လက်ရှိဂိုးသွင်းနှုန်းအတိုင်း ဆက်သွင်းနေလျှင် ရှီးယားနှင့် ကိုးလ်တို့ရဲ့ပရီးမီးယားလိဂ်ဂိုးသွင်းစံချိန်ကို အာလင်းဟာလန်းဘယ်တော့ရိုက်ချိုးမလဲ?

အာလင်းဟာလန်းဟာလက်ရှိပရီးမီးယားလိဂ်ဂိုးသွင်းနှုန်းအတိုင်းဆက်လက်သွင်းနေဦးမည်ဆိုပါကဇန်နဝါရီလတွင်ပင်ပရီးမီးယားလိဂ်တစ်ရာသီသွင်းဂိုးအများဆုံးစံချိန်ဖြစ်တဲ့၃၄ဂိုးစံချိန်ကိုရိုက်ချိုးလာဖို့ရှိနေပါတယ်။

မန်စီးတီးတိုက်စစ်မှူးဟာအီတီဟတ်တွင်ခါးသီးတဲ့ပြိုင်ဘက်ယူနိုက်တက်ကို၆-၃ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဟက်ထရစ်သွင်းယူနိုင်ပြီးနောက်ပရီးမီးယားလိဂ်တွင်အိမ်ကွင်းသုံးပွဲဆက်ဟက်ထရစ်သွင်းယူနိုင်သူဖြစ်လာပါတယ်။

သူဟာယင်းဟက်ထရစ်ကြောင့်မန်စီးတီးအတွက်ပြိုင်ပွဲအရပ်ရပ်သွင်းဂိုး၁၇ဂိုးအထိရှိလာပါတယ်။သူဟာပရီးမီးယားလိဂ်တွင်၈ပွဲကစားထားရာမှာ၁၄ဂိုးအထိသွင်းထားနိုင်ပါတယ်။

ဒါကြောင့်လည်းဟာလန်းဟာပရီးမီးယားလိဂ်တွင်တစ်ပွဲပျမ်းမျှသွင်းဂိုး၁.၇၅ဂိုးနှုန်းအထိသွင်းထားနိုင်ပါတယ်။

တကယ်လို့များသူဟာယင်းဂိုးသွင်းနှုန်းအတိုင်းဆက်သွင်းနေမယ်ဆိုရင်တော့နှစ်သစ်ကူးကာလတွင်ပင်ပရီးမီးယားလိဂ်တစ်ရာသီဂိုးအများဆုံးသွင်းဂိုးစံချိန်ကိုရိုက်ချိုးလာပါမယ်။

အင်ဒီကိုးလ်က၁၉၉၃-၉၄ရာသီတွင်နယူးကာဆယ်တွင်ကစားစဉ်ကလည်းကောင်း၊အလန်ရှီးယားက၁၁၉၄-၉၅ရာသီတွင်လည်းကောင်းပရီးမီးယားလိဂ်တစ်ရာသီတည်းတွင်၃၄ဂိုးသွင်းပြီးစံချိန်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမဲ့လက်ရှိအချိန်တွင်အာလင်းဟာလန်းဟာတစ်ပွဲပျမ်းမျှ၁.၇၅ဂိုးနှုန်းသွင်းနေရာသူဟာရာသီသိမ်းချိန်တွင်၆၇ဂိုးအထိကြောက်ခမန်းလိလိသွင်းလာနိုင်ပါမယ်။

သူဟာတစ်ပွဲပျမ်းမျှ၁.၇၅နှုန်းအတိုင်းသွင်းနိုင်ပါကလာမယ့်ဇန်နဝါရီလ၁၄ရက်နေ့တွင်အိုးထရက်ဖို့ဒ်တွင်ကစားရမယ့်မန်ချက်စတာဒါဘီပွဲစဉ်မှာပရီးမီးယားလိဂ်ဂိုး၃၅ဂိုးပြည့်သွင်းလာနိုင်ပါမယ်။

တကယ်လို့များယင်းပွဲမတိုင်မီရွှေ့ဆိုင်းခဲ့ရတဲ့စပါးစ်၊အာဆင်နယ်တို့ပွဲကိုကစားရမည်ဆိုပါကယူနိုက်တက်နှင့်ပွဲမတိုင်မီမှာပင်စံချိန်ရေးထိုးနိုင်ပါမယ်။

ဒါပေမဲ့ယင်းနှစ်ပွဲမှတစ်ပွဲကိုသာဇန်နဝါရီလ၁၄ရက်နေ့မတိုင်မီပြန်ကစားမည်ဆိုပါကအာလင်းဟာလန်းဟာဇန်နဝါရီလ၂၁ရက်နေ့ဝုဗ်နှင့်ပွဲတွင်မှပရီးမီးယားလိဂ်ဂိုးသွင်းစံချိန်သစ်ရေးထိုးနိုင်ပါမယ်။

တကယ်လို့များတစ်ပွဲမှပြန်ကစားရန်မရေးဆွဲလာပါကအာလင်းဟာလန်းအနေဖြင့်ဖေဖော်ဝါရီလ၄ရက်နေ့တွင်မှပရီးမီးယားလိဂ်ဂိုးသွင်းစံချိန်သစ်တင်နိုင်ပါမယ်။

ZawGyi

လက္ရွိဂိုးသြင္းႏႈန္းအတိုင္း ဆက္သြင္းေနလွ်င္ ရွီးယားႏွင့္ ကိုးလ္တို႔ရဲ႕ပရီးမီးယားလိဂ္ဂိုးသြင္းစံခ်ိန္ကို အာလင္းဟာလန္းဘယ္ေတာ့႐ိုက္ခ်ိဳးမလဲ?

