လက်ရှိ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူအဖြစ် မထင်မှတ်တဲ့ ကစားသမားကို ရီယိုဖာဒီနန်ရွေးချယ်လာ

ရီယိုဖာဒီနန်ကလက်ရှိပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူအဖြစ်ရူဘင်ဒိုင်ယက်စ်၊ ဗာဂယ်ဗန်ဒိုက်နှင့်ရာဖေးလ်ဗာရိန်းတို့အားကျော်ဖြတ်ကာအန်တိုနီယိုရူဒီဂါအားရွေးချယ်လိုက်ပါတယ်။

ပရီးမီးယားလိဂ်တွင်လက်ရှိအချိန်တွင်ကမ္ဘာ့အကောင်းဆုံးဗဟိုနောက်ခံလူများစွာကစားနေပြီးပြီးခဲ့တဲ့ရာသီတုန်းကထိပ်ဆုံးလေးသင်းဝင်အသင်းတိုင်းတွင်ထိပ်တန်းနောက်ခံလူများပိုင်ဆိုင်ထားခဲ့ကြပါတယ်။

ဒိုင်ယက်စ်ဟာပြီးခဲ့တဲ့ရာသီတုန်းကမန်စီးတီးကိုပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှပါဝင်ခဲ့သလိုဗန်ဒိုက်ရဲ့လီဗာပူးတွင်အရေးပါမှုမှာလည်းသူဒဏ်ရာကြောင့်နားနေချိန်တွင်ပိုမိုသိသာခဲ့ပါတယ်။မန်ယူတွင်လည်းရာဖေးလ်ဗာရိန်းနှင့်မက်ဂွိုင်းယားတို့ကိုပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့်တချိန်တုန်းကပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူများထဲမှတစ်ဦးအဖြစ်ရပ်တည်ခဲ့တဲ့ရီယိုဖာဒီနန်က “တူချယ်ရောက်လာပြီးကတည်းကသူဟာအကောင်းဆုံးနောက်ခံလူအဖြစ်ငြင်းစရာတစ်ဦးဖြစ်လာပါတယ်။သူ့ကိုအကောင်းဆုံးနောက်ခံလူလို့ထင်ပါတယ်။ဒိုင်ယက်စ်ကလည်းသူ့လောက်နီးနီးပါပဲ။ဒါပေမယ့်အသင်းအပေါ်မှာသူ့(ရူဒီဂါ)ရဲ့လွှမ်းမိုးနိုင်မှုကကြီးမားပါတယ်။ဖရန့်(လမ်းပတ်)တုန်းကသူကဘာလို့စိတ်ကြိုက်ကစားသမားမဖြစ်ခဲ့တာလဲ။သူ(လမ်းပတ်)ကသူ့ကိုလုံးဝမကြိုက်ဘူး။သူ့ကိုရောင်းဖို့ကြိုးစားခဲ့တယ်လို့သတင်းထွက်ခဲ့တယ်။ဂျာမနီမှာဆိုသူ့ကထိပ်တန်းအဆင့် သတ်မှတ်ခံထားရသူပါ။ဒါပေမယ့်နည်းပြကအလေးမထားတဲ့အခါမှာသူ့အနေအထားကိုစဉ်းစားနိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

လက္ရွိ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးေနာက္ခံလူအျဖစ္ မထင္မွတ္တဲ့ ကစားသမားကို ရီယိုဖာဒီနန္ေ႐ြးခ်ယ္လာ

ရီယိုဖာဒီနန္ကလက္ရွိပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးေနာက္ခံလူအျဖစ္႐ူဘင္ဒိုင္ယက္စ္၊ ဗာဂယ္ဗန္ဒိုက္ႏွင့္ရာေဖးလ္ဗာရိန္းတို႔အားေက်ာ္ျဖတ္ကာအန္တိုနီယို႐ူဒီဂါအားေ႐ြးခ်ယ္လိုက္ပါတယ္။

ပရီးမီးယားလိဂ္တြင္လက္ရွိအခ်ိန္တြင္ကမာၻ႔အေကာင္းဆုံးဗဟိုေနာက္ခံလူမ်ားစြာကစားေနၿပီးၿပီးခဲ့တဲ့ရာသီတုန္းကထိပ္ဆုံးေလးသင္းဝင္အသင္းတိုင္းတြင္ထိပ္တန္းေနာက္ခံလူမ်ားပိုင္ဆိုင္ထားခဲ့ၾကပါတယ္။

ဒိုင္ယက္စ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကမန္စီးတီးကိုပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွပါဝင္ခဲ့သလိုဗန္ဒိုက္ရဲ႕လီဗာပူးတြင္အေရးပါမႈမွာလည္းသူဒဏ္ရာေၾကာင့္နားေနခ်ိန္တြင္ပိုမိုသိသာခဲ့ပါတယ္။မန္ယူတြင္လည္းရာေဖးလ္ဗာရိန္းႏွင့္မက္ဂြိဳင္းယားတို႔ကိုပိုင္ဆိုင္ထားပါတယ္။

ဒါေပမယ့္တခ်ိန္တုန္းကပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးေနာက္ခံလူမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ခဲ့တဲ့ရီယိုဖာဒီနန္က “တူခ်ယ္ေရာက္လာၿပီးကတည္းကသူဟာအေကာင္းဆုံးေနာက္ခံလူအျဖစ္ျငင္းစရာတစ္ဦးျဖစ္လာပါတယ္။သူ႔ကိုအေကာင္းဆုံးေနာက္ခံလူလို႔ထင္ပါတယ္။ဒိုင္ယက္စ္ကလည္းသူ႔ေလာက္နီးနီးပါပဲ။ဒါေပမယ့္အသင္းအေပၚမွာသူ႔(႐ူဒီဂါ)ရဲ႕လႊမ္းမိုးႏိုင္မႈကႀကီးမားပါတယ္။ဖရန႔္(လမ္းပတ္)တုန္းကသူကဘာလို႔စိတ္ႀကိဳက္ကစားသမားမျဖစ္ခဲ့တာလဲ။သူ(လမ္းပတ္)ကသူ႔ကိုလုံးဝမႀကိဳက္ဘူး။သူ႔ကိုေရာင္းဖို႔ႀကိဳးစားခဲ့တယ္လို႔သတင္းထြက္ခဲ့တယ္။ဂ်ာမနီမွာဆိုသူ႔ကထိပ္တန္းအဆင့္ သတ္မွတ္ခံထားရသူပါ။ဒါေပမယ့္နည္းျပကအေလးမထားတဲ့အခါမွာသူ႔အေနအထားကိုစဥ္းစားႏိုင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။