လက်ပစ်ဘောမြှောက်ရန် အချိန်ဆွဲနေမှုအတွက် အငြင်းပွားဖွယ် အနီကတ်ပြသခံခဲ့ရတဲ့ မြောက်အိုင်ယာလန်စတား

မြောက်အိုင်ယာလန်စတားဂျာမဲလ်လီဝစ်ဟာပွဲချိန်၃၇မိနစ်တွင်အချိန်ဆွဲမှုအတွက်ဒုတိယအဝါကတ်ပြသခြင်းခံခဲ့ရပြီးအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

လီဝစ်ဟာစနေနေ့တုန်းကဆွစ်ဇာလန်နှင့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ပွဲချိန်၂၃မိနစ်တမှာပထမအဝါကတ်ပြသခြင်းခံခဲ့ရပြီးနောက်အချိန်ဆွဲမှုအတွက်ဒုတိယအဝါကတ်ပြသခံခဲ့ရကာအနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

သူဟာပထမအကြိမ်အဝါကတ်ပြသခံရပြီး၁၄မိနစ်အကြာမှာလက်ပစ်ဘောမြှောက်ရန်အချိန်ဆွဲနေမှုနဲ့အတူ ဒုတိယအဝါကတ်ပြသခံခဲ့ရပါတယ်။

လီဝစ်ထုတ်ပယ်ခံရပြီးနောက်တစ်ယောက်အသာနဲ့ကစားခဲ့ရတဲ့ဆွစ်ဇာလန်ဟာမြောက်အိုင်ယာလန်ကိုအသာစီးနဲ့ကစားနိုင်ခဲ့ပြီးပထမပိုင်းပြီးခါနီးမှာစတီဗင်ဇူဘာရဲ့သွင်းဂိုး၊ဒုတိယပိုင်းပြီးခါနီးမှာဖက်စ်နက်ချ်တို့သွင်းယူတဲ့ဂိုးဖြင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi





လီဝစ်ထုတ်ပယ်ခံရပြီးနောက်တစ်ယောက်အသာနဲ့ကစားခဲ့ရတဲ့ဆွစ်ဇာလန်ဟာမြောက်အိုင်ယာလန်ကိုအသာစီးနဲ့ကစားနိုင်ခဲ့ပြီးပထမပိုင်းပြီးခါနီးမှာစတီဗင်ဇူဘာရဲ့သွင်းဂိုး၊ဒုတိယပိုင်းပြီးခါနီးမှာဖက်စ်နက်ခ်ျတို့သွင်းယူတဲ့ဂိုးဖြင့်၂-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။