လက်ရွေးစင်ကစားဖော်အား အိုးထရက်ဖို့ဒ်သို့ ခေါ်ဆောင်နိုင်ရေး ကြားက အေးဂျင့်လုပ်ကာ ပေးနေတဲ့ ဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာပေါ်တူဂီအသင်းကစားဖော်အားမန်ယူကခေါ်ယူရေးကြိုးပမ်းရာမှာပိုမိုတိုးတက်မှုရှိလာအောင်အကူအညီများပေးနေကြောင်းသိရပါတယ်။

မန်ယူဟာပြီးခဲ့တဲ့အပတ်တုန်းကဆေးစစ်မှုအောင်မြင်ခဲ့တဲ့အင်္ဂလန်စတားဂျော်ဒွန်ဆန်ချိုကိုခေါ်ယူနိုင်ရေးအပြီးသတ်လုနီးပါးအနေအထားတွင်ရှိနေပြီးအလယ်တန်းတိုက်စစ်အတွက်ကစားသမားခေါ်ယူရေးထပ်မံကြိုးစားနေပါတယ်။

အထူးသဖြင့်မန်ယူနည်းပြဆိုးလ်ရှားဟာပီအက်စ်ဂျီသို့ပြောင်းရေးအတွက်ပေါ့ဘာဘက်ကလှုပ်ရှားလာမှုနဲ့အတူအလယ်တန်းကိုအားဖြည့်ရေးလုပ်ဆောင်လာတာလည်းဖြစ်ပါတယ်။

မန်ယူအသင်းကခေါ်ယူဖို့ကြိုးစားနေတဲ့နောက်ဆုံးကစားသမားကတော့ဝုဗ်မှအလယ်တန်းတိုက်စစ်သမားရူဘင်နီဗက်စ်ဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ရူဘင်နီဗက်စ်ဟာ၂၀၁၇ခုနှစ်တွင်ပေါ်တိုမှဝုဗ်သို့ရောက်လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်တွင်အထိုင်ကျနေတဲ့ထိပ်တန်းအလယ်တန်းတိုက်စစ်သမားတစ်ဦးလည်းဖြစ်ပါတယ်။

ရူဘင်နီဗက်စ်ဟာဝုဗ်နှင့်၂နှစ်စာချုပ်ကျန်နေသေးပေမယ့်ကလပ်ဘက်ကပြောင်းရွှေ့ကြေးပေါင်၃၅သန်းရလျှင်ရောင်းချဖို့အသင့်ရှိနေပါတယ်။

အစောပိုင်းတုန်းကအာဆင်နယ်ကရူဘင်နီဗက်စ်ကိုခေါ်ယူရေးအတွက်ပေါ်တူဂီကစားသမားရဲ့အေးဂျင့်ဂျော့မန်ဒက်စ်နှင့်အတန်ကြာဆွေးနွေးနေခဲ့တာပါ။

ဒါပေမယ့်ဆိုးလ်ရှားဟာပေါ့ဘာအားလက်လွှတ်ရနိုင်တဲ့အနေအထားတွင်ရှိနေမှုနဲ့အတူနီဗက်စ်အားခေါ်ယူရေးလှုပ်ရှားလာကာအာဆင်နယ်ထက်အခြေအနေပိုကောင်းနေပါတယ်။

အထူးသဖြင့်ဘရူနိုဖာနန်ဒက်စ်ကနီဗက်စ်အားကိုယ်တိုင်ဖုန်းဆက်သွယ်ကာမန်ယူသို့ပြောင်းရွှေ့ကစားရေးဖျောင်းဖျနေမှုနဲ့အတူအခြေအနေပိုကောင်းလာနေတာလည်းဖြစ်ပါတယ်။

ZawGyi

လက္ေ႐ြးစင္ကစားေဖာ္အား အိုးထရက္ဖို႔ဒ္သို႔ ေခၚေဆာင္ႏိုင္ေရး ၾကားက ေအးဂ်င့္လုပ္ကာ ေပးေနတဲ့ ဖာနန္ဒက္စ္

ဘ႐ူႏိုဖာနန္ဒက္စ္ဟာေပၚတူဂီအသင္းကစားေဖာ္အားမန္ယူကေခၚယူေရးႀကိဳးပမ္းရာမွာပိုမိုတိုးတက္မႈရွိလာေအာင္အကူအညီမ်ားေပးေနေၾကာင္းသိရပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့အပတ္တုန္းကေဆးစစ္မႈေအာင္ျမင္ခဲ့တဲ့အဂၤလန္စတားေဂ်ာ္ဒြန္ဆန္ခ်ိဳကိုေခၚယူႏိုင္ေရးအၿပီးသတ္လုနီးပါးအေနအထားတြင္ရွိေနၿပီးအလယ္တန္းတိုက္စစ္အတြက္ကစားသမားေခၚယူေရးထပ္မံႀကိဳးစားေနပါတယ္။

အထူးသျဖင့္မန္ယူနည္းျပဆိုးလ္ရွားဟာပီအက္စ္ဂ်ီသို႔ေျပာင္းေရးအတြက္ေပါ့ဘာဘက္ကလႈပ္ရွားလာမႈနဲ႔အတူအလယ္တန္းကိုအားျဖည့္ေရးလုပ္ေဆာင္လာတာလည္းျဖစ္ပါတယ္။

မန္ယူအသင္းကေခၚယူဖို႔ႀကိဳးစားေနတဲ့ေနာက္ဆုံးကစားသမားကေတာ့ဝုဗ္မွအလယ္တန္းတိုက္စစ္သမား႐ူဘင္နီဗက္စ္ျဖစ္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္႐ူဘင္နီဗက္စ္ဟာ၂၀၁၇ခုႏွစ္တြင္ေပၚတိုမွဝုဗ္သို႔ေရာက္လာခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္တြင္အထိုင္က်ေနတဲ့ထိပ္တန္းအလယ္တန္းတိုက္စစ္သမားတစ္ဦးလည္းျဖစ္ပါတယ္။

႐ူဘင္နီဗက္စ္ဟာဝုဗ္ႏွင့္၂ႏွစ္စာခ်ဳပ္က်န္ေနေသးေပမယ့္ကလပ္ဘက္ကေျပာင္းေ႐ႊ႕ေၾကးေပါင္၃၅သန္းရလွ်င္ေရာင္းခ်ဖို႔အသင့္ရွိေနပါတယ္။

အေစာပိုင္းတုန္းကအာဆင္နယ္က႐ူဘင္နီဗက္စ္ကိုေခၚယူေရးအတြက္ေပၚတူဂီကစားသမားရဲ႕ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ႏွင့္အတန္ၾကာေဆြးေႏြးေနခဲ့တာပါ။

ဒါေပမယ့္ဆိုးလ္ရွားဟာေပါ့ဘာအားလက္လႊတ္ရႏိုင္တဲ့အေနအထားတြင္ရွိေနမႈနဲ႔အတူနီဗက္စ္အားေခၚယူေရးလႈပ္ရွားလာကာအာဆင္နယ္ထက္အေျခအေနပိုေကာင္းေနပါတယ္။

အထူးသျဖင့္ဘ႐ူႏိုဖာနန္ဒက္စ္ကနီဗက္စ္အားကိုယ္တိုင္ဖုန္းဆက္သြယ္ကာမန္ယူသို႔ေျပာင္းေ႐ႊ႕ကစားေရးေဖ်ာင္းဖ်ေနမႈနဲ႔အတူအေျခအေနပိုေကာင္းလာေနတာလည္းျဖစ္ပါတယ္။