လင်ဒီလော့ဖ်ရဲ့ဒူးပျံတိုက်ပွဲသိမ်းတိုက်ကွက်ကြောင့် ဂိုးမရရှိခဲ့တဲ့တွန်ဇွမ်ဘီ

မနေ့ညတုန်းကမန်ယူနှင့်ဆိုစီဒက်တို့ဂိုးမရှိသရေကျတဲ့ယူရိုပါလိဂ်၃၂သင်းအဆင့်ရှုံးထွက်ဒုတိယအကျော့ပွဲစဉ်တွင် ဗစ်တာလင်ဒီလော့ဖ်ရဲ့UFC စတိုင်ဒူးပျံတိုက်ချက်ကြောင့်အဇေးလ်တွန်ဇွမ်ဘီရဲ့မန်ယူအတွက်အနိုင်ဂိုးပယ်ဖျက် ခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်မန်ယူဂန္ထဝင်ကွင်းလယ်ကစားသမားပေါလ်စခိုးကတော့ယင်းမှာပြစ်ဒဏ်ဘောမဟုတ် ကြောင်းဆိုသွားပါတယ်။

မန်ယူဟာမနေ့ညတုန်းကဆိုစီဒက်နှင့်အိုးထရက်ဖို့ဒ်ပွဲစဉ်တွင်ဂိုးမရှိသရေကျပေမယ့်ပထမအကျော့တုန်းက၄-၀ဂိုးဖြင့်အနိုင်ရရှိထားမှုကြောင့်ယူရိုပါလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။

တကယ်တော့မန်ယူဟာမနေ့ညတုန်းကတွန်ဇွမ်ဘီရဲ့ပါဝါမြင့်ခေါင်းတိုက်ဂိုးသာရရှိခဲ့မယ်ဆိုရင်အနိုင်ရရှိခဲ့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်VARစစ်ဆေးမှုအရမန်ယူနောက်ခံလူဗစ်တာလင်ဒီလော့ဖ်ကဆိုစီဒက်မှဂျွန်ဘူတစ်တာကိုခုန်ပျံပြီးဒူးဖြင့် တိုက်ခဲ့ပြီးမှတွန်ဇွမ်ဘီကခေါင်းတိုက်သွင်းယူခဲ့ကြောင်းတွေ့ရှိရပါတယ်။

ဘောလုံးပရိသတ်များကဗစ်တာလင်ဒီလော့ဖ်ရဲ့ဒူးပျံတိုက်ချက်ကို UFC 239 တုန်းကဘင်အတ်စ်ရန်ကိုဂျော့မာစဗီဒယ်က၅စက္ကန့်ဖြင့်ဒူးပျံတိုက်ပြီးပွဲသိမ်းလိုက်မှုနဲ့နှိုင်းယှဉ်ပြောကြားနေကြပါတယ်။

လင်ဒီလော့ဖ်ဟာယင်းဖြစ်ရပ်အတွက်အဝါကတ်ပြသခြင်းခံခဲ့ရပြီးတွန်ဇွမ်ဘီရဲ့ခေါင်းတိုက်ဂိုးကိုလည်းဂိုးအဖြစ်သတ်မှတ်ပေးခြင်းမခံခဲ့ရပါဘူး။

ဒါပေမယ့်မန်ယူကွင်းလယ်ကစားသမားဟောင်းပေါလ်စခိုးကမျက်နှာကိုဒူးဖြင့်တိုက်ဖို့ဆိုတာရည်ရွယ်လုပ်ဆောင် နိုင်တဲ့အရာမျိုးမဟုတ်တာကြောင့်ပြစ်ဒဏ်ဘောမဟုတ်တဲ့အပြင်ဂိုးအဖြစ်သတ်မှတ်ပေးသင့်ကြောင်းဆိုသွားပါတယ်။

မန်ယူဟာဆိုစီဒက်နှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်မှာလူငယ်ကစားသမားများဖြစ်တဲ့ရှိုးတိုင်း၊ဒီရယ်လိုတို့ကိုလည်းအသုံးပြုသွားခဲ့ပါတယ်။