အာလင္းဟာလန္းဟာလက္ရွိပရီးမီးယားလိဂ္ဂိုးသြင္းႏႈန္းအတိုင္းဆက္လက္သြင္းေနဦးမည္ဆိုပါကဇန္နဝါရီလတြင္ပင္ပရီးမီးယားလိဂ္တစ္ရာသီသြင္းဂိုးအမ်ားဆုံးစံခ်ိန္ျဖစ္တဲ့၃၄ဂိုးစံခ်ိန္ကို႐ိုက္ခ်ိဳးလာဖို႔ရွိေနပါတယ္။

မန္စီးတီးတိုက္စစ္မႉးဟာအီတီဟတ္တြင္ခါးသီးတဲ့ၿပိဳင္ဘက္ယူႏိုက္တက္ကို၆-၃ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဟက္ထရစ္သြင္းယူႏိုင္ၿပီးေနာက္ပရီးမီးယားလိဂ္တြင္အိမ္ကြင္းသုံးပြဲဆက္ဟက္ထရစ္သြင္းယူႏိုင္သူျဖစ္လာပါတယ္။

သူဟာယင္းဟက္ထရစ္ေၾကာင့္မန္စီးတီးအတြက္ၿပိဳင္ပြဲအရပ္ရပ္သြင္းဂိုး၁၇ဂိုးအထိရွိလာပါတယ္။သူဟာပရီးမီးယားလိဂ္တြင္၈ပြဲကစားထားရာမွာ၁၄ဂိုးအထိသြင္းထားႏိုင္ပါတယ္။

ဒါေၾကာင့္လည္းဟာလန္းဟာပရီးမီးယားလိဂ္တြင္တစ္ပြဲပ်မ္းမွ်သြင္းဂိုး၁.၇၅ဂိုးႏႈန္းအထိသြင္းထားႏိုင္ပါတယ္။

တကယ္လို႔မ်ားသူဟာယင္းဂိုးသြင္းႏႈန္းအတိုင္းဆက္သြင္းေနမယ္ဆိုရင္ေတာ့ႏွစ္သစ္ကူးကာလတြင္ပင္ပရီးမီးယားလိဂ္တစ္ရာသီဂိုးအမ်ားဆုံးသြင္းဂိုးစံခ်ိန္ကို႐ိုက္ခ်ိဳးလာပါမယ္။

အင္ဒီကိုးလ္က၁၉၉၃-၉၄ရာသီတြင္နယူးကာဆယ္တြင္ကစားစဥ္ကလည္းေကာင္း၊အလန္ရွီးယားက၁၁၉၄-၉၅ရာသီတြင္လည္းေကာင္းပရီးမီးယားလိဂ္တစ္ရာသီတည္းတြင္၃၄ဂိုးသြင္းၿပီးစံခ်ိန္ေရးထိုးခဲ့ၾကပါတယ္။

ဒါေပမဲ့လက္ရွိအခ်ိန္တြင္အာလင္းဟာလန္းဟာတစ္ပြဲပ်မ္းမွ်၁.၇၅ဂိုးႏႈန္းသြင္းေနရာသူဟာရာသီသိမ္းခ်ိန္တြင္၆၇ဂိုးအထိေၾကာက္ခမန္းလိလိသြင္းလာႏိုင္ပါမယ္။

သူဟာတစ္ပြဲပ်မ္းမွ်၁.၇၅ႏႈန္းအတိုင္းသြင္းႏိုင္ပါကလာမယ့္ဇန္နဝါရီလ၁၄ရက္ေန႔တြင္အိုးထရက္ဖို႔ဒ္တြင္ကစားရမယ့္မန္ခ်က္စတာဒါဘီပြဲစဥ္မွာပရီးမီးယားလိဂ္ဂိုး၃၅ဂိုးျပည့္သြင္းလာႏိုင္ပါမယ္။

တကယ္လို႔မ်ားယင္းပြဲမတိုင္မီေ႐ႊ႕ဆိုင္းခဲ့ရတဲ့စပါးစ္၊အာဆင္နယ္တို႔ပြဲကိုကစားရမည္ဆိုပါကယူႏိုက္တက္ႏွင့္ပြဲမတိုင္မီမွာပင္စံခ်ိန္ေရးထိုးႏိုင္ပါမယ္။

ဒါေပမဲ့ယင္းႏွစ္ပြဲမွတစ္ပြဲကိုသာဇန္နဝါရီလ၁၄ရက္ေန႔မတိုင္မီျပန္ကစားမည္ဆိုပါကအာလင္းဟာလန္းဟာဇန္နဝါရီလ၂၁ရက္ေန႔ဝုဗ္ႏွင့္ပြဲတြင္မွပရီးမီးယားလိဂ္ဂိုးသြင္းစံခ်ိန္သစ္ေရးထိုးႏိုင္ပါမယ္။

တကယ္လို႔မ်ားတစ္ပြဲမွျပန္ကစားရန္မေရးဆြဲလာပါကအာလင္းဟာလန္းအေနျဖင့္ေဖေဖာ္ဝါရီလ၄ရက္ေန႔တြင္မွပရီးမီးယားလိဂ္ဂိုးသြင္းစံခ်ိန္သစ္တင္ႏိုင္ပါမယ္။