လက်ရှိယူနိုက်တက်မှာ အနိုင်ရလိုစိတ်မရှိ၊ အောင်မြင်မှုဆာလှောင်ခြင်းမရှိကြောင်း နာနီဝေဖန်

မန်ချက်စတာယူနိုက်တက်ပရိသတ်အချစ်တော်နာနီဟာသူကစားခဲ့တဲ့ဆာအဲလက်စ်ဖာဂူဆန်လက်အောက်တုန်းကယူနိုက်တက်နှင့်လက်ရှိယူနိုက်တက်နှင့်ပတ်သက်ပြီးမေးမြန်းလာချိန်မှာဘာကိုမှမငဲ့ကွဲ့ဘဲပွင့်ပွင့်လင်းလင်းပြောဆိုလာပါတယ်။

လက်ရှိအချိန်တွင်ဩစတြေးလျကလပ်မဲလ်ဘုန်းဗစ်တိုးရီးတွင်ကစားနေတဲ့အသက်၃၅နှစ်ရှိပေါ်တူဂီလက်ရွေးစင်ဟောင်းဟာယူနိုက်တက်တွင်ကစားတဲ့၈နှစ်တာကာလအတွင်းတွင်ပရီးမီးယားလိဂ်ဖလား၄ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၅ခုနှစ်တွင်ယူနိုက်တက်မှထွက်ခွာသွားခဲ့ပါတယ်။ယူနိုက်တက်ဟာလည်းယခုအခါဆုဖလားနှင့်ဝေးကွာလာခဲ့တာ၅ရာသီတိုင်တိုင်ရှိပါတယ်။

၎င်းတို့ဟာလာမယ့်လများအတွင်းတွင်အောင်မြင်မှုနှင့်ဆက်လက်ဝေးကွာလာဖို့ရှိနေပါတယ်။

ယူနိုက်တက်ဟာဘရိုက်တန်ကိုပရီးမီးယားလိဂ်အဖွင့်ပွဲတွင်၂-၁ဖြင့်ရှုံးနိမ့်ပြီးနောက်ပြီးခဲ့တဲ့အပတ်တုန်းကအိုးထရက်ဖို့ဒ်တွင်ဘရန့်ဖို့ဒ်ကို၄-၀ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ရီယိုဖာဒီနန်ရဲ့VIBE WITH FIVE Podcast တွင်အဲရစ်တန်ဟက်ရဲ့အသင်းနဲ့ဆာအဲလက်စ်ဖာဂူဆန်ရဲ့အသင်းတို့အကြားကွဲပြားမှုကိုမေးမြန်းလာချိန်တွင်နာနီက “တခါတလေစကားအများကြီးမပြောချင်ဘူး။ကစားသမားတွေနဲ့ပတ်သက်ပြီးကျွန်တော်မပြောဘူး။ဒါပေမဲ့ဘာဆာလောင်မှုမရှိတာခင်ဗျားလည်းတွေ့မှာပါ။ဘာဆာလောင်မှုမှမရှိဘူး။ဘာအပြုအမူကောင်းမှမရှိဘူး။အနိုင်လိုချင်တဲ့ဆန္ဒလည်းမရှိဘူး။ပါရမီရှင်တွေရှိတယ်။ပါရမီရှင်ကစားသမားတွေအများကြီးပိုင်ဆိုင်ထားတာပါ။ဒါပေမဲ့သူတို့ကအနိုင်ရယူဖို့အပင်ပန်းမခံချင်ကြပါဘူး။ချွေးထွက်မှအနိုင်ရမယ်။ဒါပေမဲ့သူတို့ကတော့မဟုတ်ပါဘူး။သူတို့တစ်ကြိမ်ပြေးလိုက်တယ်။တကယ်လို့ဘောလုံးရဖို့ဖျက်ထုတ်ရမယ်ဆိုရင်လည်းစိတ်မပါတပါလုပ်လိုက်တာပဲ။ကျုပ်တို့တုန်းကဘယ်လိုလဲဆိုတာခင်ဗျားလည်းအသိပါ။နောက်သို့ပြေးဆင်းရတာ။ပြီးရင်တိုက်စစ်မှာလည်းပြေးရသေးတယ်။ပင်ပန်းရင်လည်းဆက်ကစားတာပဲ။ ပင်ပန်းနေရင်လည်းဂိုးသွင်းတာပဲလေ။တစ်ဦးချင်းတိုက်စစ်မှာထိပ်တိုက်တွေ့ဖို့ဘယ်တုန်းကမှမကြောက်ဘူး။ကျုပ်ဘောလုံးရပြီဆိုတာနောက်ခံလူတွေကြောက်ကြတော့ပဲ။ဒါကတကယ့်ကိုကြီးမားတဲ့ကွာခြားချက်ပါ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်နာနီဟာယူနိုက်တက်မှထွက်ခွာလိုနေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုလည်းကာကွယ်သွားခဲ့ပါတယ်။

