လင်ကွန်းနှင့်ချာလ်တန်ပွဲမှာ အရသာချောင်းနှင့် ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တဲ့ ကွင်းလုံခြုံရေး

မနေ့တုန်းကလင်ကွန်းစီးတီးနှင့်ချာလ်တန်တို့ပွဲစဉ်အတွင်းမှာကွင်းလုံခြုံရေးတစ်ဦးဟာ တကိုယ်ရည်အာသာဖြေကိရိယာကိုအသုံးပြုပြီးဂိုးတစ်ဂိုးသွင်းခဲ့တဲ့ဗီဒီယိုဖိုင်ကအွန်လိုင်းမှာပြန့်နှံနေပါတယ်။

ဆိုရှယ်မီဒီယာမှာပြန့်နေတဲ့ဗီဒီယိုဖိုင်အရကြီးမားတဲ့ပန်းရောင်အာသာဖြေကိရိယာဟာLNER Stadiumကွင်းမြက်ခင်းမှာကျနေပါတယ်။ယင်းကိရိယာကိုပရိသတ်တစ်ဦးဦးကနောက်ပြောင်တဲ့သဘောဖြင့်ပစ်ပေါက်လိုက်တာလို့ယူဆရပါတယ်။

ဒါပေမယ့်လုံခြုံရေးဟာလွန်ခဲ့တဲ့၁၂နှစ်တုန်းကလီဗာပူးနဲ့ပွဲမှာဒါရင်းဘန့်ကန်လိုက်တဲ့ဘောလုံးဟာလေဗူဖောင်းထိပြီးလမ်းကြောင်းပြောင်းဂိုးဝင်သွားတဲ့အဖြစ်မျိုးနောက်ထပ်ကြုံရမှာစိုးလို့ ကွင်းအတွင်းပြေးလွှားဝင်ရောက်ရှင်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့်ကွင်းလုံခြုံရေးဟာအာသာဖြေကိရိယာကိုကောက်ယူရှင်းထုတ်တာမျိုးမလုပ်ဘဲ အပျော်သဘောဖြင့်ကန်ပြီးရှင်းထုတ်ခဲ့ပါတယ်။

သူဟာဒေးဗစ်ဘက်ဟမ်းဘောလုံးကန်တဲ့စတိုင်မျိုးဖြင့်အာသာဖြေကိရိယာကိုအကြိမ်ကြိမ်ကန်ပြီးဂိုးပေါက်ထဲသို့ကန်ကာရှင်းထုတ်ခဲ့ပါတယ်။

ပရိသတ်များကလည်းသူ့ကိုလုပ်ခုပ်ဩဘာပေးပြီးအားပေးခဲ့သလိုသူကလည်းအလန်ရှီးယားကဲ့သို့လက်တစ်ဖက်မြှောက်ကာနှုတ်ဆက်ခဲ့ပါသေးတယ်။အဆိုပါပွဲစဉ်မှာလင်ကွန်းကချာလ်တန်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

လင္ကြန္းႏွင့္ခ်ာလ္တန္ပြဲမွာ အရသာေခ်ာင္းႏွင့္ ဂိုးသြင္းၿပီး ေအာင္ပြဲခံခဲ့တဲ့ ကြင္းလုံၿခဳံေရး

မေန႔တုန္းကလင္ကြန္းစီးတီးႏွင့္ခ်ာလ္တန္တို႔ပြဲစဥ္အတြင္းမွာကြင္းလုံၿခဳံေရးတစ္ဦးဟာ တကိုယ္ရည္အာသာေျဖကိရိယာကိုအသုံးျပဳၿပီးဂိုးတစ္ဂိုးသြင္းခဲ့တဲ့ဗီဒီယိုဖိုင္ကအြန္လိုင္းမွာျပန႔္ႏွံေနပါတယ္။

ဆိုရွယ္မီဒီယာမွာျပန႔္ေနတဲ့ဗီဒီယိုဖိုင္အရႀကီးမားတဲ့ပန္းေရာင္အာသာေျဖကိရိယာဟာLNER Stadiumကြင္းျမက္ခင္းမွာက်ေနပါတယ္။ယင္းကိရိယာကိုပရိသတ္တစ္ဦးဦးကေနာက္ေျပာင္တဲ့သေဘာျဖင့္ပစ္ေပါက္လိုက္တာလို႔ယူဆရပါတယ္။

ဒါေပမယ့္လုံၿခဳံေရးဟာလြန္ခဲ့တဲ့၁၂ႏွစ္တုန္းကလီဗာပူးနဲ႔ပြဲမွာဒါရင္းဘန႔္ကန္လိုက္တဲ့ေဘာလုံးဟာေလဗူေဖာင္းထိၿပီးလမ္းေၾကာင္းေျပာင္းဂိုးဝင္သြားတဲ့အျဖစ္မ်ိဳးေနာက္ထပ္ႀကဳံရမွာစိုးလို႔ ကြင္းအတြင္းေျပးလႊားဝင္ေရာက္ရွင္းထုတ္ဖို႔ႀကိဳးစားခဲ့ပါတယ္။

ဒါေပမယ့္ကြင္းလုံၿခဳံေရးဟာအာသာေျဖကိရိယာကိုေကာက္ယူရွင္းထုတ္တာမ်ိဳးမလုပ္ဘဲ အေပ်ာ္သေဘာျဖင့္ကန္ၿပီးရွင္းထုတ္ခဲ့ပါတယ္။

သူဟာေဒးဗစ္ဘက္ဟမ္းေဘာလုံးကန္တဲ့စတိုင္မ်ိဳးျဖင့္အာသာေျဖကိရိယာကိုအႀကိမ္ႀကိမ္ကန္ၿပီးဂိုးေပါက္ထဲသို႔ကန္ကာရွင္းထုတ္ခဲ့ပါတယ္။

ပရိသတ္မ်ားကလည္းသူ႔ကိုလုပ္ခုပ္ဩဘာေပးၿပီးအားေပးခဲ့သလိုသူကလည္းအလန္ရွီးယားကဲ့သို႔လက္တစ္ဖက္ေျမႇာက္ကာႏႈတ္ဆက္ခဲ့ပါေသးတယ္။အဆိုပါပြဲစဥ္မွာလင္ကြန္းကခ်ာလ္တန္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။