လင်ဂတ်မှာ မန်ယူရဲ့လာမယ့်ရာသီအစီအစဉ်တွင် ပါဝင်နေကြောင်း ဆိုးလ်ရှားအတည်ပြု

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကဂျက်စီလင်ဂတ်မှာလာမယ့်ရာသီအသင်းရဲ့အစီအစဉ်တွင်ပါဝင်နေကြောင်းအတည်ပြုပြောကြားလာပါတယ်။

လင်ဂတ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဝက်စ်ဟမ်းသို့ရာသီဝက်အငှားဖြင့်သွားရောက်ကစားခဲ့ပါတယ်။သူဟာဝက်စ်ဟမ်းအတွက်၁၆ပွဲကစားခဲ့ရာမှာ၉ဂိုးသွင်းယူပြီး၄ကြိမ်ဖန်တီးကာခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

လင်ဂတ်ဟာဝက်စ်ဟမ်းတွင်ခြေစွမ်းပြကစားနိုင်မှုကြောင့်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းတွင်လည်းပြန်လည်ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

သူဟာမနေ့ညတုန်းကဒါဘီကောင်တီကို၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့မန်ယူရဲ့ပထမဆုံးရာသီကြိုခြေစမ်းပွဲစဉ်တွင်ဒုတိယပိုင်းမှာလူစားဝင်ရောက်ကစားခဲ့ကာတစ်ဂိုးရအောင်ဖန်တီးနိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားက “ဂျက်စီဟာတောက်ပတဲ့ပုံစံနဲ့ပြန်ရောက်နေပါတယ်။သူ့နေရာအတွက်တိုက်ပွဲဝင်ချင်နေပါတယ်။ကစားသမားတွေကိုယ့်နေရာအတွက်တိုက်ပွဲဝင်နေတာကိုကြည့်ပြီးကျေနပ်ရပါတယ်။ပြီးခဲ့တဲ့ရာသီအကုန်မှာလုပ်ပြခဲ့တာကစစ်မှန်တဲ့ဂျက်စီပါ။သူ့မှာဘာတွေရှိတယ်ဆိုတာကျွန်တော်တို့အားလုံးသိပြီးသားပါ။အဲဒီတုန်းကကျွန်တော်တို့မှာရွေးစရာတွေရှိနေလို့သူ့ကိုလက်လွှတ်ခဲ့တာပါ။အခုတော့ကျွန်တော်တို့ရဲ့အစီအစဉ်အစိတ်အပိုင်းတစ်ရပ်ဖြစ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

လင္ဂတ္မွာ မန္ယူရဲ႕လာမယ့္ရာသီအစီအစဥ္တြင္ ပါဝင္ေနေၾကာင္း ဆိုးလ္ရွားအတည္ျပဳ

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကဂ်က္စီလင္ဂတ္မွာလာမယ့္ရာသီအသင္းရဲ႕အစီအစဥ္တြင္ပါဝင္ေနေၾကာင္းအတည္ျပဳေျပာၾကားလာပါတယ္။

လင္ဂတ္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဝက္စ္ဟမ္းသို႔ရာသီဝက္အငွားျဖင့္သြားေရာက္ကစားခဲ့ပါတယ္။သူဟာဝက္စ္ဟမ္းအတြက္၁၆ပြဲကစားခဲ့ရာမွာ၉ဂိုးသြင္းယူၿပီး၄ႀကိမ္ဖန္တီးကာေျခစြမ္းျပကစားႏိုင္ခဲ့ပါတယ္။

လင္ဂတ္ဟာဝက္စ္ဟမ္းတြင္ေျခစြမ္းျပကစားႏိုင္မႈေၾကာင့္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းတြင္လည္းျပန္လည္ပါဝင္ခြင့္ရရွိခဲ့ပါတယ္။

သူဟာမေန႔ညတုန္းကဒါဘီေကာင္တီကို၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့မန္ယူရဲ႕ပထမဆုံးရာသီႀကိဳေျခစမ္းပြဲစဥ္တြင္ဒုတိယပိုင္းမွာလူစားဝင္ေရာက္ကစားခဲ့ကာတစ္ဂိုးရေအာင္ဖန္တီးႏိုင္ခဲ့ပါတယ္။

ဆိုးလ္ရွားက “ဂ်က္စီဟာေတာက္ပတဲ့ပုံစံနဲ႔ျပန္ေရာက္ေနပါတယ္။သူ႔ေနရာအတြက္တိုက္ပြဲဝင္ခ်င္ေနပါတယ္။ကစားသမားေတြကိုယ့္ေနရာအတြက္တိုက္ပြဲဝင္ေနတာကိုၾကည့္ၿပီးေက်နပ္ရပါတယ္။ၿပီးခဲ့တဲ့ရာသီအကုန္မွာလုပ္ျပခဲ့တာကစစ္မွန္တဲ့ဂ်က္စီပါ။သူ႔မွာဘာေတြရွိတယ္ဆိုတာကြၽန္ေတာ္တို႔အားလုံးသိၿပီးသားပါ။အဲဒီတုန္းကကြၽန္ေတာ္တို႔မွာေ႐ြးစရာေတြရွိေနလို႔သူ႔ကိုလက္လႊတ္ခဲ့တာပါ။အခုေတာ့ကြၽန္ေတာ္တို႔ရဲ႕အစီအစဥ္အစိတ္အပိုင္းတစ္ရပ္ျဖစ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။