လင်ဂတ်ကို စာချုပ်သစ်ချုပ်ဆိုရေးအတွက် ဖခင်ဖြစ်သူကို တိုက်ရိုက်ဆက်သွယ်လိုက်တဲ့ သရဲနီ

မန်ချက်စတာယူနိုက်တက်ဟာစာချုပ်သစ်ချုပ်ဆိုနိုင်ရေးအတွက်ဂျက်စီလင်ဂတ်ရဲ့ဖခင်ဖြစ်သူအားတိုက်ရိုက်ဆက်သွယ်မှုပြုလုပ်လာကြောင်းသိရပါတယ်။အင်္ဂလန်လက်ရွေးစင်တိုက်စစ်သမားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဝက်စ်ဟမ်းသို့ခြောက်လအငှားဖြင့်ကစားစဉ်အတွင်းကစားသမားဘဝအလှည့်အပြောင်းပြန်ဖြစ်လာသူဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာဝက်စ်ဟမ်းအတွက်၁၆ပွဲကစားခဲ့ရာမှာ၉ဂိုးသွင်းယူပြီး၅ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

သူဟာနွေရာသီတုန်းကဝက်စ်ဟမ်းရဲ့အပြီးသတ်ခေါ်ယူရန်ကမ်းလှမ်းခြင်းခံခဲ့ရပေမယ့်ဆိုးလ်ရှားကိုယ်တိုင်ကယခုရာသီတွင်အခွင့်အရေးရရှိမယ်လို့ကတိပြုခြင်းခံခဲ့ရမှုနဲ့အတူ မန်ယူမှာဘဲဆက်နေခဲ့ပါတယ်။

သူဟာတနင်္ဂနွေနေ့တုန်းကအသင်းဟောင်းဝက်စ်ဟမ်းအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်အရန်ခုံမှထကာမန်ယူအတွက်အရေးပါတဲ့အနိုင်ဂိုးအားသွင်းယူနိုင်ခဲ့ကာယခုရာသီမှာမန်ယူအတွက်၂ဂိုးသွင်းထားနိုင်ပြီဖြစ်ပါတယ်။

ယခုအခါဆိုးလ်ရှားရဲ့မန်ယူဟာယခုရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်လင်ဂတ်အားစာချုပ်သစ်ချုပ်ဆိုရန်အတွက်ဖခင်ဖြစ်သူအားတိုက်ရိုက်ဆက်သွယ်မှုပြုလုပ်လာပြီဖြစ်ပါတယ်။လင်ဂတ်ဟာနွေရာသီတုန်းကမန်ယူရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချခဲ့သူလည်းဖြစ်ပါတယ်။

မန်ယူဟာလင်ဂတ်ကိုသာမကလုခ်ရှောနှင့်ပေါလ်ပေါ့ဘာတို့ကိုလည်းစာချုပ်သစ်ချုပ်ဆိုရန်ကြိုးပမ်းနေပါတယ်။

ZawGyi

လင္ဂတ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ ဖခင္ျဖစ္သူကို တိုက္႐ိုက္ဆက္သြယ္လိုက္တဲ့ သရဲနီ

မန္ခ်က္စတာယူႏိုက္တက္ဟာစာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ေရးအတြက္ဂ်က္စီလင္ဂတ္ရဲ႕ဖခင္ျဖစ္သူအားတိုက္႐ိုက္ဆက္သြယ္မႈျပဳလုပ္လာေၾကာင္းသိရပါတယ္။အဂၤလန္လက္ေ႐ြးစင္တိုက္စစ္သမားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဝက္စ္ဟမ္းသို႔ေျခာက္လအငွားျဖင့္ကစားစဥ္အတြင္းကစားသမားဘဝအလွည့္အေျပာင္းျပန္ျဖစ္လာသူျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိလင္ဂတ္ဟာဝက္စ္ဟမ္းအတြက္၁၆ပြဲကစားခဲ့ရာမွာ၉ဂိုးသြင္းယူၿပီး၅ႀကိမ္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

သူဟာေႏြရာသီတုန္းကဝက္စ္ဟမ္းရဲ႕အၿပီးသတ္ေခၚယူရန္ကမ္းလွမ္းျခင္းခံခဲ့ရေပမယ့္ဆိုးလ္ရွားကိုယ္တိုင္ကယခုရာသီတြင္အခြင့္အေရးရရွိမယ္လို႔ကတိျပဳျခင္းခံခဲ့ရမႈနဲ႔အတူ မန္ယူမွာဘဲဆက္ေနခဲ့ပါတယ္။

သူဟာတနဂၤေႏြေန႔တုန္းကအသင္းေဟာင္းဝက္စ္ဟမ္းအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္အရန္ခုံမွထကာမန္ယူအတြက္အေရးပါတဲ့အႏိုင္ဂိုးအားသြင္းယူႏိုင္ခဲ့ကာယခုရာသီမွာမန္ယူအတြက္၂ဂိုးသြင္းထားႏိုင္ၿပီျဖစ္ပါတယ္။

ယခုအခါဆိုးလ္ရွားရဲ႕မန္ယူဟာယခုရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္လင္ဂတ္အားစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္အတြက္ဖခင္ျဖစ္သူအားတိုက္႐ိုက္ဆက္သြယ္မႈျပဳလုပ္လာၿပီျဖစ္ပါတယ္။လင္ဂတ္ဟာေႏြရာသီတုန္းကမန္ယူရဲ႕စာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့သူလည္းျဖစ္ပါတယ္။

မန္ယူဟာလင္ဂတ္ကိုသာမကလုခ္ေရွာႏွင့္ေပါလ္ေပါ့ဘာတို႔ကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ႀကိဳးပမ္းေနပါတယ္။