လင်ဂတ်ကို ပင်နယ်တီကန်ခွင့်ပိတ်ပင်လိုက်တဲ့ ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်

ဝက်စ်ဟမ်းနည်းပြဒေးဗစ်မိုယက်စ်ဟာဂျက်စီလင်ဂတ်အားပင်နယ်တီကန်ခွင့်ပိတ်ပင်လိုက်ကြောင်းသိရပါတယ်။ မန်ယူမှအငှားဖြင့်လာရောက်ကစားနေတဲ့တိုက်စစ်သမားလင်ဂတ်ဟာမနေ့ညတုန်းကလိဒ်နှင့်ပွဲစဉ်တွင်ပင်နယ်တီ ကန်ခဲ့ရာလိဒ်ဂိုးသမားမီစလီယာရဲ့ကာကွယ်ခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်လင်ဂတ်ဟာပြန်အံထွက်လာတဲ့ဘောလုံးကိုဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။

လင်ဂတ်ဟာပြီးခဲ့တဲ့လတုန်းကရှက်ဖီးလ်ယူနိုက်တက်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတုန်းကပင်နယ်တီကန်ရေးနဲ့ ပတ်သက်ပြီးအသင်းခေါင်းဆောင်ဒက်လန်းရိုက်စ်နှင့်သဘောထားကွဲလွဲမှုဖြစ်ခဲ့ပါတယ်။ထိုစဉ်ကယင်းပင်နယ်တီကိုဒက်လန်းရိုက်စ်ကကန်သွင်းခဲ့ပါတယ်။

လိဒ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာတော့လင်ဂတ်ကကန်ခဲ့ပါတယ်။ဒါပေမယ့်လင်ဂတ်မှာတစ်ကြိမ်တည်းဖြင့်ဝင် အောင်ကန်သွင်းနိုင်ခဲ့ခြင်းမရှိရာလာမယ့်ပင်နယ်တီများကိုဒက်လန်းရိုက်ကကန်သွင်းသွားတော့မှာဖြစ်ပါတယ်။

ဒက်လန်းရိုက်စ်က “ကျွန်တော်တို့လေ့ကျင့်ခန်းအစီအစဉ်မှာအတူတကွပင်နယ်တီလေ့ကျင့်ကြတယ်။ပြီးတော့ သူကပင်နယ်တီကန်ခွင့်ပေးဖို့တောင်းလာတယ်။ကျွန်တော်ကတကိုယ်ကောင်းဆန်တဲ့သူမဟုတ်ပါဘူး။နောက်ဆုံး ပင်နယ်တီတုန်းကအငြင်းပွားစရာဖြစ်ခဲ့တယ်။သူ့မှာပင်နယ်တီကန်နိုင်စွမ်းရှိတယ်လို့ယုံကြည်တယ်။သူမဝင်ဘူးဆို ရင်တော့ကျွန်တော့်အတွက်တုံ့ပြန်စရာဖြစ်လာပါတယ်။ဒါပေမယ့်သူ့အရည်အချင်းအပေါ်အပြည့်အဝယုံကြည်နေခဲ့ တယ်။ကျွန်တော်ကလည်းပင်နယ်တီပေးမချင်တဲ့သူမျိုးမဟုတ်ပါဘူး။သူ့ကိုပေးကန်လိုက်တယ်။ဒါပေမယ့်နည်းပြက ကျွန်တော့်ကိုကန်ဖို့ပြောခဲ့တယ်။နောက်တစ်ကြိမ်ကျရင်ကျွန်တော်ဘဲကန်သွားမယ်။နောက်တစ်ကြိမ်ကျရင် တော့ဂျက်စီရေဘောလုံးငါ့ပြန်ပေးလို့ပြောပါတော့မယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လင္ဂတ္ကို ပင္နယ္တီကန္ခြင့္ပိတ္ပင္လိုက္တဲ့ ဝက္စ္ဟမ္းနည္းျပေဒးဗစ္မိုယက္စ္

