လက်ရှိကစားသမားများဖြင့် ယခုထက်ပိုပြီး မစွမ်းဆောင်နိုင်ကြောင်း လာပေါ်တာကို ကိုးမန်းပြောကြား

ရော်နယ်ကိုးမန်းရဲ့ဘာစီလိုနာနေ့ရက်တွေကအဆုံးသတ်ဖို့လက်ချိုးရေတွက်နေရပြီဖြစ်ပါတယ်။အထူးသဖြင့်အက်သလက်တီကိုရှုံးနိမ့်ပြီးနောက်ကိုးမန်းရဲ့နေ့ရက်တွေအဆုံးသတ်ဖို့နီးစပ်လာပြီဖြစ်ပါတယ်။

ဘာစီလိုနာဟာချန်ပီယံလိဂ်အုပ်စုပွဲနှစ်ပွဲဆက်တိုက်ရှုံးနိမ့်ထားပြီးချန်ပီယံလိဂ်အုပ်စုအဆင့်မှထွက်ခွာရဖို့အလားအလာများနေပါတယ်။

ဒါပေမယ့်ကိုးမန်းဟာဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာနှင့်တွေ့ဆုံဆွေးနွေးချိန်တွင်အသင်းတွင်ရှိတဲ့လက်ရှိကစားသမားများနှင့်ယခုထက်ပိုကောင်းအောင်လုပ်နိုင်ခြင်းမရှိကြောင်းပြောကြားခဲ့ကြောင်း ရုပ်သံသတင်းဌာန La Porteria ဖော်ပြလာပါတယ်။

ကိုးမန်းက “အခုဒီမှာရှိနေတဲ့ကစားသမားတွေနဲ့ဒီထက်ပိုပြီးကျုပ်ဆီကနေတောင်းဆိုလို့မရဘူး”လို့ပြောကြားခဲ့ပါတယ်။

ကိုးမန်းဟာအက်သလက်တီကိုအားရှုံးနိမ့်တဲ့ပွဲအပြီးမှာယင်းရှုံးပွဲအတွက်ဆယ်ကျော်သက်ကစားသမားနီကိုဂွန်ဇာလက်ဇ်ကိုအပြစ်တင်မှုကြောင့်ဘာစီလိုနာကစားသမားများရဲ့ဒေါသထွက်ခြင်းခံနေရသူလည်းဖြစ်ပါတယ်။

ZawGyi

လက္ရွိကစားသမားမ်ားျဖင့္ ယခုထက္ပိုၿပီး မစြမ္းေဆာင္ႏိုင္ေၾကာင္း လာေပၚတာကို ကိုးမန္းေျပာၾကား

ေရာ္နယ္ကိုးမန္းရဲ႕ဘာစီလိုနာေန႔ရက္ေတြကအဆုံးသတ္ဖို႔လက္ခ်ိဳးေရတြက္ေနရၿပီျဖစ္ပါတယ္။အထူးသျဖင့္အက္သလက္တီကိုရႈံးနိမ့္ၿပီးေနာက္ကိုးမန္းရဲ႕ေန႔ရက္ေတြအဆုံးသတ္ဖို႔နီးစပ္လာၿပီျဖစ္ပါတယ္။

ဘာစီလိုနာဟာခ်န္ပီယံလိဂ္အုပ္စုပြဲႏွစ္ပြဲဆက္တိုက္ရႈံးနိမ့္ထားၿပီးခ်န္ပီယံလိဂ္အုပ္စုအဆင့္မွထြက္ခြာရဖို႔အလားအလာမ်ားေနပါတယ္။

ဒါေပမယ့္ကိုးမန္းဟာဘာစီလိုနာဥကၠဌဂ်ိဳဟန္လာေပၚတာႏွင့္ေတြ႕ဆုံေဆြးေႏြးခ်ိန္တြင္အသင္းတြင္ရွိတဲ့လက္ရွိကစားသမားမ်ားႏွင့္ယခုထက္ပိုေကာင္းေအာင္လုပ္ႏိုင္ျခင္းမရွိေၾကာင္းေျပာၾကားခဲ့ေၾကာင္း ႐ုပ္သံသတင္းဌာန La Porteria ေဖာ္ျပလာပါတယ္။

ကိုးမန္းက “အခုဒီမွာရွိေနတဲ့ကစားသမားေတြနဲ႔ဒီထက္ပိုၿပီးက်ဳပ္ဆီကေနေတာင္းဆိုလို႔မရဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ကိုးမန္းဟာအက္သလက္တီကိုအားရႈံးနိမ့္တဲ့ပြဲအၿပီးမွာယင္းရႈံးပြဲအတြက္ဆယ္ေက်ာ္သက္ကစားသမားနီကိုဂြန္ဇာလက္ဇ္ကိုအျပစ္တင္မႈေၾကာင့္ဘာစီလိုနာကစားသမားမ်ားရဲ႕ေဒါသထြက္ျခင္းခံေနရသူလည္းျဖစ္ပါတယ္။