လက်စတာအား ယူရိုပါလိဂ်ရှုံးပွဲတွင် ရဲတပ်ဖွဲ့ကို လီဂီယာဝါဆောပရိသတ်များ တိုက်ခိုက်ခဲ့ကြ

မနေ့ညတုန်းကလက်စတာကလီဂီယာဝါဆောအားအနိုင်ရရှိတဲ့ယူရိုပါလိဂ်ပွဲစဉ်တွင်ရုပ်ဆိုးအကျည်းတန်တဲ့ဖြစ်ရပ်ဖြစ်ပျက်ခဲ့ပါတယ်။

လက်စတာကလီဂီယာဝါဆောကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဧည့်သည်လီဂီယာဝါဆောပရိသတ်များဟာလုံခြုံရေးများ၊ရဲတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်မှုပြုလုပ်ခဲ့ကြပါတယ်။

လီဂီယာဝါဆောပရိသတ်များဟာအစောပိုင်းတွင်မီးရှူးများထွန်းခဲ့ကြပြီးနောက်လက်စတာပရိသတ်များရှိရာပွဲကြည့်စင်သို့သွားရောက်ရန်ကြိုးပမ်းခဲ့ကြပြီးပစ္စည်းများဖြင့်လည်းပစ်ပေါက်ခဲ့ကြပါတယ်။

ပွဲအပြီးတွင်ဘရန်ဒန်ရော်ဂျာက “ထောင့်ဘက်ပွဲကြည့်စင်မှာပရိသတ်အချို့ဖြစ်ခဲ့ပုံပါ။ကျွန်တော်အသေအချာလိုက်ကြည့်မနေပါဘူး။အရိုးသားပြောရရင်ဒီလိုမြင်ကွင်းမျိုးကိုဘောလုံးပွဲမှာမမြင်ချင်ပါဘူး။ဘာဖြစ်လဲအတိအကျမသိပါဘူး။ဘယ်သူမှဒဏ်ရာမရဖို့မျှော်လင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်လက်စတာဟာပွဲချိန်၂၁မိနစ်အတွင်းတွင်ပက်ဆင်ဒါကာ၊မက်ဒီဆင်တို့ရဲ့သွင်းဂိုးများဖြင့်ဦးဆောင်နိုင်ခဲ့ပြီးဖီးလစ်မလာဒီနိုဗစ်ကလီဂါယာဝါဆောအတွက်ချေပခဲ့ပါတယ်။ဒါပေမယ့်၃၃မိနစ်မှာအန်ဒီဒီကလက်စတာအတွက်အနိုင်သေချာစေမယ့်တတိယဂိုးကိုသွင်းယူခဲ့ပါတယ်။လက်စတာဟာယင်းနိုင်ပွဲကြောင့်အုပ်စုထိပ်ဆုံးနေရာသို့တက်လှမ်းနိုင်ခဲ့ပါတယ်။

ZawGyi

လက္စတာအား ယူ႐ိုပါလိဂ္ရႈံးပြဲတြင္ ရဲတပ္ဖြဲ႕ကို လီဂီယာဝါေဆာပရိသတ္မ်ား တိုက္ခိုက္ခဲ့ၾက

မေန႔ညတုန္းကလက္စတာကလီဂီယာဝါေဆာအားအႏိုင္ရရွိတဲ့ယူ႐ိုပါလိဂ္ပြဲစဥ္တြင္႐ုပ္ဆိုးအက်ည္းတန္တဲ့ျဖစ္ရပ္ျဖစ္ပ်က္ခဲ့ပါတယ္။

လက္စတာကလီဂီယာဝါေဆာကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဧည့္သည္လီဂီယာဝါေဆာပရိသတ္မ်ားဟာလုံၿခဳံေရးမ်ား၊ရဲတပ္ဖြဲ႕ဝင္မ်ားကိုတိုက္ခိုက္မႈျပဳလုပ္ခဲ့ၾကပါတယ္။

လီဂီယာဝါေဆာပရိသတ္မ်ားဟာအေစာပိုင္းတြင္မီးရႉးမ်ားထြန္းခဲ့ၾကၿပီးေနာက္လက္စတာပရိသတ္မ်ားရွိရာပြဲၾကည့္စင္သို႔သြားေရာက္ရန္ႀကိဳးပမ္းခဲ့ၾကၿပီးပစၥည္းမ်ားျဖင့္လည္းပစ္ေပါက္ခဲ့ၾကပါတယ္။

ပြဲအၿပီးတြင္ဘရန္ဒန္ေရာ္ဂ်ာက “ေထာင့္ဘက္ပြဲၾကည့္စင္မွာပရိသတ္အခ်ိဳ႕ျဖစ္ခဲ့ပုံပါ။ကြၽန္ေတာ္အေသအခ်ာလိုက္ၾကည့္မေနပါဘူး။အ႐ိုးသားေျပာရရင္ဒီလိုျမင္ကြင္းမ်ိဳးကိုေဘာလုံးပြဲမွာမျမင္ခ်င္ပါဘူး။ဘာျဖစ္လဲအတိအက်မသိပါဘူး။ဘယ္သူမွဒဏ္ရာမရဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္လက္စတာဟာပြဲခ်ိန္၂၁မိနစ္အတြင္းတြင္ပက္ဆင္ဒါကာ၊မက္ဒီဆင္တို႔ရဲ႕သြင္းဂိုးမ်ားျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီးဖီးလစ္မလာဒီႏိုဗစ္ကလီဂါယာဝါေဆာအတြက္ေခ်ပခဲ့ပါတယ္။ဒါေပမယ့္၃၃မိနစ္မွာအန္ဒီဒီကလက္စတာအတြက္အႏိုင္ေသခ်ာေစမယ့္တတိယဂိုးကိုသြင္းယူခဲ့ပါတယ္။လက္စတာဟာယင္းႏိုင္ပြဲေၾကာင့္အုပ္စုထိပ္ဆုံးေနရာသို႔တက္လွမ္းႏိုင္ခဲ့ပါတယ္။