လက်ရှိရလဒ်အတိုင်း ဆက်သွားမည်ဆိုပါက ရာသီအကုန်တွင် ချန်ပီယံဆုကို ပရီးမီးယားလိဂ်စံချိန်တင်ရမှတ်ဖြင့် ရယူလာမဲ့ အာဆင်နယ်

အာဆင်နယ်ဟာရာသီအကုန်တွင်ပရီးမီးယားလိဂ်စံချိန်တင်ရမှတ်ရယူပြီးချန်ပီယံဖြစ်နိုင်မဲ့အခွင့်အရေးရရှိထားပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲ၁၂ပွဲတွင်ရမှတ်၅မှတ်တည်းသာဆုံးရှုံးထားရပြီး၁၀ပွဲနိုင်၊၁ပွဲသရေဖြင့်၁ပွဲတည်းသာရှုံးနိမ့်ထားပါတယ်။

အာတီတာရဲ့အာဆင်နယ်ဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုချန်ပီယံမန်စီးတီးကို၂မှတ်ဖြတ်ပြီးဦးဆောင်နေပါတယ်။

တကယ်လို့များအာဆင်နယ်ဟာယခုရာသီတွင်ကစားခဲ့တဲ့ခြေစွမ်းနှင့်ရလဒ်ကိုရာသီအကုန်အထိဆက်ထိန်းထားနိုင်မည်ဆိုပါကပရီးမီးယားလိဂ်စံချိန်တင်ရမှတ်၉၉မှတ်အထိရယူကာချန်ပီယံဖြစ်လာပါမယ်။

အာဆင်နယ်ရဲ့ယခင်ပရီးမီးယားလိဂ်တွင်အမြင့်မားဆုံးရမှတ်ရရှိခဲ့မှုက၁၉၉၂ခုနှစ်တုန်းကရမှတ်၉၀မှတ်ရယူနိုင်ခဲ့ပါတယ်။ယင်းစံချိန်ကိုအာဆင်နယ်ဟာ၂၀၀၃-၀၄ရာသီမှလိုက်မီနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ၂၀၀၃-၀၄ရာသီတုန်းကရှုံးပွဲမရှိပေမဲ့လည်း၃၈ပွဲတွင်၁၂ပွဲအထိသရေကျမှုနှင့်အတူအမှတ်များစွာဆုံးရှုံးခဲ့ရတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့အာတီတာရဲ့ယခုရာသီအာဆင်နယ်ကတော့ရာသီအကုန်အထိလက်ရှိရလဒ်ပိုင်းကိုထိန်းထားနိုင်မည်ဆိုပါက ၉၉မှတ်ဖြင့်ချန်ပီယံဖြစ်မဲ့အပြင်ဒုတိယနေရာမှမန်စီးတီးကို၇မှတ်အထိဖြတ်ထားလာနိုင်ပါမယ်။

ZawGyi

လက္ရွိရလဒ္အတိုင္း ဆက္သြားမည္ဆိုပါက ရာသီအကုန္တြင္ ခ်န္ပီယံဆုကို ပရီးမီးယားလိဂ္စံခ်ိန္တင္ရမွတ္ျဖင့္ ရယူလာမဲ့ အာဆင္နယ္

အာဆင္နယ္ဟာရာသီအကုန္တြင္ပရီးမီးယားလိဂ္စံခ်ိန္တင္ရမွတ္ရယူၿပီးခ်န္ပီယံျဖစ္ႏိုင္မဲ့အခြင့္အေရးရရွိထားၿပီျဖစ္ပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲ၁၂ပြဲတြင္ရမွတ္၅မွတ္တည္းသာဆုံးရႈံးထားရၿပီး၁၀ပြဲႏိုင္၊၁ပြဲသေရျဖင့္၁ပြဲတည္းသာရႈံးနိမ့္ထားပါတယ္။

အာတီတာရဲ႕အာဆင္နယ္ဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားကိုခ်န္ပီယံမန္စီးတီးကို၂မွတ္ျဖတ္ၿပီးဦးေဆာင္ေနပါတယ္။

တကယ္လို႔မ်ားအာဆင္နယ္ဟာယခုရာသီတြင္ကစားခဲ့တဲ့ေျခစြမ္းႏွင့္ရလဒ္ကိုရာသီအကုန္အထိဆက္ထိန္းထားႏိုင္မည္ဆိုပါကပရီးမီးယားလိဂ္စံခ်ိန္တင္ရမွတ္၉၉မွတ္အထိရယူကာခ်န္ပီယံျဖစ္လာပါမယ္။

အာဆင္နယ္ရဲ႕ယခင္ပရီးမီးယားလိဂ္တြင္အျမင့္မားဆုံးရမွတ္ရရွိခဲ့မႈက၁၉၉၂ခုႏွစ္တုန္းကရမွတ္၉၀မွတ္ရယူႏိုင္ခဲ့ပါတယ္။ယင္းစံခ်ိန္ကိုအာဆင္နယ္ဟာ၂၀၀၃-၀၄ရာသီမွလိုက္မီႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ဟာ၂၀၀၃-၀၄ရာသီတုန္းကရႈံးပြဲမရွိေပမဲ့လည္း၃၈ပြဲတြင္၁၂ပြဲအထိသေရက်မႈႏွင့္အတူအမွတ္မ်ားစြာဆုံးရႈံးခဲ့ရတာလည္းျဖစ္ပါတယ္။

ဒါေပမဲ့အာတီတာရဲ႕ယခုရာသီအာဆင္နယ္ကေတာ့ရာသီအကုန္အထိလက္ရွိရလဒ္ပိုင္းကိုထိန္းထားႏိုင္မည္ဆိုပါက ၉၉မွတ္ျဖင့္ခ်န္ပီယံျဖစ္မဲ့အျပင္ဒုတိယေနရာမွမန္စီးတီးကို၇မွတ္အထိျဖတ္ထားလာႏိုင္ပါမယ္။