လင်ကို ကြောင်တောင်နှိုက်သွားတဲ့ တူမဖြစ်သူက သမီးလေးလွယ်ထားရကြောင်း ကြေညာပြီးနောက် ဟော့ခ်ရဲ့ဇနီးဟောင်းတုံ့ပြန်လာ

ဘရာဇီးလက်ရွေးစင်တိုက်စစ်မှူးဟောင်းဟော့ခ်ဟာပြီးခဲ့တဲ့လများအတွင်းမှာမှားယွင်းတဲ့အကြောင်းပြချက်များနှင့်သတင်းစာမျက်နှာများမှာနေရာယူခဲ့ပါတယ်။သူဟာဇနီးသည်ကိုပစ်ခွာပြီးဇနီးသည်ရဲ့တူမနှင့်လက်တွဲလိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကအက်သလက်တီကိုမီနိုင်းရိုးမှာကစားနေတဲ့အသက်၃၅နှစ်ရှိဟော့ခ်ဟာသူ့ဇနီးသစ်ကာမီလာမှာကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ကမ္ဘာသိကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့စနေနေ့မှာတော့ဇနီးသစ်ကာမီလာကဟော့ခ်အတွက်လွယ်ထားရတဲ့ကလေးလေးက သမီးလေးဖြစ်ကြောင်း ကြေညာလာပါတယ်။

ဟော့ခ်ဟာဇနီးသည်ကာမီလာမှာသမီးလေးလွယ်ထားရကြောင်းသိရပြီးနောက်အလွန်ပျော်ရွှင်‌နေတာတွေ့ရပါတယ်။

ဒါပေမယ့်ချက်ချင်းဆိုသလိုဇနီးဟောင်းအန်ဂျီလိုကလည်းသူမအသည်းကိုရက်ရက်စက်စက်ခွဲသွားခဲ့တဲ့ခင်ပွန်းဟောင်းနှင့်တူမဖြစ်သူတို့ကို တုံ့ပြန်မှုပြုလုပ်လာပါတယ်။

ဟော့ခ်နှင့်၁၂နှစ်ကြာလက်တွဲစဉ်အတွင်းကလေးသုံးယောက်ရရှိခဲ့တဲ့အန်ဂျီလိုက “အလိမ်အညာနဲ့သစ္စာမဲ့မှုတွေကဓားသွားလိုပါပဲ။ကိုယ့်အသွေးအသားကိုခုတ်ဖြတ်တယ်။သွေးစိမ်းရှင်ရှင်ထွက်အောင်လုပ်တယ်။ခြောက်သွေ့အောင်လုပ်တယ်။ပြီးရင်အတွင်းမှာနည်းနည်းလေးသေသွားအောင်လုပ်တယ်။အချိန်ကအားလုံးမျက်နှာဖုံးခွာချပြီးလိမ်ညာမှုတွေကိုပြသလာလိမ့်မယ်။လူတစ်ယောက်ရဲ့စရိုက်အစစ်အမှန်ကိုသိလာရလိမ့်မယ်။ဘုရားသခင်ရှိတဲ့သူတွေအတွက်ကတော့သေဆုံးခြင်းဆိုတာပြန်လည်ရှင်သန်လာမှုပါပဲ။စိတ်ပျက်မှုတစ်ခုချင်းစီ၊လိမ်ညာမှုတစ်ခုချင်းစီကနေ ငါဟာရှင်သန်ထမြောက်လာခဲ့တယ်။ဘုရားသခင်ကငါ့ကိုပိုကောင်းအောင်လုပ်ပေးလာခဲ့တာပါ။ကျေးဇူးတင်ပါတယ်။နောက်ထပ်ဝဋ်ကျွတ်မှုတစ်ခုအတွက်ကျေးဇူးတင်ပါတယ်အဖဘုရားသခင်”ဆိုပြီးရေးသားသွားပါတယ်။

အန်ဂျီလိုနှင့်ဟော့ခ်တို့ဟာ၁၂နှစ်တိုင်တိုင်လက်တွဲခဲ့ကြတာဖြစ်ပြီး၂၀၁၉ခုနှစ်လယ်ပိုင်းမှာအဆုံးသတ်ခဲ့ပါတယ်။ယင်းနောက်လအနည်းငယ်အကြာမှာဟော့ခ်ဟာအန်ဂျီလိုရဲ့တူမအရင်းခေါက်ခေါက်နှင့်လူသိရှင်ကြားလက်တွဲကာလက်ထပ်ခဲ့ပါတယ်။

ZawGyi

လင္ကို ေၾကာင္ေတာင္ႏႈိက္သြားတဲ့ တူမျဖစ္သူက သမီးေလးလြယ္ထားရေၾကာင္း ေၾကညာၿပီးေနာက္ ေဟာ့ခ္ရဲ႕ဇနီးေဟာင္းတုံ႔ျပန္လာ