၎င်းက “ကျုပ်တို့အကြာကြီးအတူတွဲကစားလာခဲ့ကြတာပါ။ပြီးတော့ခရစ္စတီယာနိုကလည်းကလေးမဟုတ်တော့ပါဘူး။အချိန်တွေပြောင်းလဲသွားပြီ။အပြုအမူ၊တုံ့ပြန်မှုကွာဟသွားပါပြီ။ဒါပေမဲ့သူဟာပုံမှန်လုပ်နေကြအရာတွေလုပ်နေတုန်းပါ။သူကရှုံးရင်မကြိုက်ဘူး။အသင်းကစားတာမကောင်းရင်သူစိတ်ပျက်တယ်။ဒါပေမဲ့တခုကွဲပြားသွားတာကတော့အချိန်တွေကွာပြားသွားတာပါ။သူဟာယူနိုက်တက်နဲ့လည်းရင်ဆိုင်ကစားခဲ့တာပါပဲ။ဒါဟာကွဲပြားတဲ့အသင်း၊ကွဲပြားတဲ့ကစားသမားတွေနဲ့တကမ္ဘာတလွှားကစားလာခဲ့တာပါ။သူဟာတောင့်တင်းတဲ့အသင်းတစ်သင်းတည်ဆောက်ဖို့ကြိုးစားနေတဲ့ နည်းပြရှိနေတဲ့အသင်းမှာကစားနေတာပါ။ဒီတော့တခါတလေမလွယ်ကူပါဘူး။ခရစ္စတီယာနိုအတွက်ကတော့တည်ဆောက်မယ့်အသင်းမှာအချိန်မကုန်ဆုံးချင်ပါဘူး။လာမယ့်ရာသီအထိမစောင့်ချင်တော့ပါဘူး။သူကထိပ်တန်းအဆင့်မှာပဲဆက်ကစားသွားချင်တယ်။ဂိုးတွေသွင်းချင်တယ်။ဒါကြောင့်လည်းသူ့တုံ့ပြန်မှုကပုံမှန်လို့ပြောတာပါ။တကယ်တော့ကျွန်တော်တို့အားလုံးဟာတခါတလေမှားယွင်းတုံ့ပြန်တတ်ကြပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လက္ရွိယူႏိုက္တက္မွာ အႏိုင္ရလိုစိတ္မရွိ၊ ေအာင္ျမင္မႈဆာေလွာင္ျခင္းမရွိေၾကာင္း နာနီေဝဖန္

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္အခ်စ္ေတာ္နာနီဟာသူကစားခဲ့တဲ့ဆာအဲလက္စ္ဖာဂူဆန္လက္ေအာက္တုန္းကယူႏိုက္တက္ႏွင့္လက္ရွိယူႏိုက္တက္ႏွင့္ပတ္သက္ၿပီးေမးျမန္းလာခ်ိန္မွာဘာကိုမွမငဲ့ကြဲ႕ဘဲပြင့္ပြင့္လင္းလင္းေျပာဆိုလာပါတယ္။

လက္ရွိအခ်ိန္တြင္ဩစေၾတးလ်ကလပ္မဲလ္ဘုန္းဗစ္တိုးရီးတြင္ကစားေနတဲ့အသက္၃၅ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္ေဟာင္းဟာယူႏိုက္တက္တြင္ကစားတဲ့၈ႏွစ္တာကာလအတြင္းတြင္ပရီးမီးယားလိဂ္ဖလား၄ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၅ခုႏွစ္တြင္ယူႏိုက္တက္မွထြက္ခြာသြားခဲ့ပါတယ္။ယူႏိုက္တက္ဟာလည္းယခုအခါဆုဖလားႏွင့္ေဝးကြာလာခဲ့တာ၅ရာသီတိုင္တိုင္ရွိပါတယ္။

