လက်ယာအစွန်းရောက်အားပေးအောင်ပွဲခံမှုပြုလုပ်ခဲ့တဲ့ အဲဗာတန်တိုက်စစ်မှူးကို အက်ဖ်အေစစ်ဆေးနေ

အဲဗာတန်တိုက်စစ်မှူးချန့်တိုဆန်ဟာရိုသာဟမ်နှင့်ပွဲတွင်ဂိုးသွင်းယူပြီးနောက် Grey Wolves လက်ယာ အစွန်းရောက်တို့ရဲ့အမှတ်အသားဖြင့်အောင်ပွဲခံမှုပြုလုပ်ခဲ့တယ်လို့စွပ်စွဲခံရမှုကိုငြင်းဆိုသွားခဲ့ပါတယ်။

အသက်၂၉နှစ်ရှိတိုက်စစ်မှူးဟာရိုသာဟန်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့အက်ဖ်အေဖလားတတိယအဆင့်ပွဲ စဉ်မှာအောင်ပွဲခံမှုပြုလုပ်ခဲ့ရာမှာ Grey Wolves အမှတ်အသားဖြင့်အောင်ပွဲခံခဲ့တယ်လို့စွပ်စွဲခံထားရတာ လည်းဖြစ်ပါတယ်။

တူရကီလက်ရွေးစင်ဟာရိုသာဟန်နဲ့ပွဲမှာဂိုးသွင်းယူပြီးနောက် Grey Wolves အမှတ်အသားဖြင့်အောင်ပွဲခံခဲ့တယ်လို့ယူဆရပါတယ်။တိုဆန်ရဲ့ ဂိုးကိုဒိုင်လူကြီးကခွင့်မပြုခဲ့ပါဘူး။ဒါပေမယ့်အချိန်ပိုမှာဒူကော်ရီသွင်းယူတဲ့ဂိုးကြောင့်အဲဗာတန်ဟာ၂-၁ဂိုးနဲ့အနိုင်ရပြီးနောက်တစ်ဆင့်သို့တက်ရောက်သွားခဲ့ပါတယ်။

တူရကီလက်ရွေးစင်ကတူရကီအခြေစိုက်ယင်းအဖွဲ့အစည်းကိုသူမသိကြောင်းနှင့်ကြားပင်မကြားဖူးကြောင်းဆိုထားပါတယ်။

Grey Wolves က တူရကီအခြေစိုက်အမျိုးသားရေးဝါဒီသမားများအုပ်စုဖြစ်ပြီးဂျာမနီတွင်လည်းများစွာရှိ နေကာပြီးခဲ့တဲ့နှစ်တုန်းကပြင်သစ်မှာအစိုးရရဲ့ပိတ်ပင်မှုခံခဲ့ရပါတယ်။

တိုဆန်ဟာရိုသာဟန်နဲ့ပွဲမှာပွဲအစ၁၀မိနစ်မှာအဲဗာတန်အတွက်ဦးဆောင်ဂိုးသွင်းပြီး၁၄လကြာဂိုးပေါက် ပျောက်မှုကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။

လက်ရှိအချိန်တွင်အက်ဖ်အေဟာတူရကီလက်ရွေးစင်ရဲ့အောင်ပွဲခံမှုကိုစစ်ဆေးမှုများပြုလုပ်ပါတယ်။

ZawGyi

လက္ယာအစြန္းေရာက္အားေပးေအာင္ပြဲခံမႈျပဳလုပ္ခဲ့တဲ့ အဲဗာတန္တိုက္စစ္မႉးကို အက္ဖ္ေအစစ္ေဆးေန

အဲဗာတန္တိုက္စစ္မႉးခ်န႔္တိုဆန္ဟာ႐ိုသာဟမ္ႏွင့္ပြဲတြင္ဂိုးသြင္းယူၿပီးေနာက္ Grey Wolves လက္ယာ အစြန္းေရာက္တို႔ရဲ႕အမွတ္အသားျဖင့္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့တယ္လို႔စြပ္စြဲခံရမႈကိုျငင္းဆိုသြားခဲ့ပါတယ္။

အသက္၂၉ႏွစ္ရွိတိုက္စစ္မႉးဟာ႐ိုသာဟန္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့အက္ဖ္ေအဖလားတတိယအဆင့္ပြဲ စဥ္မွာေအာင္ပြဲခံမႈျပဳလုပ္ခဲ့ရာမွာ Grey Wolves အမွတ္အသားျဖင့္ေအာင္ပြဲခံခဲ့တယ္လို႔စြပ္စြဲခံထားရတာ လည္းျဖစ္ပါတယ္။

တူရကီလက္ေ႐ြးစင္ဟာ႐ိုသာဟန္နဲ႔ပြဲမွာဂိုးသြင္းယူၿပီးေနာက္ Grey Wolves အမွတ္အသားျဖင့္ေအာင္ပြဲခံခဲ့တယ္လို႔ယူဆရပါတယ္။တိုဆန္ရဲ႕ ဂိုးကိုဒိုင္လူႀကီးကခြင့္မျပဳခဲ့ပါဘူး။ဒါေပမယ့္အခ်ိန္ပိုမွာဒူေကာ္ရီသြင္းယူတဲ့ဂိုးေၾကာင့္အဲဗာတန္ဟာ၂-၁ဂိုးနဲ႔အႏိုင္ရၿပီးေနာက္တစ္ဆင့္သို႔တက္ေရာက္သြားခဲ့ပါတယ္။

တူရကီလက္ေ႐ြးစင္ကတူရကီအေျခစိုက္ယင္းအဖြဲ႕အစည္းကိုသူမသိေၾကာင္းႏွင့္ၾကားပင္မၾကားဖူးေၾကာင္းဆိုထားပါတယ္။

Grey Wolves က တူရကီအေျခစိုက္အမ်ိဳးသားေရးဝါဒီသမားမ်ားအုပ္စုျဖစ္ၿပီးဂ်ာမနီတြင္လည္းမ်ားစြာရွိ ေနကာၿပီးခဲ့တဲ့ႏွစ္တုန္းကျပင္သစ္မွာအစိုးရရဲ႕ပိတ္ပင္မႈခံခဲ့ရပါတယ္။

တိုဆန္ဟာ႐ိုသာဟန္နဲ႔ပြဲမွာပြဲအစ၁၀မိနစ္မွာအဲဗာတန္အတြက္ဦးေဆာင္ဂိုးသြင္းၿပီး၁၄လၾကာဂိုးေပါက္ ေပ်ာက္မႈကိုအဆုံးသတ္ႏိုင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္အက္ဖ္ေအဟာတူရကီလက္ေ႐ြးစင္ရဲ႕ေအာင္ပြဲခံမႈကိုစစ္ေဆးမႈမ်ားျပဳလုပ္ပါတယ္။