လင်ဂတ်ရဲ့လက်ဆောင်ဂိုးနဲ့ မန်ယူရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် စံချိန်တစ်ခုကို လိုက်မီခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့ညတုန်းကယန်းဘွိုင်းစ်အား၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ချန်ပီယံလိဂ်သမိုင်းတွင်ပွဲအများဆုံးကစားသူအဖြစ်အိုင်ကာကားဆီးလက်စ်ကိုလိုက်မီလာနိုင်ခဲ့ပါတယ်။

ယန်းဘွိုင်းနှင့်ပွဲစဉ်မှာခရစ္စတီယာနိုရော်နယ်ဒိုဟာသူ့ရဲ့ချန်ပီယံလိဂ်၁၇၇ပွဲအဖြစ်ဝင်ရောက်ကစားခဲ့တာဖြစ်ပြီးရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဂိုးသမားအိုင်ကာကားဆီးလက်စ်ရဲ့ချန်ပီယံလိဂ်ပွဲအများဆုံးကစားသူစံချိန်ကိုလိုက်မီခဲ့ပါတယ်။

ယန်းဘွိုင်းစ်နှင့်ပွဲစဉ်မှာမန်ယူဟာဘရူနိုဖာနန်ဒက်စ်ရဲ့အံ့ဩစရာကောင်းတဲ့ဖန်တီးမှုကနေ ခရစ္စတီယာနိုရော်နယ်ဒိုသွင်းယူတဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်မန်ယူဟာပထမပိုင်းမပြီးခင်မှာအေရွန်ဝမ်ဘစ်ဆာခါအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရလို့ဆယ်ယောက်တည်းနဲ့ကစားခဲ့ရပါတယ်။ပွဲချိန်၆၆မိနစ်မှာနီကိုလပ်စ်မော်မီငါမဲလူကယန်းဘွိုင်းစ်အတွက်ချေပဂိုးသွင်းယူခဲ့ပါတယ်။

အချိန်ပိုမှာခရစ္စတီယာနိုရော်နယ်ဒိုအစားလူစားဝင်လာတဲ့ဂျက်စီလင်ဂတ်ကနောက်သို့ပြန်ပေးရာမှာဂျော်ဒန်ဆေဘက်ချူကကြားဖြတ်လုယူပြီးယန်းဘွိုင်းစ်အတွက်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။

အဆိုပါပွဲစဉ်တွင်မန်ယူရဲ့ခြေစွမ်းပိုင်းညံ့ဖျင်းမှုနဲ့အတူ မန်ယူနည်းပြဆိုးလ်ရှားဟာဝေဖန်မှုများနှင့်ရင်ဆိုင်လာရပါတယ်။

ZawGyi

လင္ဂတ္ရဲ႕လက္ေဆာင္ဂိုးနဲ႔ မန္ယူရႈံးပြဲႀကဳံေတြ႕ခဲ့ေပမယ့္ စံခ်ိန္တစ္ခုကို လိုက္မီခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔ညတုန္းကယန္းဘြိဳင္းစ္အား၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္ ခ်န္ပီယံလိဂ္သမိုင္းတြင္ပြဲအမ်ားဆုံးကစားသူအျဖစ္အိုင္ကာကားဆီးလက္စ္ကိုလိုက္မီလာႏိုင္ခဲ့ပါတယ္။

ယန္းဘြိဳင္းႏွင့္ပြဲစဥ္မွာခရစၥတီယာႏိုေရာ္နယ္ဒိုဟာသူ႔ရဲ႕ခ်န္ပီယံလိဂ္၁၇၇ပြဲအျဖစ္ဝင္ေရာက္ကစားခဲ့တာျဖစ္ၿပီးရီးရဲလ္မက္ဒရစ္ဂႏၴဝင္ဂိုးသမားအိုင္ကာကားဆီးလက္စ္ရဲ႕ခ်န္ပီယံလိဂ္ပြဲအမ်ားဆုံးကစားသူစံခ်ိန္ကိုလိုက္မီခဲ့ပါတယ္။

ယန္းဘြိဳင္းစ္ႏွင့္ပြဲစဥ္မွာမန္ယူဟာဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕အံ့ဩစရာေကာင္းတဲ့ဖန္တီးမႈကေန ခရစၥတီယာႏိုေရာ္နယ္ဒိုသြင္းယူတဲ့ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္မန္ယူဟာပထမပိုင္းမၿပီးခင္မွာေအ႐ြန္ဝမ္ဘစ္ဆာခါအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရလို႔ဆယ္ေယာက္တည္းနဲ႔ကစားခဲ့ရပါတယ္။ပြဲခ်ိန္၆၆မိနစ္မွာနီကိုလပ္စ္ေမာ္မီငါမဲလူကယန္းဘြိဳင္းစ္အတြက္ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။

အခ်ိန္ပိုမွာခရစၥတီယာႏိုေရာ္နယ္ဒိုအစားလူစားဝင္လာတဲ့ဂ်က္စီလင္ဂတ္ကေနာက္သို႔ျပန္ေပးရာမွာေဂ်ာ္ဒန္ေဆဘက္ခ်ဴကၾကားျဖတ္လုယူၿပီးယန္းဘြိဳင္းစ္အတြက္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။

အဆိုပါပြဲစဥ္တြင္မန္ယူရဲ႕ေျခစြမ္းပိုင္းညံ့ဖ်င္းမႈနဲ႔အတူ မန္ယူနည္းျပဆိုးလ္ရွားဟာေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္လာရပါတယ္။