လက်မှတ်အားလုံး ရောင်းချထားရပြီးဖြစ်ပေမဲ့လည်း Tottenham Hotspur Stadium တွင် ဘီယွန်းဆေး ရှိုးပွဲကျင်းပနိုင်ရန် ကောင်စီထံ စပါးစ်အသင်း တောင်းဆိုထားတုန်း

စပါးစ်ဟာဘီယွန်းဆေးရှိုးပွဲလက်မှတ်အားလုံးရောင်းထားပြီးဖြစ်ပေမဲ့လည်း ရှိုးပွဲကျင်းပရေးအတွက်ဟာရင်ဂေးကောင်စီထံအထူးစပါယ်ရှယ်လိုင်စင်တစ်ခုတောင်းဆိုထားပါတယ်။

စပါးစ်ဟာသူတို့ရဲ့ Tottenham Hotspur Stadium ကွင်းတွင်ဘောလုံးပွဲအပြင် အခြားအားကစားနည်းများ၊ရှိုးပွဲများလည်းလက်ခံကျင်းပနိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ်။

ပေါင်၁ဘီလီယံအကုန်အကျခံတည်ဆောက်ထားတဲ့ Tottenham Hotspur Stadium မှာNFL ပွဲများ၊ဘောက်ဆင်းပွဲများပုံမှန်လက်ခံကျင်းပနေပါတယ်။

စပါးစ်ဟာTottenham Hotspur Stadiumတွင်တစ်နှစ်လျှင်ဂီတပွဲတော်ခြောက်ပွဲကျင်းပရန်လည်းလိုင်စင်ရယူထားပါတယ်။

ဒါပေမဲ့ The Telegraph ကစပါးစ်ဟာလက်မှတ်အကုန်ရောင်းချထားရပြီးဖြစ်တဲ့ဘီယွန်းဆေးရဲ့ရှိုးပွဲအတွက်၇ပွဲမြောက်ပွဲအားကျင်းပခွင့်တောင်းဆိုလာကြောင်းဖော်ပြသွားပါတယ်။

ဒါကြောင့်အမေရိကန်အဆိုတော်ဟာမေလနှင့်ဇွန်လအတွင်းတို့တွင် Tottenham Hotspur Stadium တွင်ရှိုးပွဲ၅ပွဲဆိုလာပါမယ်။

ပွဲကျင်းပရေးစီစဉ်သူများဟာလက်မှတ်အားလုံးရောင်းချထားပြီးလည်းဖြစ်ပါတယ်။ဈေးနှုန်းအမြင့်မားဆုံးလက်မှတ်တန်ဖိုးကပေါင်၃၅၀ဖြစ်ပါတယ်။

စပါးစ်ဟာTottenham Hotspur Stadium တွင်ဘောလုံးပွဲမဟုတ်တဲ့ပွဲ၁၆ပွဲကျင်းပရန်လိုင်စင်ယူထားတာဖြစ်ပြီးယင်းမှ၆ပွဲကဂီတပွဲတော်ဖြစ်ပါတယ်။

ယခုကဲ့သို့စပါးစ်ကနောက်ထပ်တစ်ပွဲတိုးပေးရန်တောင်းဆိုလာမှုနှင့်အတူဟာရင်ဂေးကောင်စီဝင်တို့ဆွေးနွေးမှုပြုလုပ်လာရဦးမှာဖြစ်ပါတယ်။

ZawGyi