ဘရာဇီးလက္ေ႐ြးစင္တိုက္စစ္မႉးေဟာင္းေဟာ့ခ္ဟာၿပီးခဲ့တဲ့လမ်ားအတြင္းမွာမွားယြင္းတဲ့အေၾကာင္းျပခ်က္မ်ားႏွင့္သတင္းစာမ်က္ႏွာမ်ားမွာေနရာယူခဲ့ပါတယ္။သူဟာဇနီးသည္ကိုပစ္ခြာၿပီးဇနီးသည္ရဲ႕တူမႏွင့္လက္တြဲလိုက္တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လတုန္းကအက္သလက္တီကိုမီႏိုင္း႐ိုးမွာကစားေနတဲ့အသက္၃၅ႏွစ္ရွိေဟာ့ခ္ဟာသူ႔ဇနီးသစ္ကာမီလာမွာကိုယ္ဝန္လြယ္ထားရၿပီျဖစ္ေၾကာင္း ကမာၻသိေၾကညာခဲ့ပါတယ္။ၿပီးခဲ့တဲ့စေနေန႔မွာေတာ့ဇနီးသစ္ကာမီလာကေဟာ့ခ္အတြက္လြယ္ထားရတဲ့ကေလးေလးက သမီးေလးျဖစ္ေၾကာင္း ေၾကညာလာပါတယ္။

ေဟာ့ခ္ဟာဇနီးသည္ကာမီလာမွာသမီးေလးလြယ္ထားရေၾကာင္းသိရၿပီးေနာက္အလြန္ေပ်ာ္႐ႊင္‌ေနတာေတြ႕ရပါတယ္။

ဒါေပမယ့္ခ်က္ခ်င္းဆိုသလိုဇနီးေဟာင္းအန္ဂ်ီလိုကလည္းသူမအသည္းကိုရက္ရက္စက္စက္ခြဲသြားခဲ့တဲ့ခင္ပြန္းေဟာင္းႏွင့္တူမျဖစ္သူတို႔ကို တုံ႔ျပန္မႈျပဳလုပ္လာပါတယ္။

ေဟာ့ခ္ႏွင့္၁၂ႏွစ္ၾကာလက္တြဲစဥ္အတြင္းကေလးသုံးေယာက္ရရွိခဲ့တဲ့အန္ဂ်ီလိုက “အလိမ္အညာနဲ႔သစၥာမဲ့မႈေတြကဓားသြားလိုပါပဲ။ကိုယ့္အေသြးအသားကိုခုတ္ျဖတ္တယ္။ေသြးစိမ္းရွင္ရွင္ထြက္ေအာင္လုပ္တယ္။ေျခာက္ေသြ႕ေအာင္လုပ္တယ္။ၿပီးရင္အတြင္းမွာနည္းနည္းေလးေသသြားေအာင္လုပ္တယ္။အခ်ိန္ကအားလုံးမ်က္ႏွာဖုံးခြာခ်ၿပီးလိမ္ညာမႈေတြကိုျပသလာလိမ့္မယ္။လူတစ္ေယာက္ရဲ႕စ႐ိုက္အစစ္အမွန္ကိုသိလာရလိမ့္မယ္။ဘုရားသခင္ရွိတဲ့သူေတြအတြက္ကေတာ့ေသဆုံးျခင္းဆိုတာျပန္လည္ရွင္သန္လာမႈပါပဲ။စိတ္ပ်က္မႈတစ္ခုခ်င္းစီ၊လိမ္ညာမႈတစ္ခုခ်င္းစီကေန ငါဟာရွင္သန္ထေျမာက္လာခဲ့တယ္။ဘုရားသခင္ကငါ့ကိုပိုေကာင္းေအာင္လုပ္ေပးလာခဲ့တာပါ။ေက်းဇူးတင္ပါတယ္။ေနာက္ထပ္ဝဋ္ကြၽတ္မႈတစ္ခုအတြက္ေက်းဇူးတင္ပါတယ္အဖဘုရားသခင္”ဆိုၿပီးေရးသားသြားပါတယ္။

အန္ဂ်ီလိုႏွင့္ေဟာ့ခ္တို႔ဟာ၁၂ႏွစ္တိုင္တိုင္လက္တြဲခဲ့ၾကတာျဖစ္ၿပီး၂၀၁၉ခုႏွစ္လယ္ပိုင္းမွာအဆုံးသတ္ခဲ့ပါတယ္။ယင္းေနာက္လအနည္းငယ္အၾကာမွာေဟာ့ခ္ဟာအန္ဂ်ီလိုရဲ႕တူမအရင္းေခါက္ေခါက္ႏွင့္လူသိရွင္ၾကားလက္တြဲကာလက္ထပ္ခဲ့ပါတယ္။