လင်ဂတ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ အထက် တောင်းဆိုသွားမည့်သရဲနီ

မန်ယူဟာလာမယ့်နွေရာသီတွင်ဂျက်စီလင်ဂတ်အတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၂၀အထက်တောင်းဆိုသွားမှာ ဖြစ်ကြောင်းသိရပါတယ်။

အသက်၂၈နှစ်ရှိလင်ဂတ်ဟာဇန်နဝါရီတွင်မန်ယူတွင်နေရာပျောက်ဆုံးမှုကြောင့်ဝက်စ်ဟမ်းသို့ရာသီအကုန်အထိ အငှားစာချုပ်ဖြင့်ပြောင်းခဲ့သူလည်းဖြစ်ပါတယ်။

လင်ဂတ်ဟာယခုရာသီပထမရာသီဝက်အတွင်းမှာဆိုးလ်ရှားရဲ့မန်ယူအသင်းအတွက်ပရီးမီးယားလိဂ်(သို့မဟုတ်) ချန်ပီယံလိဂ်တစ်ပွဲမျှကစားခွင့်မရရှိခဲ့ပါဘူး။

ဒါပေမယ့်သူဟာဝက်စ်ဟမ်းအသင်းသို့ရောက်လာပြီးနောက်၅ပွဲကစားထားရာမှာ၃ဂိုးသွင်းယူပြီး၂ကြိမ်ဖန်တီးမှုပြု လုပ်ထားနိုင်ပါတယ်။

ဒါကြောင့်လည်းဝက်စ်ဟမ်းဟာလာမယ့်နွေရာသီမှာလင်ဂတ်ကိုပေါင်၁၅သန်းခန့်ဖြင့်အပြီးသတ်ခေါ်ယူနိုင်ရေး မျှော်လင့်နေပါတယ်။

ဒါပေမယ့်လည်းမန်ယူဟာဝက်စ်ဟမ်းတွင်ခြေစွမ်းပြနေတဲ့အကယ်ဒမီထွက်ကစားသမားလင်ဂတ်အတွက်ပြောင်း ရွှေ့ကြေးပေါင်သန်း၂၀အထက် ရရှိရန်မျှော်လင့်နေပါတယ်။

အခြားတစ်ဖက်တွင်မန်ယူဟာနွေရာသီတွင်ပေါလ်ပေါ့ဘာထွက်ခွာနိုင်ခြေရှိမှု၊မာတာကိုအသင်းပြောင်းခွင့်ပေးထားမှုတို့ကြောင့်လင်ဂတ်ကိုဆက်ထိန်းထားနိုင်ပါသေးတယ်။

လင်ဂတ်ဟာမန်ယူအတွက်ပွဲ၂၁၀ကစားကာ၃၃ဂိုးသွင်းယူထားနိုင်ပါတယ်။အင်္ဂလန်အတွက်၂၄ပွဲကစားထားတဲ့လင် ဂတ်ဟာဝက်စ်ဟမ်းတွင်ပြန်လည်ခြေစွမ်းပြနိုင်မှုနဲ့အတူအင်္ဂလန်တွင်ပြန်ကစားခွင့်ရရှိရေးမျှော်လင့်နေပါတယ်။သူ ဟာ၂၀၁၉ခုနှစ်၊ဇွန်လနောက်ပိုင်းမှာအင်္ဂလန်အသင်းမှာရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

ZawGyi

လင္ဂတ္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၂၀ အထက္ ေတာင္းဆိုသြားမည့္သရဲနီ

မန္ယူဟာလာမယ့္ေႏြရာသီတြင္ဂ်က္စီလင္ဂတ္အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၂၀အထက္ေတာင္းဆိုသြားမွာ ျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၈ႏွစ္ရွိလင္ဂတ္ဟာဇန္နဝါရီတြင္မန္ယူတြင္ေနရာေပ်ာက္ဆုံးမႈေၾကာင့္ဝက္စ္ဟမ္းသို႔ရာသီအကုန္အထိ အငွားစာခ်ဳပ္ျဖင့္ေျပာင္းခဲ့သူလည္းျဖစ္ပါတယ္။

လင္ဂတ္ဟာယခုရာသီပထမရာသီဝက္အတြင္းမွာဆိုးလ္ရွားရဲ႕မန္ယူအသင္းအတြက္ပရီးမီးယားလိဂ္(သို႔မဟုတ္) ခ်န္ပီယံလိဂ္တစ္ပြဲမွ်ကစားခြင့္မရရွိခဲ့ပါဘူး။

ဒါေပမယ့္သူဟာဝက္စ္ဟမ္းအသင္းသို႔ေရာက္လာၿပီးေနာက္၅ပြဲကစားထားရာမွာ၃ဂိုးသြင္းယူၿပီး၂ႀကိမ္ဖန္တီးမႈျပဳ လုပ္ထားႏိုင္ပါတယ္။

ဒါေၾကာင့္လည္းဝက္စ္ဟမ္းဟာလာမယ့္ေႏြရာသီမွာလင္ဂတ္ကိုေပါင္၁၅သန္းခန႔္ျဖင့္အၿပီးသတ္ေခၚယူႏိုင္ေရး ေမွ်ာ္လင့္ေနပါတယ္။

ဒါေပမယ့္လည္းမန္ယူဟာဝက္စ္ဟမ္းတြင္ေျခစြမ္းျပေနတဲ့အကယ္ဒမီထြက္ကစားသမားလင္ဂတ္အတြက္ေျပာင္း ေ႐ႊ႕ေၾကးေပါင္သန္း၂၀အထက္ ရရွိရန္ေမွ်ာ္လင့္ေနပါတယ္။

အျခားတစ္ဖက္တြင္မန္ယူဟာေႏြရာသီတြင္ေပါလ္ေပါ့ဘာထြက္ခြာႏိုင္ေျခရွိမႈ၊မာတာကိုအသင္းေျပာင္းခြင့္ေပးထားမႈတို႔ေၾကာင့္လင္ဂတ္ကိုဆက္ထိန္းထားႏိုင္ပါေသးတယ္။

လင္ဂတ္ဟာမန္ယူအတြက္ပြဲ၂၁၀ကစားကာ၃၃ဂိုးသြင္းယူထားႏိုင္ပါတယ္။အဂၤလန္အတြက္၂၄ပြဲကစားထားတဲ့လင္ ဂတ္ဟာဝက္စ္ဟမ္းတြင္ျပန္လည္ေျခစြမ္းျပႏိုင္မႈနဲ႔အတူအဂၤလန္တြင္ျပန္ကစားခြင့္ရရွိေရးေမွ်ာ္လင့္ေနပါတယ္။သူ ဟာ၂၀၁၉ခုႏွစ္၊ဇြန္လေနာက္ပိုင္းမွာအဂၤလန္အသင္းမွာေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။