လက်ရှိယူရို ၂၀၂၀ ပွဲများကို စူပါကွန်ပျူတာ ဟောကိန်းထုတ်လာ။ အင်္ဂလန်တို့ အသည်းကွဲရဦးမည်

စူပါကွန်ပျူတာကအင်္ဂလန်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့်တွင်ဒိန်းမတ်ကိုအနိုင်ယူကာဗိုလ်လုပွဲသို့တက်ရောက်မယ်လို့ဟောကိန်းထုတ်လာပါတယ်။ဒါပေမယ့်စူပါကွန်ပျူတာကအင်္ဂလန်ဟာဗိုလ်လုပွဲမှာအီတလီကိုရှုံးနိမ့်မယ်လို့ဆိုသွားပါတယ်။

ဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာဗုဒ္ဓဟူးနေ့မှာယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်ဒိန်းမတ်နှင့်ရင်ဆိုင်ကစားရပါမယ်။

အင်္ဂလန်ဟာဒိန်းမတ်ကိုကျော်ဖြတ်နိုင်လျှင်လာမယ့်တနင်္ဂနွေနေ့မှာဝင်ဘာလေကွင်းမှာစပိန်(သို့မဟုတ်)အီတလီနှင့်ယူရိုဗိုလ်လုပွဲရင်ဆိုင်ကစားရပါမယ်။

စူပါကွန်ပျူတာကယူရို၂၀၂၀တွင်အကောင်းဆုံးပုံစံကိုပြသနေတဲ့အီတလီအသင်းမှာ လက်ကျန်လေးသင်းတွင် ယူရိုချန်ပီယံဖြစ်နိုင်ခြေ၃၈ရာခိုင်နှုန်းရှိနေပြီးအမြင့်မားဆုံးအသင်းအဖြစ်ရွေးချယ်ထားပါတယ်။

အင်္ဂလန်အသင်းဟာ၂၉.၄ရာခိုင်နှုန်းဖြင့်ယူရိုချန်ပီယံဖြစ်ရန်ဒုတိယအခြေအနေအကောင်းဆုံးအသင်းဖြစ်ပါတယ်။အင်္ဂလန်ဟာယူရို၂၀၂၀ပြိုင်ပွဲမှာဂိုးတစ်ဂိုးမှမပေးရသေးပါဘူး။

စပိန်အသင်းကယူရိုချန်ပီယံဖြစ်နိုင်ခြေ၂၂.၄ရာခိုင်နှုန်းရှိပါတယ်။စပိန်ဟာအုပ်စုအဖွင့်ပွဲနှစ်ပွဲမှာသရေကျခဲ့ပြီးနောက်တဖြည်းဖြည်းအကောင်းဆုံးပုံစံရလာတဲ့အသင်းဖြစ်ပါတယ်။

ဒိန်းမတ်ကတော့ယူရိုချန်ပီယံဖြစ်နိုင်ခြေ၈.၄ရာခိုင်နှုန်းသာရှိပါတယ်။

ပရိသတ်တွေကကော ဘယ်အသင်း ယူရိုချန်ပီယံဖြစ်မယ်လို့ထင်လဲ?

ZawGyi

လက္ရွိယူ႐ို ၂၀၂၀ ပြဲမ်ားကို စူပါကြန္ပ်ဴတာ ေဟာကိန္းထုတ္လာ။ အဂၤလန္တို႔ အသည္းကြဲရဦးမည္

စူပါကြန္ပ်ဴတာကအဂၤလန္အသင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္အဆင့္တြင္ဒိန္းမတ္ကိုအႏိုင္ယူကာဗိုလ္လုပြဲသို႔တက္ေရာက္မယ္လို႔ေဟာကိန္းထုတ္လာပါတယ္။ဒါေပမယ့္စူပါကြန္ပ်ဴတာကအဂၤလန္ဟာဗိုလ္လုပြဲမွာအီတလီကိုရႈံးနိမ့္မယ္လို႔ဆိုသြားပါတယ္။

ဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္ဟာဗုဒၶဟူးေန႔မွာယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ဒိန္းမတ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

အဂၤလန္ဟာဒိန္းမတ္ကိုေက်ာ္ျဖတ္ႏိုင္လွ်င္လာမယ့္တနဂၤေႏြေန႔မွာဝင္ဘာေလကြင္းမွာစပိန္(သို႔မဟုတ္)အီတလီႏွင့္ယူ႐ိုဗိုလ္လုပြဲရင္ဆိုင္ကစားရပါမယ္။

စူပါကြန္ပ်ဴတာကယူ႐ို၂၀၂၀တြင္အေကာင္းဆုံးပုံစံကိုျပသေနတဲ့အီတလီအသင္းမွာ လက္က်န္ေလးသင္းတြင္ ယူ႐ိုခ်န္ပီယံျဖစ္ႏိုင္ေျခ၃၈ရာခိုင္ႏႈန္းရွိေနၿပီးအျမင့္မားဆုံးအသင္းအျဖစ္ေ႐ြးခ်ယ္ထားပါတယ္။

အဂၤလန္အသင္းဟာ၂၉.၄ရာခိုင္ႏႈန္းျဖင့္ယူ႐ိုခ်န္ပီယံျဖစ္ရန္ဒုတိယအေျခအေနအေကာင္းဆုံးအသင္းျဖစ္ပါတယ္။အဂၤလန္ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာဂိုးတစ္ဂိုးမွမေပးရေသးပါဘူး။

စပိန္အသင္းကယူ႐ိုခ်န္ပီယံျဖစ္ႏိုင္ေျခ၂၂.၄ရာခိုင္ႏႈန္းရွိပါတယ္။စပိန္ဟာအုပ္စုအဖြင့္ပြဲႏွစ္ပြဲမွာသေရက်ခဲ့ၿပီးေနာက္တျဖည္းျဖည္းအေကာင္းဆုံးပုံစံရလာတဲ့အသင္းျဖစ္ပါတယ္။

ဒိန္းမတ္ကေတာ့ယူ႐ိုခ်န္ပီယံျဖစ္ႏိုင္ေျခ၈.၄ရာခိုင္ႏႈန္းသာရွိပါတယ္။

ပရိသတ္ေတြကေကာ ဘယ္အသင္း ယူ႐ိုခ်န္ပီယံျဖစ္မယ္လို႔ထင္လဲ?