ဝက္စ္ဟမ္းနည္းျပေဒးဗစ္မိုယက္စ္ဟာဂ်က္စီလင္ဂတ္အားပင္နယ္တီကန္ခြင့္ပိတ္ပင္လိုက္ေၾကာင္းသိရပါတယ္။ မန္ယူမွအငွားျဖင့္လာေရာက္ကစားေနတဲ့တိုက္စစ္သမားလင္ဂတ္ဟာမေန႔ညတုန္းကလိဒ္ႏွင့္ပြဲစဥ္တြင္ပင္နယ္တီ ကန္ခဲ့ရာလိဒ္ဂိုးသမားမီစလီယာရဲ႕ကာကြယ္ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္လင္ဂတ္ဟာျပန္အံထြက္လာတဲ့ေဘာလုံးကိုဂိုးအျဖစ္ေျပာင္းလဲႏိုင္ခဲ့ပါတယ္။

လင္ဂတ္ဟာၿပီးခဲ့တဲ့လတုန္းကရွက္ဖီးလ္ယူႏိုက္တက္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတုန္းကပင္နယ္တီကန္ေရးနဲ႔ ပတ္သက္ၿပီးအသင္းေခါင္းေဆာင္ဒက္လန္း႐ိုက္စ္ႏွင့္သေဘာထားကြဲလြဲမႈျဖစ္ခဲ့ပါတယ္။ထိုစဥ္ကယင္းပင္နယ္တီကိုဒက္လန္း႐ိုက္စ္ကကန္သြင္းခဲ့ပါတယ္။

လိဒ္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာေတာ့လင္ဂတ္ကကန္ခဲ့ပါတယ္။ဒါေပမယ့္လင္ဂတ္မွာတစ္ႀကိမ္တည္းျဖင့္ဝင္ ေအာင္ကန္သြင္းႏိုင္ခဲ့ျခင္းမရွိရာလာမယ့္ပင္နယ္တီမ်ားကိုဒက္လန္း႐ိုက္ကကန္သြင္းသြားေတာ့မွာျဖစ္ပါတယ္။

ဒက္လန္း႐ိုက္စ္က “ကြၽန္ေတာ္တို႔ေလ့က်င့္ခန္းအစီအစဥ္မွာအတူတကြပင္နယ္တီေလ့က်င့္ၾကတယ္။ၿပီးေတာ့ သူကပင္နယ္တီကန္ခြင့္ေပးဖို႔ေတာင္းလာတယ္။ကြၽန္ေတာ္ကတကိုယ္ေကာင္းဆန္တဲ့သူမဟုတ္ပါဘူး။ေနာက္ဆုံး ပင္နယ္တီတုန္းကအျငင္းပြားစရာျဖစ္ခဲ့တယ္။သူ႔မွာပင္နယ္တီကန္ႏိုင္စြမ္းရွိတယ္လို႔ယုံၾကည္တယ္။သူမဝင္ဘူးဆို ရင္ေတာ့ကြၽန္ေတာ့္အတြက္တုံ႔ျပန္စရာျဖစ္လာပါတယ္။ဒါေပမယ့္သူ႔အရည္အခ်င္းအေပၚအျပည့္အဝယုံၾကည္ေနခဲ့ တယ္။ကြၽန္ေတာ္ကလည္းပင္နယ္တီေပးမခ်င္တဲ့သူမ်ိဳးမဟုတ္ပါဘူး။သူ႔ကိုေပးကန္လိုက္တယ္။ဒါေပမယ့္နည္းျပက ကြၽန္ေတာ့္ကိုကန္ဖို႔ေျပာခဲ့တယ္။ေနာက္တစ္ႀကိမ္က်ရင္ကြၽန္ေတာ္ဘဲကန္သြားမယ္။ေနာက္တစ္ႀကိမ္က်ရင္ ေတာ့ဂ်က္စီေရေဘာလုံးငါ့ျပန္ေပးလို႔ေျပာပါေတာ့မယ္”လို႔ေျပာၾကားသြားပါတယ္။