လင်ဂတ်အား အငှားဖြင့် ခေါ်ယူရန် ဝက်စ်ဟမ်းအသင်း ဆွေးနွေးနေ

ဝက်စ်ဟမ်းဟာမန်ယူကအငှားဖြင့်ထွက်ခွာခွင့်ပေးထားတဲ့ဂျက်စီလင်ဂတ်အားအငှားဖြင့်ခေါ်ယူရန်ဆွေးနွေးမှု ပြုလုပ်နေကြောင်းသိရပါတယ်။

ဒါပေမယ့်ဝက်စ်ဟမ်းအနေဖြင့်လင်ဂတ်ကိုခေါ်ယူရေးအတွက်ဝက်စ်ဘရွန်း၊နယူးကာဆယ်တို့နှင့်အပြိုင်ကြိုးပမ်း ရပါမယ်။အခြားတစ်ဖက်မှာအသက်၂၈နှစ်ရှိလင်ဂတ်ကိုနိုင်ငံခြားကလပ်များကလည်းခေါ်ယူရန်စိတ်ဝင်စားလျက်ရှိနေကြပါတယ်။

လင်ဂတ်ဟာမန်ယူနှင့်တစ်နှစ်စာချုပ်သက်တမ်းတိုးထားသော်လည်းယခုရာသီတွင်ပွဲကစားခွင့်ပျောက်ဆုံးနေမှု ကြောင့်ယခုဇန်နဝါရီတွင်အသင်းပြောင်းရန်စီစဉ်ထားပါတယ်။မန်ယူကလည်းသူ့ကိုလာမယ့်နွေတွင်အလွတ် ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်ရမယ့်အခြေအနေကြောင့်သူ့ကိုတစ်နှစ်စာချုပ်သက်တမ်းတိုးပြီးနွေရာသီတွင် ရောင်းချရန်စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။

အလယ်တန်းတိုက်စစ်သမားဟာယခုရာသီမှာမန်ယူအတွက်သုံးပွဲတည်းသာကစားခွင့်ရရှိခဲ့ပြီးကာရာဘောင်းဖလားပွဲနှစ်ပွဲနှင့်အက်ဖ်အေဖလားပွဲတစ်ပွဲတို့သာကစားခွင့်ရခဲ့တာပါ။

လင်ဂတ်ဟာကစားသမားဘဝတစ်ခုလုံးကိုမန်ယူတွင်ကုန်ဆုံးလာခဲ့သူဖြစ်ပြီးမန်ယူအတွက်ပွဲ၂၁၀ကစားကာ၃၃ဂိုး သွင်းယူထားသူဖြစ်ပါတယ်။

လင်ဂတ်ဟာ၂၀၁၃-၁၄ရာသီတုန်းကမန်ယူကိုမိုယက်စ်ကိုင်တွယ်တုန်းကတစ်ပွဲမျှကစားခွင့်မရခဲ့သူပါ။

ZawGyi

လင္ဂတ္အား အငွားျဖင့္ ေခၚယူရန္ ဝက္စ္ဟမ္းအသင္း ေဆြးေႏြးေန

ဝက္စ္ဟမ္းဟာမန္ယူကအငွားျဖင့္ထြက္ခြာခြင့္ေပးထားတဲ့ဂ်က္စီလင္ဂတ္အားအငွားျဖင့္ေခၚယူရန္ေဆြးေႏြးမႈ ျပဳလုပ္ေနေၾကာင္းသိရပါတယ္။

ဒါေပမယ့္ဝက္စ္ဟမ္းအေနျဖင့္လင္ဂတ္ကိုေခၚယူေရးအတြက္ဝက္စ္ဘ႐ြန္း၊နယူးကာဆယ္တို႔ႏွင့္အၿပိဳင္ႀကိဳးပမ္း ရပါမယ္။အျခားတစ္ဖက္မွာအသက္၂၈ႏွစ္ရွိလင္ဂတ္ကိုႏိုင္ငံျခားကလပ္မ်ားကလည္းေခၚယူရန္စိတ္ဝင္စားလ်က္ရွိေနၾကပါတယ္။

လင္ဂတ္ဟာမန္ယူႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးထားေသာ္လည္းယခုရာသီတြင္ပြဲကစားခြင့္ေပ်ာက္ဆုံးေနမႈ ေၾကာင့္ယခုဇန္နဝါရီတြင္အသင္းေျပာင္းရန္စီစဥ္ထားပါတယ္။မန္ယူကလည္းသူ႔ကိုလာမယ့္ေႏြတြင္အလြတ္ ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္လႊတ္ရမယ့္အေျခအေနေၾကာင့္သူ႔ကိုတစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးၿပီးေႏြရာသီတြင္ ေရာင္းခ်ရန္စီစဥ္ခဲ့တာလည္းျဖစ္ပါတယ္။

အလယ္တန္းတိုက္စစ္သမားဟာယခုရာသီမွာမန္ယူအတြက္သုံးပြဲတည္းသာကစားခြင့္ရရွိခဲ့ၿပီးကာရာေဘာင္းဖလားပြဲႏွစ္ပြဲႏွင့္အက္ဖ္ေအဖလားပြဲတစ္ပြဲတို႔သာကစားခြင့္ရခဲ့တာပါ။

လင္ဂတ္ဟာကစားသမားဘဝတစ္ခုလုံးကိုမန္ယူတြင္ကုန္ဆုံးလာခဲ့သူျဖစ္ၿပီးမန္ယူအတြက္ပြဲ၂၁၀ကစားကာ၃၃ဂိုး သြင္းယူထားသူျဖစ္ပါတယ္။

လင္ဂတ္ဟာ၂၀၁၃-၁၄ရာသီတုန္းကမန္ယူကိုမိုယက္စ္ကိုင္တြယ္တုန္းကတစ္ပြဲမွ်ကစားခြင့္မရခဲ့သူပါ။