းေ႐ႊ႕ကစားရန္လည္းတံခါးဖြင့္ထားေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ကစားသမားဟာလက္စတာႏွင့္၂ႏွစ္စာခ်ဳပ္သာက်န္ေတာ့သူျဖစ္ၿပီးမန္ယူႏွင့္လီဗာပူးတို႔ရဲ႕စိတ္ဝင္စားျခင္းခံေနရသူလည္းျဖစ္ပါတယ္။

တိုင္လီမန္းက “ဘာမွေျပာစရာမရွိေသးပါဘူး(စာခ်ဳပ္သစ္နဲ႔ပတ္သက္ၿပီး)။ကြၽန္ေတာ္ကေတာ့အားလုံးကိုတံခါးဖြင့္ထားပါတယ္။အေျပာင္းအေ႐ႊ႕ေဈးကြက္ကပိတ္ခါစဘဲရွိပါေသးတယ္။ဒါေပမယ့္ကြၽန္ေတာ္ကေတာ့ေ႐ြးခ်ယ္ႏိုင္တာအားလုံးကိုစဥ္းစားပါတယ္။ဒါေပမယ့္ကြၽန္ေတာ္ကဒီကလပ္အတြက္အစြမ္းကုန္ႀကိဳးပမ္းဖို႔ေရာက္လာတာပါ။လုပ္လည္းလုပ္ခဲ့ၿပီးၿပီ။ဆက္လည္းလုပ္သြားဦးမယ္။စာခ်ဳပ္အေျခအေနဆိုတာေဘာလုံးေလာကမွာႀကဳံကိုႀကဳံရတဲ့အရာပါ။ဒါကသာမန္အေျခအေနလို႔ေျပာလို႔ရပါတယ္။ေဆြးေႏြးမႈဆက္လုပ္ေနပါတယ္။လက္မွတ္မထိုးဘူးလို႔မေျပာသလိုထိုးမယ္လို႔လည္းမေျပာႏိုင္ေသးပါဘူး။ဘာျဖစ္လာမလဲၾကည့္ရပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

လက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာကေတာ့တိုင္လီမန္းကိုအသင္းတြင္ႏွစ္မ်ားစြာထိန္းထားႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။

သူဟာ၂၀၁၉ခုႏွစ္တြင္ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၃၅သန္းျဖင့္ေရာက္လာၿပီးေနာက္အက္ဖ္ေအဖလားႏွင့္ကြန္ျမဴနတီဒိုင္းတို႔ရယူေပးထားပါတယ္။