ZawGyi

လင္ဒီေလာ့ဖ္ရဲ႕ဒူးပ်ံတိုက္ပြဲသိမ္းတိုက္ကြက္ေၾကာင့္ ဂိုးမရရွိခဲ့တဲ့တြန္ဇြမ္ဘီ

မေန႔ညတုန္းကမန္ယူႏွင့္ဆိုစီဒက္တို႔ဂိုးမရွိသေရက်တဲ့ယူ႐ိုပါလိဂ္၃၂သင္းအဆင့္ရႈံးထြက္ဒုတိယအေက်ာ့ပြဲစဥ္တြင္ ဗစ္တာလင္ဒီေလာ့ဖ္ရဲ႕UFC စတိုင္ဒူးပ်ံတိုက္ခ်က္ေၾကာင့္အေဇးလ္တြန္ဇြမ္ဘီရဲ႕မန္ယူအတြက္အႏိုင္ဂိုးပယ္ဖ်က္ ျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္မန္ယူဂႏၴဝင္ကြင္းလယ္ကစားသမားေပါလ္စခိုးကေတာ့ယင္းမွာျပစ္ဒဏ္ေဘာမဟုတ္ ေၾကာင္းဆိုသြားပါတယ္။

မန္ယူဟာမေန႔ညတုန္းကဆိုစီဒက္ႏွင့္အိုးထရက္ဖို႔ဒ္ပြဲစဥ္တြင္ဂိုးမရွိသေရက်ေပမယ့္ပထမအေက်ာ့တုန္းက၄-၀ဂိုးျဖင့္အႏိုင္ရရွိထားမႈေၾကာင့္ယူ႐ိုပါလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

တကယ္ေတာ့မန္ယူဟာမေန႔ညတုန္းကတြန္ဇြမ္ဘီရဲ႕ပါဝါျမင့္ေခါင္းတိုက္ဂိုးသာရရွိခဲ့မယ္ဆိုရင္အႏိုင္ရရွိခဲ့မွာ ျဖစ္ပါတယ္။

ဒါေပမယ့္VARစစ္ေဆးမႈအရမန္ယူေနာက္ခံလူဗစ္တာလင္ဒီေလာ့ဖ္ကဆိုစီဒက္မွဂြၽန္ဘူတစ္တာကိုခုန္ပ်ံၿပီးဒူးျဖင့္ တိုက္ခဲ့ၿပီးမွတြန္ဇြမ္ဘီကေခါင္းတိုက္သြင္းယူခဲ့ေၾကာင္းေတြ႕ရွိရပါတယ္။

ေဘာလုံးပရိသတ္မ်ားကဗစ္တာလင္ဒီေလာ့ဖ္ရဲ႕ဒူးပ်ံတိုက္ခ်က္ကို UFC 239 တုန္းကဘင္အတ္စ္ရန္ကိုေဂ်ာ့မာစဗီဒယ္က၅စကၠန႔္ျဖင့္ဒူးပ်ံတိုက္ၿပီးပြဲသိမ္းလိုက္မႈနဲ႔ႏႈိင္းယွဥ္ေျပာၾကားေနၾကပါတယ္။

လင္ဒီေလာ့ဖ္ဟာယင္းျဖစ္ရပ္အတြက္အဝါကတ္ျပသျခင္းခံခဲ့ရၿပီးတြန္ဇြမ္ဘီရဲ႕ေခါင္းတိုက္ဂိုးကိုလည္းဂိုးအျဖစ္သတ္မွတ္ေပးျခင္းမခံခဲ့ရပါဘူး။

ဒါေပမယ့္မန္ယူကြင္းလယ္ကစားသမားေဟာင္းေပါလ္စခိုးကမ်က္ႏွာကိုဒူးျဖင့္တိုက္ဖို႔ဆိုတာရည္႐ြယ္လုပ္ေဆာင္ ႏိုင္တဲ့အရာမ်ိဳးမဟုတ္တာေၾကာင့္ျပစ္ဒဏ္ေဘာမဟုတ္တဲ့အျပင္ဂိုးအျဖစ္သတ္မွတ္ေပးသင့္ေၾကာင္းဆိုသြားပါတယ္။

မန္ယူဟာဆိုစီဒက္ႏွင့္ဂိုးမရွိသေရက်တဲ့ပြဲစဥ္မွာလူငယ္ကစားသမားမ်ားျဖစ္တဲ့ရႈိးတိုင္း၊ဒီရယ္လိုတို႔ကိုလည္းအသုံးျပဳသြားခဲ့ပါတယ္။