လက်ရှိမန်ယူအသင်းမှာ ၉၉ ဖလားသုံးလုံးရအသင်းထက် တောင့်တင်းကြောင်း ဆိုးလ်ရှားပြောကြား

အိုလီဂန်းနားဆိုးလ်ရှားဟာသူ့ရဲ့မန်ယူစတားများအားလက်ရှိမန်ယူအသင်းမှာကလပ်ရဲ့၉၉သူရဲကောင်းများထက်ပိုမိုကောင်းမွန်ကြောင်းပြောကြားခဲ့ကြောင်းသိရပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူနိုင်ခဲ့ပြီးနောက်ပရီးမီးယားလဂ်ဖလားဆွတ်ခူးရန်ရေပန်းအစားဆံဒးဖြစ်နေပြီလို့ယုံကြည်နေပါတယ်။ဒါ့အပြင်သူဟာသူကိုယ်တိုင်ပါဝင်ခဲ့တဲ့လွန်ခဲ့တဲ့၂၂နှစ်တုန်းက၁၉၉၉ခုနှစ်ဖလားသုံးလုံးရမန်ယူထက်လက်ရှိအသင်းကပိုကောင်းနေတယ်လို့လည်းယုံကြည်နေပါတယ်။

ဆိုးလ်ရှားကသူတို့ရဲ့ပရီးမီးယားလိဂ်ဖလားမျှော်လင့်ချက်ကိုဖျက်ဆီးနိုင်တဲ့အသင်းအဖြစ်မန်စီးတီး၊လီဗာပူးတို့ကိုမမြင်ဘဲလူကာကူကိုခေါ်ယူထားတဲ့ချဲလ်ဆီးကိုသာအဓိကပြိုင်ဘက်အဖြစ်မြင်နေပါတယ်။

နော်ဝေလူမျိုးနည်းပြကရော်နယ်ဒိုမှာကိုးနှစ်ကြာပရီးမီးယားလိဂ်ဖလားဝေးကွာနေမှုကိုအဆုံးသတ်ပေးမယ့်အရေးပါတဲ့အဓိကကစားသမားအဖြစ််မြင်နေပါတယ်။

ZawGyi





နော်ဝေလူမျိုးနည်းပြကရော်နယ်ဒိုမှာကိုးနှစ်ကြာပရီးမီးယားလိဂ်ဖလားဝေးကွာနေမှုကိုအဆုံးသတ်ပေးမယ့်အရေးပါတဲ့အဓိကကစားသမားအဖြစ်မြင်နေပါတယ်။