လက်စတာရဲ့ ချန်ပီယံလိဂ်အိပ်မက်ကို စပါးစ်ဥက္ကဌ မရမကဖျက်ဆီးပစ်မည်

စပါးစ်ဟာလက်စတာအသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရရှိလျှင်ဘရန်ဒန်ရော်ဂျာအားနည်းပြသစ်အဖြစ်ခန့်အပ်နိုင်ရေးကြိုးစားသွားရန်အသင့်ရှိနေပါတယ်။

စပါးစ်ဥက္ကဌလီဗိုင်းဟာမော်ရင်ဟိုရဲ့နေရာတွင်ဘရန်ဒန်ရော်ဂျာကိုနံပါတ်တစ်ဦးစားပေးအဖြစ်အစားထိုးခန့်အပ်လိုနေပါတယ်။ဒါပေမယ့်ဘရန်ဒန်ရော်ဂျာဟာလက်စတာသာချန်ပီယံလိဂ်ဝင်ခွင့်ရရှိလျှင်ထွက်ခွာဖို့မရှိပါဘူး။

လက်စတာဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၅နေရာတွင်ရပ်တည်နေပြီးရာသီသိမ်းပွဲစဉ်အဖြစ်စပါးစ်နှင့်ရင်ဆိုင်ရပါမယ်။

ဒါကြောင့်လည်းစပါးစ်ဥက္ကဌဟာလက်စတာအသင်းရဲ့ချန်ပီယံလိဂ်မျှော်လင့်ချက်ကိုမရမရဖျက်ဆီးပစ်ရန်ဆန္ဒရှိနေပါတယ်။

လက်စတာအတွက်ယူရိုပါလိဂ်ဝင်ခွင့်ရရှိတာကလည်းကြီးမားတဲ့အောင်မြင်မှုတစ်ခုဆိုပေမယ့်လီဗိုင်းကအသက်၄၈နှစ်ရှိရော်ဂျာကိုတားဆီးနိုင်မယ့်အရာလို့မမြင်ပါဘူး။

စပါးစ်ဟာလာမယ့်ရာသီမှာပြိုင်ပွဲသစ်ဖြစ်တဲ့ ယူရိုပါကွန်ဖရင့်လိဂ်မှာကစားရမယ့်အခြေအနေမျိုးမှာရှိပေမယ့်ရော်ဂျာကိုခန့်အပ်ဖို့ဆွဲဆောင်နိုင်မယ်လို့ယုံကြည်နေပါတယ်။

ZawGyi






