လက်ရွေးစင်ကစားသမားဘဝမှ အနားယူလာတဲ့ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟာဇက်

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်အေဒင်ဟာဇက်ကအသက်၃၁နှစ်အရွယ်တွင်ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဘဝမှအနားယူကြောင်းကြေညာလာပါတယ်။

အေဒင်ဟာဇက်ဟာ၂၀၀၈ခုနှစ်တွင်ဘယ်လ်ဂျီယံအတွက်စတင်ကစားခွင့်ရရှိပြီးနောက်တောင်ပံ(သို့မဟုတ်) အလယ်တန်းတိုက်စစ်သမားနေရာတို့မှာကစားလာခဲ့သူဖြစ်ပါတယ်။

အသက်၁၇နှစ်အရွယ်ကတည်းကဘယ်လ်ဂျီယံအတွက်ကစားခွင့်ရရှိလာခဲ့တဲ့သူဟာနိုင်ငံအတွက်၁၂၆ပွဲကစားကာ၃၃ဂိုးသွင်းယူပေးခဲ့ပါတယ်။

သူဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဘယ်လ်ဂျီယံတို့အုပ်စုအဆင့်မှပင်ထွက်ခွာခဲ့ရပြီးနောက်လက်ရွေးစင်အသင်းမှအနားယူရန်ဆုံးဖြတ်လာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာဘယ်လ်ဂျီယံနှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲသုံးကြိမ်၊ယူရိုပြိုင်ပွဲနှစ်ကြိမ်ပါဝင်ကစားခဲ့ပြီးဘယ်လ်ဂျီယံအသင်းကိုအသင်းခေါင်းဆောင်အဖြစ်၅၆ပွဲဦးဆောင်ခဲ့ပါတယ်။

ဟာဇက်ဟာဘယ်လ်ဂျီယံရဲ့ကာတာကမ္ဘာ့ဖလားအုပ်စုပွဲသုံးပွဲလုံးပါဝင်ကစားခဲ့ပါတယ်။ဒါပေမဲ့ဘယ်လ်ဂျီယံဟာကနေဒါကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတစ်ပွဲတည်းသာဂိုးသွင်းနိုင်ခဲ့ပြီးမော်ရိုကိုကို၂-၀ဖြင့်ရှုံးနိမ့်ကာခရိုအေးရှားနှင့်ဂိုးမရှိသရေကျခဲ့ပါတယ်။

ဟာဇက်ဟာ၂၀၁၉ခုနှစ်တွင်ချဲလ်ဆီးမှပေါင်သန်း၁၅၀ဖြင့်ရီးရဲလ်မက်ဒရစ်သို့ပြောင်းရွှေ့ပြီးနောက်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်လာခဲ့ရသူလည်းဖြစ်ပါတယ်။

သူဟာယခုရာသီတွင်ရီးရဲလ်မက်ဒရစ်အတွက်အန်ဆယ်လော့တီရဲ့လက်အောက်မှာခြောက်ပွဲတည်းသာကစားခွင့်ရထားပါတယ်။

ZawGyi

လက္ေ႐ြးစင္ကစားသမားဘဝမွ အနားယူလာတဲ့ ဘယ္လ္ဂ်ီယံအသင္းေခါင္းေဆာင္ဟာဇက္

ဘယ္လ္ဂ်ီယံအသင္းေခါင္းေဆာင္ေအဒင္ဟာဇက္ကအသက္၃၁ႏွစ္အ႐ြယ္တြင္ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္ကစားသမားဘဝမွအနားယူေၾကာင္းေၾကညာလာပါတယ္။

ေအဒင္ဟာဇက္ဟာ၂၀၀၈ခုႏွစ္တြင္ဘယ္လ္ဂ်ီယံအတြက္စတင္ကစားခြင့္ရရွိၿပီးေနာက္ေတာင္ပံ(သို႔မဟုတ္)အလယ္တန္းတိုက္စစ္သမားေနရာတို႔မွာကစားလာခဲ့သူျဖစ္ပါတယ္။

အသက္၁၇ႏွစ္အ႐ြယ္ကတည္းကဘယ္လ္ဂ်ီယံအတြက္ကစားခြင့္ရရွိလာခဲ့တဲ့သူဟာႏိုင္ငံအတြက္၁၂၆ပြဲကစားကာ၃၃ဂိုးသြင္းယူေပးခဲ့ပါတယ္။

သူဟာကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဘယ္လ္ဂ်ီယံတို႔အုပ္စုအဆင့္မွပင္ထြက္ခြာခဲ့ရၿပီးေနာက္လက္ေ႐ြးစင္အသင္းမွအနားယူရန္ဆုံးျဖတ္လာခဲ့တာလည္းျဖစ္ပါတယ္။

သူဟာဘယ္လ္ဂ်ီယံႏွင့္အတူကမာၻ႔ဖလားၿပိဳင္ပြဲသုံးႀကိမ္၊ယူ႐ိုၿပိဳင္ပြဲႏွစ္ႀကိမ္ပါဝင္ကစားခဲ့ၿပီးဘယ္လ္ဂ်ီယံအသင္းကိုအသင္းေခါင္းေဆာင္အျဖစ္၅၆ပြဲဦးေဆာင္ခဲ့ပါတယ္။

ဟာဇက္ဟာဘယ္လ္ဂ်ီယံရဲ႕ကာတာကမာၻ႔ဖလားအုပ္စုပြဲသုံးပြဲလုံးပါဝင္ကစားခဲ့ပါတယ္။ဒါေပမဲ့ဘယ္လ္ဂ်ီယံဟာကေနဒါကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတစ္ပြဲတည္းသာဂိုးသြင္းႏိုင္ခဲ့ၿပီးေမာ္႐ိုကိုကို၂-၀ျဖင့္ရႈံးနိမ့္ကာခ႐ိုေအးရွားႏွင့္ဂိုးမရွိသေရက်ခဲ့ပါတယ္။

ဟာဇက္ဟာ၂၀၁၉ခုႏွစ္တြင္ခ်ဲလ္ဆီးမွေပါင္သန္း၁၅၀ျဖင့္ရီးရဲလ္မက္ဒရစ္သို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္လာခဲ့ရသူလည္းျဖစ္ပါတယ္။

သူဟာယခုရာသီတြင္ရီးရဲလ္မက္ဒရစ္အတြက္အန္ဆယ္ေလာ့တီရဲ႕လက္ေအာက္မွာေျခာက္ပြဲတည္းသာကစားခြင့္ရထားပါတယ္။