လက်စတာရဲ့ချေပဂိုးအားအငြင်းပွားဖွယ် VAR ခွင့်ပြုမှုအတွက် ကလော့ပ်နှင့်လီဗာပူးပရိသတ်များပေါက်ကွဲ

လီဗာပူးနည်းပြကလော့ပ်နှင့်ပရိသတ်များဟာမနေ့ညတုန်းကလက်စတာအား၃-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်VAR က အငြင်းပွားဖွယ်ရာချေပဂိုးအားခွင့်ပြုခဲ့မှုအတွက်အကြီးအကျယ်ဒေါသထွက်ခဲ့ကြပါတယ်။

လီဗာပူးကဆာလာရဲ့ဂိုးဖြင့်၁-၀ဂိုးဖြင့်ဦးဆောင်နေခဲ့ပေမယ့်မိနစ်၁၀အကြာမှာဘဲလက်စတာဟာအငြင်းပွားဖွယ်ရာ VAR ဆုံးဖြတ်ချက်ဖြင့်ချေပဂိုးရရှိသွားခဲ့ပါတယ်။

ကွင်းလယ်ဒိုင်လူကြီးအန်တိုနီတေလာဟာဟာဗေးဘန်းစ်အားပြစ်ဒဏ်ဘောကျူးလွန်မှုအတွက်ပင်နယ်တီပေးရန် ပြင်ပြီးမှဧရိယာအစပ်တွင်ဖရီးကစ်ပေးခဲ့ပါတယ်။

ယင်းဖရီးကစ်ကိုဂျိမ်းစ်မက်ဒီဆင်ကကန်ခဲ့ရာမှာဘယ်သူမှမထိဘဲဂိုးဝင်သွားခဲ့ပါတယ်။ဒါပေမယ့်VAR ကလူကျွံဘောဖြစ်/မဖြစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာရောဘတ်တိုဖာမီနိုရဲ့ခြေထောက်ကြောင့်အေမာတီကလူမ ကျွံကြောင်းဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမယ့်တကယ်တမ်းတွင်အေမာတီလူကျွံနေတယ်ဆိုပြီးယုံကြည်ရပါတယ်။

ပွဲအပြီးမှာကလော့ပ်က “ဒါဆုံးဖြတ်ချက်ပွဲအလှည့်အပြောင်းဖြစ်သွားစေပါတယ်။ဒါကတစ်ကြိမ်မကမြင်ဖူးပါတယ်။ ဘယ်သူလူကျွံလဲဆိုတာလူတိုင်းမြင်ပါတယ်။သူ(အေမာတီ)ကဘောလုံးတောင်မထိပါဘူး။ဒါကိုတစ်ယောက်ယောက်ကဆုံးဖြတ်ခွင့်ရထားပြီးသားပါ။ကျွန်တော့်အတွက်တော့ဒါကလုံးဝလူကျွံဘောပါ”လို့ပြောကြားသွားပါတယ်။

မက်ဒီဆင်က‌တော့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးခေါင်းထဲတွင်ဘာမှမရှိကြောင်းပြောကြားသွားပါတယ်။

ZawGyi






