လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားသုံးဦးကို ဟာလန်း ပြောကြားလာ

အာလင်းဟာလန်းဟာလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားသုံးဦးကို ဖွင့်ဟပြောကြားလာပါတယ်။ဟာလန်းရဲ့လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားသုံးဦးထဲမှာခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်ပါဘူး။

အာလင်းဟာလန်းဟာဆဲလ်ဘတ်ရက်ဘူးလ်မှဒေါ့မွန်သို့ပြောင်းရွှေ့လာပြီးနောက် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်ရပ်တည်လာနိုင်ခဲ့သူဖြစ်ပြီး မကြာသေးမီတုန်းကဖီဖာရဲ့ကမ္ဘာ့အကောင်းဆုံးအသင်းတွင် ရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

အာလင်းဟာလန်းက “ကမ္ဘာ့ထိပ်ဆုံးသုံးယောက်။လီဝန်ဒေါ့စကီးကိုထိပ်ဆုံးက မဖြစ်မနေရွေးရမယ်။ပြီးရင်ဘန်ဇီးမား။သူကအရမ်းအံ့ဩစရာကောင်းတယ်။ဒါပေမဲ့မက်ဆီကလည်းအရမ်းကောင်းနေတယ်။ဒီတော့ဘန်ဇီးမားနဲ့မက်ဆီတို့ကနံပါတ်၂နံပါတ်၃နေရာမှာရှိပါမယ်”လို့ပြောကြားသွားပါတယ်။

မက်ဆီနှင့်လီဝန်ဒေါ့စကီးတို့ဟာပြီးခဲ့လများမှာကမ္ဘာ့အကောင်းဆုံးဆုနှစ်ခုကို တစ်ခုစီအသီးသီးရယူခဲ့ကြသူများဖြစ်ပါတယ်။ မက်ဆီက Ballon d’Or ဆုကိုရယူခဲ့သလို လီဝန်ဒေါ့စကီးကလည်း ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုရယူခဲ့ပါတယ်။

လာမယ့်လအနည်းငယ်ကာလက အာလင်းဟာလန်းအတွက်အရေးပါတဲ့ကာလများဖြစ်ပါတယ်။ဟာလန်းရဲ့ဒေါ့မွန်နေ့ရက်တွေကရေတွက်နေရပြီဖြစ်ပြီး ဥရောပထိပ်သီးကလပ်တစ်ခုသို့ပြောင်းဖို့ရှိပါတယ်။

ZawGyi

လက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားသုံးဦးကို ဟာလန္း ေျပာၾကားလာ

အာလင္းဟာလန္းဟာလက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားသုံးဦးကို ဖြင့္ဟေျပာၾကားလာပါတယ္။ဟာလန္းရဲ႕လက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားသုံးဦးထဲမွာခရစၥတီယာႏိုေရာ္နယ္ဒိုမပါဝင္ပါဘူး။

အာလင္းဟာလန္းဟာဆဲလ္ဘတ္ရက္ဘူးလ္မွေဒါ့မြန္သို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္လာႏိုင္ခဲ့သူျဖစ္ၿပီး မၾကာေသးမီတုန္းကဖီဖာရဲ႕ကမာၻ႔အေကာင္းဆုံးအသင္းတြင္ ေ႐ြးခ်ယ္ခံခဲ့ရသူလည္းျဖစ္ပါတယ္။

အာလင္းဟာလန္းက “ကမာၻ႔ထိပ္ဆုံးသုံးေယာက္။လီဝန္ေဒါ့စကီးကိုထိပ္ဆုံးက မျဖစ္မေနေ႐ြးရမယ္။ၿပီးရင္ဘန္ဇီးမား။သူကအရမ္းအံ့ဩစရာေကာင္းတယ္။ဒါေပမဲ့မက္ဆီကလည္းအရမ္းေကာင္းေနတယ္။ဒီေတာ့ဘန္ဇီးမားနဲ႔မက္ဆီတို႔ကနံပါတ္၂နံပါတ္၃ေနရာမွာရွိပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မက္ဆီႏွင့္လီဝန္ေဒါ့စကီးတို႔ဟာၿပီးခဲ့လမ်ားမွာကမာၻ႔အေကာင္းဆုံးဆုႏွစ္ခုကို တစ္ခုစီအသီးသီးရယူခဲ့ၾကသူမ်ားျဖစ္ပါတယ္။ မက္ဆီက Ballon d’Or ဆုကိုရယူခဲ့သလို လီဝန္ေဒါ့စကီးကလည္း ဖီဖာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုရယူခဲ့ပါတယ္။

လာမယ့္လအနည္းငယ္ကာလက အာလင္းဟာလန္းအတြက္အေရးပါတဲ့ကာလမ်ားျဖစ္ပါတယ္။ဟာလန္းရဲ႕ေဒါ့မြန္ေန႔ရက္ေတြကေရတြက္ေနရၿပီျဖစ္ၿပီး ဥေရာပထိပ္သီးကလပ္တစ္ခုသို႔ေျပာင္းဖို႔ရွိပါတယ္။