လက်မခံနိုင်စရာ အကြောင်းပြချက်ဖြင့် ဖီဖာကြောင့် နောက်ဆုံးမိနစ်မှာမှ အဝေးကွင်းဝတ်စုံပြောင်းခဲ့ရတဲ့ ဘယ်လ်ဂျီယံ

ဘယ်လ်ဂျီယံဟာဖီဖာကနိုင်ငံရေးပါဝင်ဆက်နွယ်နေတယ်ဆိုတဲ့ယူဆချက်ကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အဝေးကွင်းဝတ်စုံကိုနောက်ဆုံးမိနစ်တွင်မှအပြောင်းအလဲပြုလုပ်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းခေါင်းဆောင်များဟာဖီဖာရဲ့ပိတ်ပင်မှုကြောင့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် LGBT+ အသိုင်းအဝိုင်းကိုထောက်ခံတဲ့ One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ရန်စီစဉ်ထားခဲ့ကြပေမဲ့ ဖီဖာရဲ့ပြင်းထန်ရဲ့သတိပေးမှုကြောင့်နောက်ဆုတ်ထားရပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းနှင့်ဝေးလ်အသင်းခေါင်းဆောင်ဂါရတ်ဘေးလ်တို့ဟာမနေ့ညတုန်းကကမ္ဘာ့ဖလားအုပ်စု(ခ)အဖွင့်ပွဲစဉ်တွင် One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ရန်စီစဉ်ထားခဲ့ကြပေမဲ့လည်း ဖီဖာကယင်းအသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ထားလျှင် ကွင်းမြက်ခင်းသို့ခြေမချမီဥမင်လှိုဏ်ခေါင်းအတွင်းတွင်ပင်အဝါကတ်ပြသခံရမယ်လို့သတိပေးခံခဲ့ရတာကြောင့်မဝတ်ဆင်ခဲ့ရပါဘူး။

ယခုအခါဘယ်လ်ဂျီယံအသင်းဟာလည်းဖီဖာကနိုင်ငံရေးနှင့်ဆက်နွယ်နေတယ်လို့ယုံကြည်ကာပိတ်ပင်လာမှုနှင့်အတူ နောက်ဆုံးအချိန်ရောက်နေချိန်တွင်မှအဝေးကွင်းဝတ်စုံကိုပြောင်းလဲလာခဲ့ရပါတယ်။

ဘယ်လ်ဂျီယံရဲ့အဝေးကွင်းဝတ်စုံရဲ့ကော်လာတွင် Love ဆိုတဲ့စကားလုံးပါဝင်နေမှုနှင့်အတူဖီဖာကဖယ်ရှားခိုင်းလာခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင်မနေ့ညတုန်းကအမေရိကန်နှင့်ဝေးလ်တို့ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲစဉ်မတိုင်မီ LGBT+အသိုင်းအဝိုင်းကိုထောက်ခံကြောင်းပြသတဲ့အနေဖြင့်သက်တန့်ပါတီရှပ်ဝတ်ဆင်လာခဲ့တဲ့အမေရိကန်သတင်းထောက်တစ်ဦးမှာလည်းကွင်းအတွင်းဝင်ရောက်ခွင့်ငြင်းပယ်ခံခဲ့ရတဲ့အပြင်နာရီဝက်ခန့်ကြာထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ZawGyi

လက္မခံႏိုင္စရာ အေၾကာင္းျပခ်က္ျဖင့္ ဖီဖာေၾကာင့္ ေနာက္ဆုံးမိနစ္မွာမွ အေဝးကြင္းဝတ္စုံေျပာင္းခဲ့ရတဲ့ ဘယ္လ္ဂ်ီယံ

ဘယ္လ္ဂ်ီယံဟာဖီဖာကႏိုင္ငံေရးပါဝင္ဆက္ႏြယ္ေနတယ္ဆိုတဲ့ယူဆခ်က္ေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္အေဝးကြင္းဝတ္စုံကိုေနာက္ဆုံးမိနစ္တြင္မွအေျပာင္းအလဲျပဳလုပ္ခဲ့ရပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲဝင္အသင္းေခါင္းေဆာင္မ်ားဟာဖီဖာရဲ႕ပိတ္ပင္မႈေၾကာင့္ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ LGBT+ အသိုင္းအဝိုင္းကိုေထာက္ခံတဲ့ One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ရန္စီစဥ္ထားခဲ့ၾကေပမဲ့ ဖီဖာရဲ႕ျပင္းထန္ရဲ႕သတိေပးမႈေၾကာင့္ေနာက္ဆုတ္ထားရပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းႏွင့္ေဝးလ္အသင္းေခါင္းေဆာင္ဂါရတ္ေဘးလ္တို႔ဟာမေန႔ညတုန္းကကမာၻ႔ဖလားအုပ္စု(ခ)အဖြင့္ပြဲစဥ္တြင္ One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ရန္စီစဥ္ထားခဲ့ၾကေပမဲ့လည္း ဖီဖာကယင္းအသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ထားလွ်င္ ကြင္းျမက္ခင္းသို႔ေျခမခ်မီဥမင္လႈိဏ္ေခါင္းအတြင္းတြင္ပင္အဝါကတ္ျပသခံရမယ္လို႔သတိေပးခံခဲ့ရတာေၾကာင့္မဝတ္ဆင္ခဲ့ရပါဘူး။

ယခုအခါဘယ္လ္ဂ်ီယံအသင္းဟာလည္းဖီဖာကႏိုင္ငံေရးႏွင့္ဆက္ႏြယ္ေနတယ္လို႔ယုံၾကည္ကာပိတ္ပင္လာမႈႏွင့္အတူ ေနာက္ဆုံးအခ်ိန္ေရာက္ေနခ်ိန္တြင္မွအေဝးကြင္းဝတ္စုံကိုေျပာင္းလဲလာခဲ့ရပါတယ္။

ဘယ္လ္ဂ်ီယံရဲ႕အေဝးကြင္းဝတ္စုံရဲ႕ေကာ္လာတြင္ Love ဆိုတဲ့စကားလုံးပါဝင္ေနမႈႏွင့္အတူဖီဖာကဖယ္ရွားခိုင္းလာခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္မေန႔ညတုန္းကအေမရိကန္ႏွင့္ေဝးလ္တို႔ရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲစဥ္မတိုင္မီ LGBT+အသိုင္းအဝိုင္းကိုေထာက္ခံေၾကာင္းျပသတဲ့အေနျဖင့္သက္တန႔္ပါတီရွပ္ဝတ္ဆင္လာခဲ့တဲ့အေမရိကန္သတင္းေထာက္တစ္ဦးမွာလည္းကြင္းအတြင္းဝင္ေရာက္ခြင့္ျငင္းပယ္ခံခဲ့ရတဲ့အျပင္နာရီဝက္ခန႔္ၾကာထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။