၎တို႔ဟာလာမယ့္လမ်ားအတြင္းတြင္ေအာင္ျမင္မႈႏွင့္ဆက္လက္ေဝးကြာလာဖို႔ရွိေနပါတယ္။

ယူႏိုက္တက္ဟာဘ႐ိုက္တန္ကိုပရီးမီးယားလိဂ္အဖြင့္ပြဲတြင္၂-၁ျဖင့္ရႈံးနိမ့္ၿပီးေနာက္ၿပီးခဲ့တဲ့အပတ္တုန္းကအိုးထရက္ဖို႔ဒ္တြင္ဘရန႔္ဖို႔ဒ္ကို၄-၀ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ရီယိုဖာဒီနန္ရဲ႕VIBE WITH FIVE Podcast တြင္အဲရစ္တန္ဟက္ရဲ႕အသင္းနဲ႔ဆာအဲလက္စ္ဖာဂူဆန္ရဲ႕အသင္းတို႔အၾကားကြဲျပားမႈကိုေမးျမန္းလာခ်ိန္တြင္နာနီက “တခါတေလစကားအမ်ားႀကီးမေျပာခ်င္ဘူး။ကစားသမားေတြနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္မေျပာဘူး။ဒါေပမဲ့ဘာဆာေလာင္မႈမရွိတာခင္ဗ်ားလည္းေတြ႕မွာပါ။ဘာဆာေလာင္မႈမွမရွိဘူး။ဘာအျပဳအမူေကာင္းမွမရွိဘူး။အႏိုင္လိုခ်င္တဲ့ဆႏၵလည္းမရွိဘူး။ပါရမီရွင္ေတြရွိတယ္။ပါရမီရွင္ကစားသမားေတြအမ်ားႀကီးပိုင္ဆိုင္ထားတာပါ။ဒါေပမဲ့သူတို႔ကအႏိုင္ရယူဖို႔အပင္ပန္းမခံခ်င္ၾကပါဘူး။ေခြၽးထြက္မွအႏိုင္ရမယ္။ဒါေပမဲ့သူတို႔ကေတာ့မဟုတ္ပါဘူး။သူတို႔တစ္ႀကိမ္ေျပးလိုက္တယ္။တကယ္လို႔ေဘာလုံးရဖို႔ဖ်က္ထုတ္ရမယ္ဆိုရင္လည္းစိတ္မပါတပါလုပ္လိုက္တာပဲ။က်ဳပ္တို႔တုန္းကဘယ္လိုလဲဆိုတာခင္ဗ်ားလည္းအသိပါ။ေနာက္သို႔ေျပးဆင္းရတာ။ၿပီးရင္တိုက္စစ္မွာလည္းေျပးရေသးတယ္။ပင္ပန္းရင္လည္းဆက္ကစားတာပဲ။ ပင္ပန္းေနရင္လည္းဂိုးသြင္းတာပဲေလ။တစ္ဦးခ်င္းတိုက္စစ္မွာထိပ္တိုက္ေတြ႕ဖို႔ဘယ္တုန္းကမွမေၾကာက္ဘူး။က်ဳပ္ေဘာလုံးရၿပီဆိုတာေနာက္ခံလူေတြေၾကာက္ၾကေတာ့ပဲ။ဒါကတကယ့္ကိုႀကီးမားတဲ့ကြာျခားခ်က္ပါ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္နာနီဟာယူႏိုက္တက္မွထြက္ခြာလိုေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုလည္းကာကြယ္သြားခဲ့ပါတယ္။

၎က “က်ဳပ္တို႔အၾကာႀကီးအတူတြဲကစားလာခဲ့ၾကတာပါ။ၿပီးေတာ့ခရစၥတီယာႏိုကလည္းကေလးမဟုတ္ေတာ့ပါဘူး။အခ်ိန္ေတြေျပာင္းလဲသြားၿပီ။အျပဳအမူ၊တုံ႔ျပန္မႈကြာဟသြားပါၿပီ။ဒါေပမဲ့သူဟာပုံမွန္လုပ္ေနၾကအရာေတြလုပ္ေနတုန္းပါ။သူကရႈံးရင္မႀကိဳက္ဘူး။အသင္းကစားတာမေကာင္းရင္သူစိတ္ပ်က္တယ္။ဒါေပမဲ့တခုကြဲျပားသြားတာကေတာ့အခ်ိန္ေတြကြာျပားသြားတာပါ။သူဟာယူႏိုက္တက္နဲ႔လည္းရင္ဆိုင္ကစားခဲ့တာပါပဲ။ဒါဟာကြဲျပားတဲ့အသင္း၊ကြဲျပားတဲ့ကစားသမားေတြနဲ႔တကမာၻတလႊားကစားလာခဲ့တာပါ။သူဟာေတာင့္တင္းတဲ့အသင္းတစ္သင္းတည္ေဆာက္ဖို႔ႀကိဳးစားေနတဲ့ နည္းျပရွိေနတဲ့အသင္းမွာကစားေနတာပါ။ဒီေတာ့တခါတေလမလြယ္ကူပါဘူး။ခရစၥတီယာႏိုအတြက္ကေတာ့တည္ေဆာက္မယ့္အသင္းမွာအခ်ိန္မကုန္ဆုံးခ်င္ပါဘူး။လာမယ့္ရာသီအထိမေစာင့္ခ်င္ေတာ့ပါဘူး။သူကထိပ္တန္းအဆင့္မွာပဲဆက္ကစားသြားခ်င္တယ္။ဂိုးေတြသြင္းခ်င္တယ္။ဒါေၾကာင့္လည္းသူ႔တုံ႔ျပန္မႈကပုံမွန္လို႔ေျပာတာပါ။တကယ္ေတာ့ကြၽန္ေတာ္တို႔အားလုံးဟာတခါတေလမွားယြင္းတုံ႔ျပန္တတ္ၾကပါတယ္”လို႔ေျပာၾကားသြားပါတယ္။